တနင်္သာရီတိုင်း အစိုးရ

0
794

ဧရာဝတီ၊ မကွေး၊ ပဲခူး တိုင်း ဒေသကြီး ၃ ခုမှ ဝန်ကြီးချုပ် အပါ အဝင် ဝန်ကြီးအချို့ အစိုးရအဖွဲ့မှ နုတ် ထွက်ခြင်း၊ ပါတီမှ အရေးယူခံရခြင်းများ ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေချိန် တွင် တနင်္သာရီတိုင်းသူတိုင်းသားများ ကြားတွင်လည်း မေးခွန်းတစ်ခု ပေါ်လာ သည်။
တနင်္သာရီတိုင်း အစိုးရအဖွဲ့ နေမြဲ လော။

ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း တနင်္သာရီ တိုင်းသားများကြား ပြောဆို ဝေဖန်မှုရှိ နေခြင်းအပေါ် မည်သို့မျှ မှတ်ချက်မပြုလို ကြောင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောသည်။
“ဘယ်လိုမှ မပြောချင်ဘူး၊ ကျွန်မ တို့ကတော့ ကျွန်မတို့ လုပ်နေကျ အလုပ် ကို ဆက်လုပ်မှာပဲ၊ မဟုတ်လား။ ကိုယ် လုပ်နေကျအလုပ်ကို ဆက်လုပ်ရမယ်”ဟု ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
အကယ်၍ ဝန်ကြီးချုပ် တာဝန်နှင့် မသင့်တော်တော့သဖြင့် နုတ်ထွက် သွားရန် တောင်းဆိုမှုများ ရှိလာပါက နုတ်ထွက်ရန် အသင့်ဟု ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။

“ဒီနေရာ နင်နဲ့ မသင့်တော်ဘူး နင်ထွက်ဆိုရင် ထွက်မှာပဲ၊ အချိန်မရွေးပဲ” ဟု ၎င်းက ဆိုသည်။
တိုင်းအစိုးရအဖွဲ့၏ လုပ်ဆောင် ချက်အချို့အပေါ် တိုင်းတွင်း ပြည်သူ တို့၏ အားမလိုအားမရ ပြောဆိုဝေဖန် နေမှုတို့အား တတ်စွမ်းသမျှ ပြုပြင် သွားမည်ဖြစ်ပြီး တိုင်းအစိုးရ အဖွဲ့အား လက်ရှိအချိန်ထိ မည်သူမျှ အပြစ်မပြော သေးကြောင်း ဒေါက်တာ လဲ့လဲ့မော်က ပြောသည်။

“လူဆိုတာ ဘယ်သူမှ အရည် အချင်း ပြည့်နေတာ မဟုတ်ဘူး။ ခုလည်း ကက်ဘိနက် (အစိုးရအဖွဲ့) မှာ ပြုပြင်တာပဲ။ ကျွန်မတို့ ပြုပြင် တယ်။ ပြုပြင်တယ်။ ဒါပေမယ့် တနင်္သာရီ တိုင်းအစိုးရကို ဘယ်သူမှ ခုချိန်ထိတော့ အပြစ်ဘယ်သူမှ မပြောသေးဘူး”ဟု ဒေါက်တာလဲ့လဲ့မော်က ပြောသည်။
တိုင်းအစိုးရအဖွဲ့အပေါ် တိုင်းသူ တိုင်းသားများ အပြစ်ပြောဆိုခြင်းရှိ၊ မရှိကို မည်သည့် သတင်းအချက် အလက် အား အခြေခံပြောဆိုသည်ကို သိလို ကြောင်း တနင်္သာရီတိုင်း၏ နိုင်ငံရေး၊ စီးပွားရေး အစရှိသည်တို့ကို အကျယ် တ၀င့် ဝေဖန်ဆွေးနွေး မှတ်ချက်ပြုနေ သော “ထားဝယ် ဒေသဟစ်တိုင်” Facebook Group တည် ထောင်သူ ဦးဝေဖြိုးက ပြောသည်။

“သူ(ဝန်ကြီးချုပ်)က ပြည်သူ့အသံ ဘယ်လို နားထောင်နေလဲပေါ့။ အဲ လောက်ပါပဲ၊ မေးခွန်းက တစ်ခုပဲရှိ တယ်”ဟု ဦးဝေဖြိုးက ပြောသည်။
“ထားဝယ်ဒေသဟစ်တိုင်” လူမှု ကွန်ရက်တွင် တိုင်းသူတိုင်းသားများ၏ တိုင်းအစိုးရအဖွဲ့ လုပ်ဆောင်မှုများ အကြောင်း ရေးသား ဆွေးနွေးမှတ်ချက်ပြုမှုများတွင် အားမလို အားမရဖြစ်သူ၊ နုတ်ထွက်သင့် ကြောင်းအထိ ပြောဆိုသူ၊ ယင်းနှစ်ခု စလုံးထက်ပင် ပိုမို ကြမ်းတမ်းစွာ ပြောဆိုနေသူမှာ ၇၀ ရာခိုင်နှုန်းဝန်းကျင် ရှိကြောင်း ၎င်းက ပြောသည်။

Facebook စာမျက်နှာများ ပေါ် တွင်သာမက ပတ်ဝန်းကျင်တွင် အဓိက လူပြောအများဆုံးမှာ ဝန်ကြီးချုပ် စကားကျွံမှုများ၊ လျှပ်စစ်ကိစ္စ၊ ခရိုနီဟု သမုတ်ခံထားသူများနှင့် ပူးတွဲ လွန်း သည့်ကိစ္စ၊ ကုမ္ပဏီများအား လုပ်ပိုင်ခွင့် ချထားပေးမှု မရှင်းလင်းသည့်ကိစ္စ၊ တင်ဒါချပေးရာတွင် မရှင်းလင်းသည့် ကိစ္စများ၊ ဝန်ကြီးတစ်ပါးချင်းစီက မိမိ လုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပြတ်သား စွာ ကိုင်တွယ်လုပ်ဆောင်နိုင်ခြင်း မရှိသည့် ကိစ္စများ ဖြစ်ကြောင်း ဦးဝေဖြိုးက ဆိုသည်။
“တိုင်းထဲမှာက အားမလိုအားမရ ဖြစ်နေကြတယ် လူတွေက၊ ပြည်ထောင် စု အနေနဲ့ Information (သတင်း အချက်အလက်)အမှန် ရအောင် လုပ်ပါ လို့ ပြောချင်တယ်”ဟု ဦးဝေဖြိုး က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်မှာ ၎င်း၏ ကျန်းမာရေး အခြေအနေ အရ သမ္မတထံ တင်ပြကာ နုတ်ထွက် ခွင့်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မန်းဂျော်နီက ပြောဆိုထားသည်။
ဝန်ကြီးချုပ် ဒေါက်လဲ့လဲ့မော်သည် ကော့သောင်းမြို့သို့လည်း မကြာ ခဏ လာသော်လည်း သိသာသော အပြောင်း အလဲ မတွေ့ရသဖြင့် အစိုးရအဖွဲ့အား အားမရကြောင်း၊ သာမန် အရပ်သားများ သာမက အာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များပါ ဝေဖန် ပြောဆိုမှု ပိုများလာကြောင်း ကော့ သောင်းမြို့မှ အသက် ၆၀ နှစ် ခန့်ရှိ ဦးအောင်မြတ်က ပြောသည်။

“အရင်လိုပဲ ကွင်းဆင်းတယ် ပြန် သွားတယ်၊ တစ်ကယ်က ထိထိ ရောက် ရောက်လုပ်တာ ထင်သာမြင်တာ တွေ့ ချင်တယ်၊ နောက်ပိုင်း ဘယ်သူ့ အား ကိုးရမှန်းမသိဘူးလို့ ရင်ဖွင့်ကြ တယ်။ သူက လက်ရှိ ဝန်ကြီးချုပ်လေ၊ ဘယ် သူက ပေါ်တင်ပြောရဲပါ့မလဲလို့ သာမန် ပြည်သူတွေရဲ့ပြောတာတွေလည်း ကြားရတယ်၊ ထင်သလောက် ခရီး မပေါက်ဘူးလို့ လက်ဖက်ရည်ဝိုင်းတွေမှာ ဆုံဖြစ်တဲ့အခါ ဝေဖန်ပြောကြတယ်”ဟု ဦးအောင်မြတ်က ပြောသည်။
မြိတ်ခရိုင်တွင်လည်း အလားတူ ပင်ဖြစ်သည်။

အောက်ခြေလူတန်းစားတို့၏ အသံကို နားမထောင်ဘဲ၊ ခရိုနီဟု သမုတ်ခံထားရသူများနှင့် တွဲလွန်းခြင်း၊ လုပ်ဆောင်မှုများက အားရဖွယ် မရှိ ခြင်းများက လူထုကြား ဝေဖန်မှု မြင့် တက်စေကြောင်း မြိတ်မြို့မှ အသေးစား လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဌေးလွင်က ပြောသည်။”ပြောနေမယ်ဆိုရင် ထောင်ကျ မှာလည်း ကြောက်တာပေါ့၊ ဒါတော့ ပြောင်းရင်လည်း ပြောင်းလိုက်တာ အကောင်းဆုံးပေါ့။ မြိတ်စကားနဲ့ ရှင်း ရှင်းပြောရရင် ဆရာဝန်က ဆရာဝန် နေရာပဲနေတာ အကောင်းဆုံးပဲပေါ့”ဟု အသေးစားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဌေးလွင်က ပြောသည်။

တိုင်းတွင်းပြည်သူတို့၏ ပြောဆို ဝေဖန်သံများကို ကြားနေရပြီး ပြည်သူ လူထုနှင့် လွှတ်တော်မှ စွပ်စွဲပြစ်တင်မှု မပြုလုပ်မီ အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ အရည်အသွေးကို မိမိတို့ ကိုယ်တိုင် မြှင့်တင်သင့်ကြောင်း တန င်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
လက်ရှိတွင် တိုင်းလွှတ်တော် အပိုင်းမှ စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ဦး မည်မဟုတ်ဘဲ တိုင်းတွင်း ပြည်သူ လူထုအသံကို အစဉ် နားစွင့်နေကြောင်း ဦးခင်မောင်အေးက ပြောသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်အား အရည်အချင်း ပျက်ယွင်းခြင်း၊ ပေး အပ်ထားသော တာဝန်များကို ကျေပွန် စွာ မထမ်းဆောင်နိုင်ခြင်း စသည်တို့ အတွက် တိုင်းလွှတ်တော်မှ စွပ်စွဲပြစ် တင်ခြင်းများ ပြုလုပ်နိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ တွင် ပြဋ္ဌာန်းပါရှိသည်။
စွပ်စွဲပြစ်တင်ခံရပြီး တာဝန် ဆက် လက်ထမ်းဆောင်ရန် မသင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ် ပါက သမ္မတထံ အစီရင် ခံရမည်ဖြစ်ပြီး စွပ်စွဲ ပြစ်တင်ခြင်း ခံရသည့် ဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးအား သမ္မတက ရာထူးမှ ရပ်စဲရမည်ဖြစ်ကြောင်း အထက်ပါ ပုဒ်မတွင် ပြဋ္ဌာန်းထားသည်။

“တိုင်းအစိုးရအဖွဲ့ ပြောစရာ များလာနေတာ၊ ပြည်သူ့အသံတွေ များလာတာ လွှတ်တော်က ပြောပြီးပြီ။ တကယ်လို့ ပြည်သူက အကျယ်တ၀င့် တောင်းဆိုလာရင်တော့ လွှတ်တော်က စွပ်စွဲ ပြစ်တင်မှုတွေ ပြည်သူ့ကိုယ်စား လုပ်သွားမယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။
ရန်ကုန်အခြေစိုက် ထုတ်ဝေသော Speaker ဂျာနယ်တွင်မူ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့အား အရေးယူသည့် သတင်း၊ နှုတ်ထွက်မည့်သတင်းများရေး သားဖော်ပြရာတွင် တနင်္သာရီ တိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၏ ပုံကို ယှဉ်တွဲ ဖော်ပြခဲ့သည်။

ယင်းသတင်းဖော်ပြမှုများနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က တနင်္သာရီအပတ်စဉ်သို့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် အောက် ပါအတိုင်း မှတ်ချက်ပြုသည်။
“ကျွန်မ မသိဘူး၊ ကျွန်မ တခါမှ ဂျာနယ်လည်း မဖတ်အားဘူး၊ နုတ် ထွက်တယ်ဆိုတာ ကျွန်မကိုယ်တိုင်တော့ ခုချိန်ထိ မနုတ်ထွက်ဘူး”