ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့သစ် တာဝန်စယူ

0
448

နည်းပညာတက္ကသိုလ်(ထားဝယ်) ကျောင်းသားများသမဂ္ဂ အလုပ်အမှု ဆောင်အဖွဲ့တာဝန်ကို ပဉ္စမမြောက် အလုပ်အမှုဆောင်အဖွဲ့က ကျမ်းသစ္စာ ကျိန်ဆိုကာ လွှဲပြောင်းလက်ခံခဲ့သည်။
ဇန်နဝါရီလ ၁၀ ရက်က နည်း ပညာတက္ကသိုလ်(ထားဝယ်)တွင် ကျောင်းသားများသမဂ္ဂ တာဝန်လွှဲပြောင်း ပေးအပ်ပွဲကို အခမ်းအနားဖြင့် ကျင်းပခဲ့ သည်။
“ကျောင်းသားသမဂ္ဂဆိုတော့ ကျောင်းသားတွေရဲ့အကျိုးကို တတ်နိုင် သလောက် လုပ်သွားမှာပေါ့။ ကျောင်း တွင်းမှာ လုပ်မဲ့အစီအစဉ်တွေကိုတော့ အသေးစိတ်ဆွဲထားတာ ရှိပါတယ်” ဟု အလုပ်အမှုဆောင်အဖွဲ့သစ် ဥက္ကဋ္ဌ ကိုအောင်ခန့်မော်က ပြောသည်။

နည်းပညာတက္ကသိုလ်ကျောင်း သားများသမဂ္ဂ ပဉ္စမမြောက်အလုပ်မှု ဆောင်အဖွဲ့တွင် အမျိုးသမီးအလုပ်အမှု ဆောင် ၃ ဦးအပါအဝင် အဖွဲ့ဝင် ၁၇ ဦးရှိကြောင်း သိရသည်။
ယင်းတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ယာယီဖွဲ့စည်းပုံစည်းမျဉ်းအရ အမှုဆောင်အဖွဲ့ကို တစ်နှစ်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပရပြီး ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသူသည် ဥက္ကဋ္ဌ တာဝန် ကို တစ်ကြိမ်သာ တာဝန်ထမ်းဆောင်ခွင့်ရှိ သည်။

ယင်းသမဂ္ဂရွေးကောက်ပွဲကို ပြီးခဲ့ သည့် ပညာသင်နှစ် ဩဂုတ်လတွင် ကျင်းပနိုင်ခဲ့သော်လည်း ကျောင်းပိတ် မည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် တာဝန်လွှဲပြောင်းပေးနိုင်ခဲ့ခြင်းမရှိဘဲ ယခု ကျောင်းဖွင့်ချိန်မှ လွှဲပြောင်းပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ယခင်အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ကိုဇင်မောင်ဖြိုးက ပြောသည်။

“သမဂ္ဂအသစ်က ကျွန်တော်တို့ လက်ထက်ကထက် ပိုပြီးတော့ လုပ်နိုင် မယ်လို့ထင်တယ်” ဟု ကိုဇင်မောင်ဖြိုးက ပြောသည်။
နည်းပညာတက္ကသိုလ်(ထားဝယ်) ကျောင်းသားများသမဂ္ဂကို ၂၀၁၂ ခုနှစ် က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကျောင်းတွင်းလှုပ်ရှားမှုအစီအစဉ်များ ကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့နှင့် ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။