မီးသွေးထုတ်ခွင့် ယမန်နှစ်နည်းတူ တန်တစ်သောင်း

0
643

လာမည့်ဘဏ္ဍာရေးနှစ်အတွက် တိုင်းအတွင်း မီးသွေးထုတ်လုပ်ခွင့် ပမာဏကို ယမန်နှစ်နည်းတူ တန်တစ် သောင်း ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း တိုင်းသစ်တော ဦးစီးဌာနမှ တိုင်းဦးစီး မှူး ဦးကျော်ဇေယျက ပြောကြားသည်။
လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်တွင် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကို အခြေခံကာတိုင်းအတွင်း မီးသွေး ကုဗတန်တစ်သောင်းကို ထုတ်လုပ် ခွင့်ပြုထားပြီး လာမည့်နှစ်တွင်လည်း ထုတ်လုပ်ခွင့်ပမာဏကို တိုးမြှင့်မည် မဟုတ်ကြောင်း သစ်တောဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျ က ဆိုသည်။

“အခုက အမှန်တကယ် လိုအပ် ချက်အတိုင်းပဲ ထုတ်ခွင့်ပြုနေတယ်”ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဇေယျ က ဆိုသည်။
မီးသွေး ၁ ကုဗတန်လျှင် တစ်တင်း ခွဲဝင်အိတ် ၆ အိတ်ခန့် ဝင်ဆံ့ကြောင်း သစ်တောဌာနထံမှ သိရ သည်။
လက်ရှိ ထားဝယ်ခရိုင်တွင် ၂၃၀၀ တန်၊ မြိတ်ခရိုင်တွင် ၅၃၀၀ တန်နှင့် ကော့သောင်းခရိုင်တွင် ၂၄၀၀ တန်ကို ခရိုင်အလိုက် လျာထားထုတ်လုပ်နေ ကြောင်း တိုင်းသစ်တောဌာနထံမှ သိရ သည်။

ယခင်က တိုင်းဒေသကြီးအတွင်း နှင့် ပြည်တွင်းသုံးစွဲမှုအတွက် အပါအဝင် မီးသွေးတန်ချိန် နှစ်သောင်းကျော် ထုတ် လုပ်နေရာမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်ကုန်ခါနီးမှစကာ တန်ချိန်တစ်သောင်း သာထုတ်လုပ်ခွင့်ပြုနေကြောင်း ၎င်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရက မီးသွေးထုတ် လုပ်ခွင့်ပိတ်သိမ်းလိုက်ပြီးနောက် တန် ချိန်တစ်သောင်းကို ထုတ်ခွင့်ပြုခြင်းဖြစ် သည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းအရ တနင်္သာရီတိုင်းတွင် အိမ်ထောင် စု ၃ သိန်းနီးပါး(၂၈၃၀၉၉စု) ရှိပြီး မီးသွေး^လောင်စာတောင့် အသုံးပြုသည့် အိမ်ထောင်စု ၄၃.၅ ရာခိုင်နှုန်း ရှိသည်။