ကော့သောင်းလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး ကော့သောင်းအများပိုင် တင်ဒါအောင်

0
458

ကော့သောင်းမြို့နယ်တွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်ကို ကော့သောင်းအများပိုင်ကုမ္ပဏီ ((KDDPC) က အောင်မြင်ခဲ့ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။
ကော့သောင်းမြို့နယ် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါ ကို ဝင်ပြိုင်သည့် ကုမ္ပဏီ ၆ ခုကို အချိန် ၃ လကျော် စိစစ်ခဲ့ပြီး တိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပါချန် ကော့သောင်း ဒေသလုံးဆိုင်ရာ လျှပ်စစ် ထုတ်လုပ် ဖြန့်ချိရေးနှင့် အထွေထွေဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိ တက်((KDDPC) အား ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးကြည်လှိုင်က ပြောသည်။

“တင်ဒါအောင်တဲ့ ကုမ္ပဏီနဲ့ အစိုး ရအဖွဲ့ စာချုပ် မချုပ်ရသေးဘူး။ မီတာခ တစ်ယူနစ် ဘယ်လောက်ပေးမလဲ ဆို တာတွေကို စာချုပ်ချုပ်ပြီးတဲ့အခါ ပြန် ပြောမယ်”ဟု ဝန်ကြီးဦးကြည်လှိုင်က ဆိုသည်။
ကုမ္ပဏီအနေဖြင့် တိုင်းအစိုးရအ ဖွဲ့၏ တရားဝင်စာရရှိပါက အတည်ဖြစ် မည်ဟု ၎င်းက ဆိုသည်။
“လျှပ်စစ်ဝန်ကြီးကတော့ တင်ဒါ ကိစ္စ ကုမ္ပဏီကို စာပို့ထားတယ်လို့ ဖုန်းဆက်ပြောတယ်၊ ဒီနေ့အထိတော့ ရုံးကို စာမဝင်လာသေးဘူး”ဟု (KDDPC)အကြံပေးရှေ့နေ ဦးအောင်ဇာနည်စိုးက ဆိုသည်။

ကော့သောင်းမြို့နယ် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ က ခေါ်ယူခဲ့သည်။
“ဘယ်သူရရ အဓိကက မြို့ကို မီး မှန်မှန်ပေးဖို့ရယ်၊ ပြည်သူ့အပေါ် ဝန် ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ရယ် နဲ့ မီတာခဈေးနူန်း ဒီထက်ပို လျှော့ပေး နိုင်ဖို့ပဲ မျှော်လင့်တယ်”ဟု ပိတောက် ရွှေဝါရပ်ကွက်နေ ဒေါ်မာလာဝင်းက ဆိုသည်။
လက်ရှိတွင် မြန်မာ့စိမ်းလဲ့စွမ်းအင် ကုမ္ပဏီက လျှပ်စစ်ဓာတ်အား အဓိက ထုတ်လုပ်ဖြန့်ဖြူးနေပြီး တစ်ယူနစ် ကျပ် ၂၉၀ ဖြစ်သည်။