ကော့သောင်း ရေပေးဝေရေးလုပ်ငန်း လာမည့်ဖေဖော်ဝါရီလကုန်စမည်

0
406

ကော့သောင်းမြို့တွင် ရေပေးဝေ ရေးလုပ်ငန်းကို လာမည့် ဖေဖော်ဝါရီလ ကုန်ဝန်းကျင်တွင် ပေးဝေနိုင်မည်ဖြစ် ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့က အင်ဂျင်နီယာမှူး ဦးနေမျိုးက ပြောသည်။
အေးရိပ်ငြိမ်ရပ်ကွက်ရှိ ယင်းဝါရေ လှောင်တမံမှ ရေကို သန့်စင်ကာ မြို့ပေါ် ရပ်ကွက်များအား ရေပေးဝေနိုင်ရန်အ တွက် JICA ချေးငွေ ကျပ်သန်းပေါင်း ၆၀၀ ကျော်ဖြင့် အကောင်အထည်ဖော် လျက်ရှိသည်။

“လုပ်ငန်း လက်စသတ်တော့မှာပါ။ ဖေဖော်ဝါရီဆို ပြီးနိုင်တယ်။ ရေတွေ စမ်းတင်ကြည့်တော့ ပိုက်ဆက်တွေ မော် တာတွေ လိုအပ်တာတွေ ပြန်ကြည့်ပြန် ပြင်နေရတာတွေ ရှိသေးတယ်၊ စမ်းသပ် စစ်ဆေးတာတွေ စိတ်ချမှ လုပ်ငန်း လက်ခံပြီး ရပ်ကွက်တွေကို ရေစဖြန့်ဝေ ခြင်းလုပ်မှာ”ဟု ဦးနေမျိုးက ဆိုသည်။
ရေစစ်နှုန်းအရ တစ်ရက်လျှင် ဂါလံ တစ်သိန်းခွဲမှ နှစ်သိန်းထုတ်နိုင်မည် ဖြစ်ပြီး ရေပေးဝေခြင်းလုပ်ငန်း စတင်ချိန် တွင် အေးရိပ်ငြိမ်၊ အောင်သုခ၊ ဘုရင့်နောင်၊ အဏ္ဏဝါ စသည့် ၄ ရပ်ကွက်အား စတင် ပေးဝေမည်ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။

ရေပေးဝေရေးအတွက် လိုအပ်သည့် အဆောက်အအုံများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလမှ နိုဝင်ဘာလအထိ အပြီးဆောက်လုပ်ရမည် ဖြစ်သော်လည်း အချို့မှာ လက်ရှိအချိန်အထိ ပြီးပြတ်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ “သတ်မှတ်ကာလကျော်ခြင်းအတွက် ဒဏ်ကြေးစနစ်နဲ့ ကုမ္ပဏီတွေ ဆက်လုပ် နေပါတယ်”ဟု ဦးနေမျိုးက ဆိုသည်။

ဒဏ်ကြေးကို တစ်ရက်လျှင် နှစ် သိန်းရှစ်သောင်းကျပ်နှုန်းဖြင့် တွက်ချက် ကာ ကုမ္ပဏီသို့ ပေးရန်ကျန်သည့် ဘတ် ဂျက်ထဲမှ နုတ်ယူသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရေပေးဝေချိန်တွင် ရေတစ်ယူနစ် လျှင် ကျပ်တစ်ရာနှုန်းဖြင့် ပေးဝေရန် အကြမ်းဖျင်းဆုံးဖြတ်ထားကြောင်း မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရ သည်။