တစ်နှစ်အတွင်း မူးယစ်တရားခံ တစ်ထောင်ကျော်ကို ဖမ်းဆီး

0
420

တနင်္သာရီတိုင်းအတွင်း ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါးအမှုဖြင့် တရားခံ တစ်ထောင်ကျော်ကို ဖမ်းဆီး ခဲ့ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
တစ်နှစ်တာကာလအတွင်း WY စိတ်ကြွဆေးပြား၊ အိုက်စ်(ICE)၊ ဘိန်းစာရွက် အစရှိသည့် မူးယစ်ဆေး များဖမ်းမိသည့်အတွက် ထားဝယ်ခရိုင် တွင် ၂၄၃ ဦး၊ မြိတ်ခရိုင်တွင် ၆၈၀ ဦးနှင့် ကော့သောင်းခရိုင်တွင် ၂၄၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲမှတ် တမ်းတွင် ဖော်ပြသည်။

၂၀၁၆ ခုနှစ်က မူးယစ်ဆေး တရားခံ ၉၈၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။
“အရင်နှစ်တွေထက်တော့ ဖမ်းမိမှု သိသိသာသာ များလာတယ်”ဟု တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြော သည်။
WY စိတ်ကြွဆေး ဖမ်းမိသည့် မူးယစ်တရားခံ အများစုဖြစ်ပြီး ယင်း ပမာဏတွင် အမျိုးသမီးများလည်း ပါဝင် သည်။

WY စိတ်ကြွဆေးပြား၊ အိုက်စ် (ICE)၊ ဘိန်းစာရွက်ဖမ်းမိသည့် အမှု ပေါင်း ၆၁၃ မှုရှိကြောင်း တိုင်း ရဲတပ် ဖွဲ့၏မှတ်တမ်းအရ သိရသည်။