အသေးစားလုပ်ငန်းရှင်များကို ကျပ်သန်းသုံးရာအထိ ငွေချေးမည်

0
592

တနင်္သာရီတိုင်းအတွင်းရှိ အသေး စား အလတ်စား လုပ်ငန်းရှင်များ (SME) ကို ဇန်နဝါရီလမှ စတင်ကာ ငွေကျပ်သန်း ၃၀၀ အထိ ချေးသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသ ကြီးရုံး)ထံမှ သိရသည်။

ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန် ထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်း၊ ပြည်ပ ပို့ကုန်လုပ်ငန်း၊ Recycling နှင့် Energy Saving လုပ်ငန်းနှင့် နည်းပညာ အခြေခံ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း များကို ချေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီး မန်နေဂျာ ဦးထွန်းထွန်းဝင်းက ဆိုသည်။
ငွေချေးယူမည်ဆိုပါက မြေနှင့်အဆောက်အအုံ ကဲ့သို့သော မရွေ့ပြောင်း နိုင်သည့် ပစ္စည်း သို့မဟုတ် စက်၊ ယာဉ်၊ ယန္တရား ကဲ့သို့သော ရွေ့ပြောင်းနိုင် သည့် ပစ္စည်းများကို အာမခံအဖြစ်ထား ရှိရမည်ဖြစ်ပြီး အာမခံထားရှိသည့် တန်ဖိုး အပေါ်မူတည်ကာ ငွေထုတ်ချေးသွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အနည်းဆုံးချေးယူနိုင်သည့် ငွေ ပမာဏကို သတ်မှတ်ထားခြင်းမရှိဘဲ အများဆုံး ချေးယူနိုင်သည့် ပမာဏကို သာ သတ်မှတ်ထားသည်။
အတိုးနှုန်းမှာ တစ်နှစ်အတွက် ၉ ရာခိုင်နှုန်း သတ်မှတ်ထားသည်။
ချေးငွေသက်တမ်းကို ၃ နှစ်၊ ၄ နှစ်၊ ၅ နှစ် ဟူ၍ သုံးမျိုးသတ်မှတ်ထားပြီး ၃ နှစ်သက်တမ်း ချေးယူပါက ပထမ ၁ နှစ်ကို ဆိုင်းငံ့ပြီး ၂ နှစ်အတွင်း ၄ ရစ် ပေးဆပ်ရမည် ဖြစ်သည်။

ချေးငွေသက်တမ်း ၄ နှစ် ချေးယူ ပါက တစ်နှစ်ခွဲကို ဆိုင်းငံ့ကာလ သတ် မှတ်ထားသည်။
ကျန်သည့် ၂ နှစ်ခွဲ အတွင်း ငါး ရစ်ဆပ်သည့် စနစ်ဖြင့် လည်းကောင်း၊ ၅ နှစ် သက်တမ်း ချေးယူပါက ၂ နှစ် ဆိုင်းငံ့သတ်မှတ်ပြီး ကျန် ၃ နှစ်အတွင်း ခြောက်ရစ်ဆပ်ရမည် ဖြစ်သည်။

ကျသင့်သည့် အတိုးနှုန်းကိုမူ ၃ လ တစ်ကြိမ် ပေးသွင်းရမည် ဖြစ် သည်။
သတ်မှတ် အချက်အလက် ပြည့်စုံ ပါက သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် လျှောက်ထားနိုင်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထောက်ခံချက် ရရှိထား သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ ကို ဦးစားပေး ထုတ်ချေးမည်ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက ဆိုသည်။
“ချေးငွေနဲ့ ပတ်သက်ပြီး သိချင်တာ ရှိရင်လည်း တိုင်း ခရိုင် မြို့နယ် ဘဏ်ခွဲ တွေမှာ သွားရောက် ဆွေးနွေးနိုင်တယ်”ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။
ချေးငွေလျှောက်ရန်အတွက် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနတွင် Sနြ အဖွဲ့ဝင် ကတ်ပြား ရှိရန်လိုအပ်ပြီး ဌာန၏ ထောက်ခံချက်လည်း လိုအပ် ကြောင်း အထက်ပါဌာနမှ ဒုတိယ ညွှန် ကြားရေးမှူး ဦးဇော်မျိုးအောင်က ဆိုသည်။

ထောက်ခံချက်ကို သက်ဆိုင်ရာ လိုင်စင်ရှိ/မရှိ၊ လုပ်ငန်းလုပ်/မလုပ် အစ ရှိသည့် အချက်များကို ကွင်းဆင်း စစ်ဆေး ထုတ်ပေးနေကြောင်း ၎င်းက ပြောသည်။
“အဓိကကတော့ SME ကုန်ထုတ် လုပ်ငန်းတွေကို တိုးချဲ့ပြီး အရည်အသွေး မြင့်ထုတ်နိုင်ဖို့ ချေးပေးတာပါ”ဟု ဦးဇော်မျိုးအောင်က ဆိုသည်။
ချေးယူထားသည့် ငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းကို စက်ပစ္စည်းကဲ့သို့သော ပုံသေရင်းနှီးငွေအဖြစ် အသုံးပြုရမည် ဖြစ်ပြီး ကျန်သည့် ၅၀ ရာခိုင်နှုန်းကို လှည့်လည်သုံးစွဲနိုင်သည့် ရင်းနှီးငွေ အဖြစ် အသုံးပြုနိုင်ကြောင်း မြန်မာ့ စီးပွားရေးဘဏ် (တိုင်းဒေသကြီးရုံး) ထံမှ သိရသည်။
ယင်းအပြင် အများဆုံး ကျပ်သိန်း ၂၀၀ အထိ ချေးယူနိုင်သည့် အာမခံ ပစ္စည်းပေးရန်မလိုသော ချေးငွေအာမခံ စနစ် (CGI)ဖြင့်လည်း ချေးယူနိုင် ကြောင်း အထက်ပါဌာနထံမှ သိရသည်။

မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ နှင့်အောက် (မြေတန်ဖိုးမပါ) ရင်းနှီး မြှုပ်နှံမှုကို အသေးစား လုပ်ငန်းအဖြစ် လည်းကောင်း၊ ကျပ် သန်း ၅၀၁ မှ သန်း ၁၀၀၀ အထိ ရင်းနှီးမြှုပ်နှံမှုကို အလတ်စား လုပ်ငန်းအဖြစ် လည်း ကောင်း သတ်မှတ်ထားကြောင်း တိုင်း ဒေသကြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။