ကရင်လူထုဆွေးနွေးပွဲကို တနင်္သာရီတိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပမည်

0
481

ကရင်လူထုဆွေးနွေးပွဲကို တနင်္သာ ရီတိုင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ဥက္ကဋ္ဌ ပဒိုစောဆာ ပီးတုက ပြောကြားသည်။
ယင်းဆွေးနွေးပွဲကို သရက်ချောင်း မြို့နယ် ကတွဲရွာတွင် ကျင်းပရန် လျာ ထားပြီး ကရင်တိုင်းရင်းသား ၁၀၀ ဦး ခန့် တက်ရောက်ဆွေးနွေးရန် ခန့်မှန်းထား ကြောင်း ပဒိုစောဆာပီးတုက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သယံဇာတ ဟူသည့် ခေါင်းစဉ် ၄ ခုကို ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဓိကအားဖြင့် ပင်လုံမှာပါဝင် မယ့် အကြောင်းအရာလေးတွေပေါ့နော်” ဟု ပဒိုစောဆာပီးတုက ဆိုသည်။
ဆွေးနွေးပွဲမှထွက်လာသည့် အချက် များကို ကရင်အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီ ((KNDCC))ထံ တင်ပြသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း ပွဲဖြစ်မြောက် ရေးကော်မတီ အတွင်းရေးမှူး စောအဲယ် က ဆိုသည်။

ကရင် အမျိုးသား နိုင်ငံရေးဆွေးနွေး ပွဲ ကျင်းပရေးကော်မတီကို KNU အပါ အဝင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကရင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ကရင်လူမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ ကော်မတီကတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ကရင် လူထု လိုလားချက် များကို တင်ပြသွား မည်ဖြစ်ကြောင်း စောအဲယ်က ဆိုသည်။
ကရင်လူထု ဆွေးနွေးပွဲများကို ကရင်လူမျိုးများနေထိုင်ရာ မြန်မာနိုင်ငံ အတွင်းရှိ ဒေသကိုးခုတွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။