ကော့သောင်း နယ်စပ်ဖြတ်သန်းခမှ မြို့ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ကျော်ရ

0
676

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ကော့သောင်း-ရနောင်း နယ်စပ် ဖြတ်သန်းခရငွေမှ ကော့သောင်းမြို့ ဖွံ့ဖြိုးတိုးတက် သာယာလှပရေး ရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ကျော် ရရှိခဲ့ ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အင်ဂျင်နီယာမှူး ဦးနေမျိုးက ပြောသည်။

နယ်စပ်ဖြတ်သန်းခ ရငွေ၏ ၁၀ ရာခိုင်နှုန်းကို မြို့ဖွံ့ဖြိုးတိုးတက်သာယာ လှပရေးအတွက် ရရှိခြင်းဖြစ်ပြီး ၂၀၁၇ မေလ မှ ၂၀၁၈ ဇန်နဝါရီလအထိ ကျပ်သိန်းပေါင်း ၁၃၀ဝ ကျော် ရရှိခဲ့ ကြောင်း ဦးနေမျိုးက ပြောသည်။

“နယ်စပ်ဖြတ်သန်းခတွေက တစ် နှစ်နဲ့တစ်နှစ်ပုံမှန်တော့မရှိဘူး။ ရတဲ့ရန် ပုံငွေတွေကိုမြို့ဖွံ့ဖြိုး ရေးနဲ့ပတ်သက်တဲ့ စည်ပင်သာယာ လုပ်ငန်းတွေမှာ ပြန် အသုံးပြုရပါတယ်။ လုပ်ငန်း တစ်ခုခု လုပ်ရင်လည်း မြို့နယ်ထွေအုပ်ကို တင် ပြပြီး သက်ဆိုင် ရာအဖွဲ့အစည်းတွေရဲ့ ဆုံးဖြတ်ချက်နဲ့ သုံးစွဲရပါတယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါငွေများကို ဘုရင့်နောင် ကုန်းမြေနှင့် ဆက်စပ်လုပ်ငန်းများ၊ ယင်းဝါဆည်မှ နွေရာသီ ရေပေးဝေရေး လုပ်ငန်း၊ မြို့မ(တံတား)စစ်ဆေးရေးဂိတ် X-Ray အဆောက်အအုံ တည်ဆောက် ခြင်း လုပ်ငန်းများတွင် အသုံးပြုခဲ့ကြောင်း ဦးနေမျိုးက ပြောသည်။

၎င်းအပြင် မြို့မ(တံတား)စစ်ဆေး ရေးဂိတ် VIP အဆောင်ရှေ့ မြေထိန်းနံရံ ပြုလုပ်ရန်လျာထားကြောင်း ၄င်းက ဆိုသည်။

ကော့သောင်း-ရနောင်း နယ်စပ်မှ တစ်ဆင့် ခရီးသွားဧည့်သည်များ၊ ဒေသ ခံများနှင့် နိုင်ငံခြားသား ခရီးသည်များ နေ့စဉ် ဝင်ထွက်လျက်ရှိသည်။