အမျှဝေပေးလိုက်ပါတော့ အမေ

0
745

တနင်္သာရီ အပတ်စဉ် အတွဲ-၅၊ အမှတ်-၂၄တွင် ဖော်ပြထားသည့် မျက်နှာ ဖုံးဓာတ်ပုံက ငြိမ်းလုလုဖြစ်နေသည့် သောကမီးတောက်တစ်ခုကို အသစ်ပြန် လည် တောက်လောင်စေခဲ့သည်။
နှလုံးသည်းစိုင်တစ်ခုလုံးကို ဆွဲညှစ် လိုက်သကဲ့သို့ဖြစ်သွားပြီး ရင်ထဲတွင် လည်း နင့်ခနဲ ဖြစ်သွားခဲ့ရသည်။ ခေါင်း ထဲတွင် မိုက်ကနဲဖြစ်သွားခြင်းက အဆုံး မရှိသည့် တွင်းနက်ကြီးတစ်ခု အတွင်းသို့ ကျသွားသလား အောက်မေ့ရသည်။ ရင်ထဲတွင် လှိုက်ခနဲဖြစ်သွားချိန် မျက်ဝန်း အစုံမှ မျက်ရည်တို့က ဆည်ကျိုးသလို ဒလဟောစီးကျလာသည်။

မင်းသမီးစခန်းတဲ့လား. . . . ။
မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို လည်ပြန်ကြည့်မိသောအခါ ခါးသီးသည့် သမိုင်းနေ့ရက်များက ဗလပွ။ ယခုအချိန် ထိလည်း ရင်ဆိုင်နေရဆဲ။ မြန်မာနိုင်ငံအ တွင်း မှီခိုနေထိုင်ကြသည့် မိသားစု ပေါင်းများစွာတွင်လည်း အတိတ်အိပ် မက်ဆိုးများကို ပိုင်ဆိုင်ထားကြသည်။ ထိုမိသားစုများထဲတွင် ကျွန်တော်တို့ မိသားစုသည်လည်း တစ်စုအပါအဝင် ဖြစ်သည်။
ကြာခဲ့ပြီဆိုသော်လည်း ယနေ့ အထိ တစ်နည်းနည်းဖြင့် ရိုက်ခတ်နေဆဲ။ ထိုနာကြည်း ကြေကွဲဖွယ်ရာ ဇာတ်လမ်း က မင်းသမီးစခန်းနှင့် တိုက်ရိုက်မဟုတ် သော်လည်း တစ်နည်းနည်းဖြင့် ပတ် သက်မှု ရှိနေသည်ကတော့ အမှန်။

၁၉၉၇ ခုနှစ်၏ တစ်ခုသော ည။ လမင်းကြီးက တိမ်ကင်းစင်သည့် ကောင်းကင်ပြင်တွင် အထိန်းအကွပ်မဲ့ သာချင် တိုင်းသာနေသည်။ စစ်တပ်က ပေါ်တာ လာဆွဲနိုင်သည်ဆိုသည့် ကောလာဟလ သတင်းများလည်း မနက်ကတည်းက ကြားနေရသည်။ ထိုနေ့ညက တစ်ဖက်ရွာရှိ ဗီဒီယိုရုံတွင် ဂျိမ်းစ်ဘွန်း ဇာတ်လမ်းတွဲ၏ ၁၈ ကားမြောက်ဖြစ်သည့် “Tomorrow Never Die” ဇာတ်ကား ပြသည်။ နိုင်ငံ ခြားကားကြိုက်သော အထူးသဖြင့် ဂျိမ်းစ် ဘွန်းဇာတ်ကားဆိုလျှင် အရူးအမူးနှစ် ခြိုက်သော အစ်ကိုကြီးသည် အမေတား နေသည့်ကြားက ဗီဒိယိုကြည့်ရန် သူငယ် ချင်းများနှင့်အတူ ထွက်ခွာသွားခဲ့သည်။ အရွယ်ရောက်နေပြီဖြစ်သည့်သားကို တားမရသည့်အဆုံး သားဖြစ်သူ၏ ကျောပြင်ကိုသာ ငေးမောရင်း အမေကျန် ခဲ့သည်။ အမေ့မျက်ဝန်းအိမ်ထဲက မျက်ရည်စများကိုမူ မည်သူမျှ သတိ မထားမိ။

တဒက်ဒက် ထွက်ပေါ်လာသော စက်သေနတ်သံက လရောင်အောက်တွင် အိပ်မောကျနေသည့် ရွာကလေးကို လန့် နိုးသွားစေသည်။ သေနတ်သံနှင့်အတူ ထွက်ပေါ်လာသည့် ခွေးဟောင်သံက ထို ညကို ပို၍ ခြောက်ခြားစေခဲ့ရိုး အမှန်။ ည၏ အကျည်းတန်ခြင်းနှင့်အတူ ကျွန်တော်တို့ တစ်အိမ်သားလုံး၏ စိုးရိမ်စိတ်တို့က ငယ်ထိပ်ရောက်ကုန် သည်။ အမေဆိုလျှင် ခြေမကိုင်မိ လက်မကိုင်မိနှင့် ကတုန်ကယင် ဖြစ်နေ တော့သည်။ ပါးစပ်မှလည်း ရသမျှ ဘုရားစာများကို အဆက်မပြတ် ရွတ်ဖတ် နေသည်။ သူ့သားကြီး ရန်မခဘဲ အိမ်ပြန် ရောက်စေရန် အမေဆုတောင်းနေ သည်ဆိုသည်ကို ကျွန်တော်သိနေသည်။ သို့သော် အမေ၏ဆုတောင်းကား မပြည့်ခဲ့။

အစ်ကိုကြီးနှင့်အတူ ဗီဒီယိုသွား ကြည့်ကြသည့် အစ်ကိုကြီး၏ သူငယ် ချင်းအားလုံး ရွာပြန်ရောက်လာသည်။ သို့သော် အစ်ကိုကြီးကား မပါ။ အမေ မကြားချင်ဆုံး သတင်းတစ်ခုသာ အဖော် ခေါ်လာသည်။ အစ်ကိုကြီး ပေါ်တာဆွဲခံ လိုက်ရပြီတဲ့။ ထိုသတင်းကို ကြားကြား ခြင်း ဆောက်တည်ရာ မရဖြစ်ကာ အမေ မူးမေ့ပြီး လဲကျသွားတော့သည်။ ခင်ပွန်း မရှိတော့သည့် မုဆိုးမ တစ်ယောက် အတွက် သားအကြီးဆုံး မိသားစုအတွက် အဓိကအားကိုးရာ မဟုတ်ပါလား။ မိသားစုကို အလုပ်အကျွေးပြုနေသည့် သားလိမ္မာ တစ်ယောက် ဆုံးရှုံးရမည်ကို အမေ တိုင်းက စိုးရိမ်ကြပေမည်။ အမေ့စ ကားကို တစ်ခါလောက် နားမထောင် မိရုံမျှဖြင့် အစ်ကိုကြီးတစ်ယောက် ဒုက္ခ ရောက် ရတော့မည်။

ထိုညက ကြားရသော စက်သေနတ် သံများမှာ ဗီဒီယိုရုံထဲတွင် ပေါ်တာဝင် ဆွဲစဉ် ထွက်ပြေးသူများကို ခြောက်လှန့် ပစ်ခတ်ခြင်း ဖြစ်သည်။ တချို့ကလည်း ထွက်ပြေး လွတ်မြောက်ခဲ့သည်။ တချို့ ကလည်း အမျိုးသမီးများက သုံးလေး ယောက်အပေါ်မှ တက်ထိုင်ပြီးဝှက်ပေး ထားသဖြင့် လွတ်မြောက်ခဲ့ကြသည်။ တစ်ချို့ကလည်း ရေဖြူသွားရာလမ်းတွင် ကားပေါ်မှ ခုန်ချထွက်ပြေးခဲ့၍ လွတ် မြောက်ခဲ့သည်။ ရိုးသားအေးဆေးလွန်း သည့် အစ်ကိုကြီးအနေဖြင့် ထိုကဲ့သို့ စွန့်စားရန်အတွက် အားထုတ်လိမ့်မည် မဟုတ်။

ပေါ်တာဆွဲခံရသူများကို ရေဖြူမြို့ရှိ မယကရုံး၏ အခန်းလွတ်တစ်ခုထဲတွင် တစ်ညတာ ဖမ်းဆီးချုပ်နှောင်ထားလေ သည်။ ထိုကဲ့သို့ ချုပ်နှောင်ထားပြီးမှ စစ်ဗျူဟာ စခန်းသို့ ပို့ဆောင်သည်။ မပို့ဆောင်မီအချိန်အတွင်း တချို့က အစောင့်တပ်သားကို ပိုက်ဆံပေးပြီး ထွက်ပြေးကြသည်။ တချို့ကလည်း ကြေးစားပေါ်တာလိုက်သူများကို ငှားရမ်းကာ လူစားထိုးပြီး မိမိတို့သား များကို ကယ်တင်ကြသည်။ ထိုကြေးစား ပေါ်တာများမှာ ရှေ့တန်းထွက်သည့် တပ်ခွဲနှင့်အတူ လိုက်သွားပြီးမှ ပိုက်ဆံ ပေးပြီး ပြန်လည်လွတ်မြောက်အောင် ကြိုး စားကြသည်။ ပေါ်တာဈေးကွက်တွင် ကြေးစားပေါ်တာတစ်ဦး၏ ပေါက်ဈေး မှာ ခုနစ်သောင်းဝန်းကျင်ခန့် ရှိသည်။ ၁၉၉၇ခုနှစ်ခန့်က ထိုငွေပမာဏသည် ကျွန်တော့်အမေကဲ့သို့သော ဆင်းရဲ တွင်းနက်လှသည် မုဆိုးမတစ်ယောက် အတွက် အလွယ်တကူ မရှာဖွေနိုင်သော ပမာဏဖြစ်သည်။ အစ်ကိုကြီးကို ကယ်တင်ရန် အမေကြိုးစားခဲ့သေးသော် လည်း မတတ်သာသည့်အဆုံး”သတ္တဝါ တစ်ခု ကံတစ်ခု”ဟုသာ သဘောထား လိုက်တော့သည်။

အစ်ကိုကြီးတို့ကို ထားဝယ်မြို့အနီး ရှိ ဗျူဟာတစ်ခုတွင် ရက်အနည်းငယ်ကြာ ထိန်းသိမ်းခံထားရပြီးနောက် မင်းသမီးစ ခန်းသိမ်းတိုက်ပွဲကို ဆင်နွှဲနေသည့် တပ် မတစ်ခုကို ရိက္ခာပို့မည့်စစ်ကြောင်းနှင့် ပါသွားကြောင်း နောက်တွင် သိခဲ့ရသည်။ အစ်ကိုနှင့်အတူ တပ်ခွဲ တစ်ခွဲတည်း ကျခဲ့ပြီး ပြန်လည်ထွက်ပြေး လွတ် မြောက်လာသည့်သူတစ်ဦး၏ ပြောပြ ချက်အရ သူထွက်ပြေးလွတ်မြောက် လာချိန်ကျန်ခဲ့သည့် အစ်ကိုကြီးမှာ ကျန်းမာရေး အတော် ဆိုးရွားနေကြောင်း သိရသည်။ နဂိုကတည်းက စားချိန်မမှန် သောက်ချိန်မမှန် အလုပ်လုပ်ခဲ့၍ အစာအိမ် ရောဂါအခံ ရှိသည်။ ပေါ်တာ အဖြစ် စစ်ကြောင်းနှင့်ပါ သွားချိန် အနေ ဆင်းရဲအစားဆင်းရဲ ဒဏ်ကိုခံရပြီး အစာအိမ်ရောဂါမှာ ပိုမိုဆိုးရွားလာပုံရ သည်။ အားအင်ချည့်နဲ့နေပြီး နာမကျန်း ဖြစ်သည့် ပေါ်တာများကို လားပင်စင် ပေးလေ့ရှိသည်။ အစ်ကိုကြီး တစ်ယောက် လည်း လားပင်စင်ပေးသည့်အထဲ မုချ ပါသွားနိုင်သည်။ သို့သော်အမေ့ကိုမူ ပြောမထွက်ခဲ့။
မင်းသမီးစခန်းသိမ်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်မတော်သားများ၏ စာရင်းကို အတိအကျ ပြုစုထားရှိနိုင်သော် လည်း စစ်ပွဲတွင် ကျဆုံးခဲ့သည့် ပေါ်တာ များ၏ စာရင်းမှာမူကား ရှိလိမ့်မည် မဟုတ်။

တပ်မတော်သားများ၏အလောင်း များကို စနစ်တကျ သင်္ဂြိုဟ်ပေးမည့်သူရှိ သော်လည်း ပေါ်တာများအတွက်မူ ရှိ လိမ့်မည်မဟုတ်။
ထို့ကြောင့်သာ နွားမှောင်ခိုသမား များအနေဖြင့် သူတို့သွားရာ လမ်းနံ ဘေးတွင် ပုပ်ပွနေသည့် ရုပ်အလောင်း များ၊ အရိုးကျနေသည့် ရုပ်အလောင်း များ တွေ့ခဲ့ရခြင်း ဖြစ်နိုင်သည်။ စစ်မက်ဖြစ်ပွားရာဒေသ၊ တရားဥပဒေ စိုးမိုးမှု မရှိသည့်ဒေသများတွင် လူသား တစ်ယောက်၏ တန်ဖိုးမှာ သုညထက် မပိုပါ။ ယခုအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေသေးသည့် ဒေသများတွင် နေထိုင်လျက်ရှိကြသည့် တိုင်းရင်း သားများ၏ ဘ၀ကို များစွာ စာနာမိ သည်။ နှစ်ပေါင်း ခုနစ်ဆယ်ဆိုသည်မှာ လူ့သက်တမ်း တစ်ခုစာပင် ဖြစ်သည်။ ထိုသက်တမ်းအတွင်း နေထိုင်ခဲ့ပြီး ကွယ်လွန်သွားသူတစ်ယောက်အတွက် ငြိမ်းချမ်းခြင်း၏ အဓိပ္ပာယ်ကို သဘော ပေါက်လိမ့်မည်မဟုတ်။

စစ်အစိုးရလက်ထက်က ဖမ်းဆီး နှိပ်စက်ခြင်း ခံခဲ့ရဖူးသည့် ကဗျာဆရာ တစ်ယောက်၏ ကဗျာထဲတွင် “လက်သီး ချက်တစ်ချက်နှင့် တစ်ချက် ကြားတွင် ငြိမ်းချမ်းခြင်းရှိသည်”ဟု ဆိုသည်။ ထို့အတူ ပင်စစ်မက်ဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများ၏ လူမှုဘ၀တွင် လည်း “တိုက်ပွဲတစ်ခုနှင့် တစ်ခုအကြား တွင် ငြိမ်းချမ်းခြင်းရှိသည်”ဟုပြောရ မလိုပင်။ သူတို့အတွက် ထာဝရ ငြိမ်းချမ်း ရေးကား အလှမ်းဝေးနေဆဲ။

မင်းသမီးစခန်းကို မြန်မာ့တပ်မ တော်မှ သိမ်းပိုက်ခဲ့သည်မှာ ၁၉၉၇ခုနှစ် ကတည်းက ဖြစ်သည်။ ယခုဆိုလျှင် နှစ် ပေါင်း နှစ်ဆယ်ကျော်ပြီ ဖြစ်သည်။ ထိုနှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း တစ်နေ့ ပေါ်လာနိုးနိုးနှင့် စောင့်မျှော် နေသည့် အမေပင်လျှင် အရွယ်လွန် နေပြီဖြစ်သည်။ ပိတုန်းရောင်ဆံ ပင်များ သည်ပင်လျှင် ငွေရောင်ပြောင်းနေပေပြီ။ အရေပြားများ တွန့်ကြေပြီး အရိုးပေါ် အရေတင် ဖြစ်နေပေပြီ၊ ချိုင့်ဝင်နေ သည့်ပါးနှစ်ဖက်က အံသွားများ မရှိ တော့ကြောင်း သက်သေပင်။ ခါးကိုင်းပြီး နားထိုင်း စပြုနေပြီဖြစ်သည်။ မျက်လုံး များက မုန်ရီနေသလောက်သူမ၏မျှော် လင့်ချက်များက လန်းဆန်းနေဆဲ။ သို့သော် သူမ၏သားကြီးကား လူကိုယ် တိုင်မဆိုထားနှင့် ဝိဥာဉ်အဖြစ်နှင့်ပင် ပေါ်မလာ။ သူမ၏သားကြောင့် ဖြစ်ရ သည့်စိတ်က သူမကို အနှစ်နှစ်အလလ ဒုက္ခပေးသည်ကို အလူးအလဲခံခဲ့ရ သည်။ ထို့ကြောင့်ပင်လျှင် နဂိုရှိရမည့် အရွယ်ထက် သူမအိုစာသွားသည်။ အမှန်ကို အမှန်အတိုင်း အရှိကိုအရှိ အတိုင်း လက်ခံနိုင်ရန် သူမကြိုးစား၍ မရနိုင်ဖြစ်နေသည်။

ထိုစိတ်ကြောင့် အမေအသေမ ဖြောင့်မည် စိုးမိသည်။ ဘ၀ကူးမကောင်း မည်ကို တွေးကြောက်နေမိသည်။ ဒီတိုင်းသာ အမေဆက်လက် ခေါင်းမာ နေဦးမည်ဆိုလျှင် သူမ၏လူ့ဘ၀တွင် မရှိနိုင်တော့သည့်သားကို စွဲလန်း နေဦးမည်ဆိုလျှင် တရားလည်း ဖြောင့် အောင်အားထုတ် နိုင်မည်မဟုတ်။ ဤအတိုင်းသာ အမေတိမ်းပါးသွား ခဲ့လျှင်. . . . ။

အမေ့ ကျန်းမာရေးက တစ်စစ ချူချာ လာသည်။ အမေခေါင်းမချခင် အစ်ကိုကြီးအတွက် အမေ့ကို တိုက် တွန်းစရာ တစ်ခုရှိသည်။ အစ်ကိုကြီး အတွက် ဆွမ်းသွပ်အမျှဝေပေးရန် ဖြစ် သည်။ သို့တည်း မဟုတ်လျှင် အစ်ကို့ ဝိညာဉ်တွယ်ရာမဲ့ဖြစ်ပြီး မကျွတ်မလွတ် ဖြစ်နေပေရော့မည်။ အခုထိ စစ်မီးများ မငြိမ်းသေးသည့် တိုင်းပြည်တစ်ခုတွင် ဝိညာဉ်ဘ၀နှင့် ဆက်လက်နေထိုင် နေရနိုင်သည်။ မင်းသမီးစခန်းတွင် ကျဆုံး၊ သေဆုံးခဲ့သည့် ABSDF ကျောင်းသား ရဲဘော်များအတွက် မကြာမီအချိန် အတွင်း ဗိမာန်တည်ဆောက်ပေးတော့ မည်။ မည်သည့်စာရင်းမှ မဝင်သည့် ပေါ်တာတစ်ယောက်၏ ဝိညာဉ်တစ် ကောင်က ခိုကိုးရာမဲ့ပြီး ယောင်လည် လည် ဖြစ်နေပေတော့မည်။ ကျောင်းသား များအတွက် တည်ဆောက်ပေးထား သည့် ဗိမာန်တွင်လည်း သူ့ကိုလက်ခံ လိမ့်မည် မဟုတ်။ ဤသည်ကို အမေ သဘောပေါက်အောင် ရှင်းပြရပေဦးမည်။

စစ်မက်မဖြစ်ပွားရာ၊ တရားဥပဒေ စိုးမိုးရာ၊ ဒီမိုကရေစီစနစ် ထွန်းကားရာ၊ လူ့အခွင့်အရေး အပြည့်အဝရှိသည့်၊ လူ သားတစ်ဦး၏ တန်ဖိုးအပြည့်အဝရှိသည့် နေရာတစ်ခု၊ တိုင်းပြည်တစ်ခုခုမှာ အစ်ကို့ ဝိညာဉ်သွားရောက် အခြေချ နိုင်ဖို့ အစ်ကိုကြီးအတွက် ဆွမ်းသွပ် အမျှဝေပေးလိုက်ပါတော့အမေ. . . ။