လာမည့် လွှတ်တော်အစည်းအဝေးတွင် ရေချိုငါးလုပ်ငန်းဥပဒေ တင်သွင်းမည်

0
743

ဒုတိယအကြိမ် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၏ သတ္တမ ပုံမှန် အစည်းအဝေးကို ဇန်နဝါရီလ ၂၂ ရက် တွင် စတင်မည်ဖြစ်ပြီး ရေချိုငါး လုပ်ငန်းဥပဒေအား တင်သွင်းဆွေးနွေး အတည်ပြုသွားရန်ရှိကြောင်း တိုင်းဒေ သကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး က ပြောကြားသည်။

အစည်းအဝေးကျင်းပရက်ကို ၅ ရက် လျာထားပြီး အစည်းအဝေးတွင် ရေချိုငါးလုပ်ငန်း ဥပဒေဆွေးနွေးခြင်း အပြင် လွှတ်တော်ရေးရာကော်မတီများ ပြန်လည်ဖွဲ့စည်းအတည်ပြုခြင်း၊ တရား လွှတ်တော် တရားသူကြီးတစ်ဦး အမည် စာရင်း တင်သွင်းခြင်းတို့ ပြုလုပ်သွား မည်ဟု သိရသည်။

ပုံမှန်အစည်းအဝေးများ၏ ထုံးစံ အတိုင်း မေးခွန်းအမေးအဖြေများနှင့် အတူ တနင်္သာရီတိုင်းအတွက် အရေးပါ သော အဆို ၁ ခု ပါဝင်လာနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

“မေးခွန်းနဲ့ အဆိုတွေကတော့ ပြည်သူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စ ရပ်တွေပါ။ မေးခွန်း ဒါမှမဟုတ် အဆို အဖြစ် ပြည်သူကိုယ်စား လွှတ်တော်မှာ ဆွေးနွေးမေးမြန်းသွားမှာပါ” ဟု ဦးခင်မောင်အေးက ပြောသည်။

တိုင်းလွှတ်တော်၏ ဆဌမပုံမှန် အစည်းအဝေးကို ၂၀၁၇ ဩဂုတ်လ ၃၁ ရက်တွင် ကျင်းပခဲ့ဖူးပြီး ကြားကာလတွင် အရေးပေါ်အစည်းအဝေးများသာ ကျင်းပခဲ့သည်။

လွှတ်တော်အစည်းအဝေးများတွင် ကိုယ်စားလှယ်တို့၏ မေးခွန်းကို တိုင်း အစိုးရအဖွဲ့မှ ဖြေကြားရာတွင် လိုရင်း မရောက်ဘဲ မြိတ်ရှောင်ကွင်းလမ်းကဲ့သို့ ကွေ့ဝိုက်နေသည်ဟု လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက တိုင်းလွှတ်တော်ပဉ္စမ အကြိမ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး ပြောကြားခဲ့ဖူးသည်။
ကျင်းပပြီးသည့်လွှတ်တော် အ စည်း အဝေးများတွင် အောင်မြင်ခဲ့သည့် အဆိုနှင့်မေးခွန်းများအပေါ် အစိုးရအ ဖွဲ့မှ အကောင်အထည်ဖော်ရာတွင် အား နည်းနေမှုအပေါ် လွှတ်တော်ကိုယ်စား လှယ်အချို့နှင့် ဒေသခံတို့၏ ဝေဖန်မှု အချို့ ရှိနေပြီး အောင်မြင်ခဲ့သည့် အဆို နှင့်မေးခွန်းများအပေါ် အစိုးရအဖွဲ့မှ အကောင်အထည်ဖော်ပေးရန် တိုက် တွန်းကြောင်း အဆိုလည်း အောင်မြင်ခဲ့ ဖူးသည်။