ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ ချုပ် ရွေးကောက်ပွဲဖြင့် ရွေးမည်

0
395

ထားဝယ်မြို့နယ် ဘောလုံးအဖွဲ့ ချုပ် အမှုဆောင်အဖွဲ့ကို ရွေးကောက်ပွဲ ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။

မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွင် ပါ ဝင်မည့် လူပုဂ္ဂိုလ် ၁၅ ဦးအနက် မြို့နယ် အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ် သည့် ထွေ။အုပ်၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ အား။ကာစသည့်တို့မှ ကိုယ် စားလှယ်များမှအပ ကျန်အဖွဲ့ဝင်များ ကို ရွေးကောက်ပွဲဖြင့် ရွေးချယ်မည်ဖြစ် သည်။

ဘောလုံးအားကစားကို စိတ်ပါဝင် စားသည့် မြို့မိ မြို့ဖငါးဦး၊ ဘောလုံး သမား၊ နည်းပြ၊ ဒိုင်လူကြီး၊ အမျိုးသမီး ဘောလုံးတို့မှ ကိုယ်စားလှယ် တစ်ဦးစီ၊ သဲသောင်ပြင်ဘောလုံးအားကစားနှင့် ဖူဆယ်အားကစားမှ ကိုယ်စားလှယ်တစ် ဦး စသည်တို့ကို လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး မည်သူမဆိုအရွေးခံ နိုင်ကြောင်း မြို့နယ်အား။ကာမှ အားကစား မှူးဦးသန်းဇော်မိုးက ပြောသည်။

ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး လျှောက် လွှာများကို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် အခမဲ့ထုတ်ယူကာ ထားဝယ်မြို့နယ်အား။ကာတွင် ဖေဖော် ဝါရီ ၁၀ ရက် နောက်ဆုံးလျှောက်ထား ရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

လျှောက်လွှာတွင် မိမိကိုယ်စားပြု ရွေးချယ်ခံမည့်နေရာကို ဖော်ပြပေးရမည် ဖြစ်ပြီး လျှောက်လွှာတင်သွင်းလာသူများ ကပင် သက်ဆိုင်ရာကိုယ်စားလှယ်တစ် ဦးကို မဲပေးရွေးချယ်ရမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ဥပမာပေါ့ နည်းပြကိုယ်စားလှယ် လျှောက်တဲ့သူ ဆယ်ဦးရှိတယ်ဆိုရင် အဲဒီဆယ်ဦးကနေပြီး နည်းပြကိုယ်စား လှယ်တစ်ဦးမဲပေးရမယ်။ အဲလိုပုံစံနဲ့ ရွေးဖို့ရှိတယ် ” ဟု ၄င်းက ဆိုသည်။

ယင်းကဲ့သို့ ကိုယ်စားလှယ်များကို ရွေးချယ်ပြီးပါက ဒုတိယအဆင့်အနေ ဖြင့် ဥက္ကဋ္ဌနေရာကို ဘောလုံးသမား၊ နည်းပြစသည့် အလွှာပေါင်းစုံမှ လျှောက်ထားသူများက ထပ်မံမဲပေးရွေး ချယ်ရမည်ဖြစ်ကြောင်း ဦးသန်းဇော်မိုးက ပြောသည်။
မြို့နယ်ဘောလုံးအဖွဲ့ချုပ် သက် တမ်းမှာ ၄ နှစ် သတ်မှတ်ထားကြောင်း သိရသည်။