Facebook သုံးသူတွေ အလိမ်မခံရစေဖို့ သတိထားပေးစာ

0
529

Facebook သုံးစွဲသူတွေရဲ့ စာမျက်နှာတွေကို ခိုးယူငွေလိမ့်တဲ့ကိစ္စ သတိထားနိုင်ဖို့ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် လေးကို အများသိအောင်ရှက်ရှက်နဲ့ပဲ ရင်ဖွင့်လိုက်ပါတယ်။
ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ် အချိန်လောက်မှာ ဖုန်းဖွင့်ပြီးFacebook သုံးနေချိန်မှာ ကျွန်တော်နဲ့အပြင်မှာ မောင်နှမ လို ရင်နှီးပြီးMessenger ကနေ တစ်ခါတစ်ရံ စကားပြောလေ့ရှိတဲ့ အစ်မတစ်ယောက်ဆီကနေ မက်ဆေ့ဝင်လာလို့ ဖွင့်ကြည့် လိုက်တော့ “ဖုန်းဘီလ် ငါးထောင်ဖြစ်ဖြစ် တစ်သောင်းဖြစ်ဖြစ်ချေးပါလား”တဲ့။

ပို့လိုက်တဲ့ စာကိုဖတ်လိုက်ချိန်မှာ ကျွန်တော့်စိတ်ထဲ ဒီအစ်မဖုန်းဘီလ်ဝယ်ဖို့ မလွယ်တဲ့နေရာတစ်ခုခုကို ရောက်နေတယ် ထင်မိလိုက်ပါတယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ ကြုံခဲ့ဖူးတော့ ကိုယ်ချင်းစာမိတာလည်း ပါတာပေါ့။
ကိုယ့်ဖုန်းထဲမှာလည်း ဖုန်းဘီလ်မကျန်တော့တာရယ်၊ ဖုန်းအချင်းချင်း ဖုန်းဘီလ်မလွှဲတတ်တာတွေကြောင့် ဖုန်းဆိုင်မှာ တယ်လီနော ငါးထောင်တန် ငွေဖြည့်ကတ်ခဲခြစ်နံပါတ်ကိုMessenger ကနေ ပို့ပေးလိုက်တာပေါ့ခင်ဗျား။

ဖုန်းဘီလ်လွှဲပြီး ၅ မိနစ်လောက် အကြာမှာ စိတ်ထဲမသင်္ကာဖြစ်လာတော့ အဲဒီအစ်မဆီ ဖုန်းဆက်မေးကြည့်တော့ ဒီFacebookကို တစ်ယောက်ယောက် ဝင်သုံးနေတာဖြစ်ပြီး သူမဟုတ်တဲ့ အကြောင်းပြောပြတော့ စိတ်ထဲတော် တော်ရှက်မိ သွားတယ်။ ဒီအစ်မရဲ့Facebookအကောင့်ကနေ သူ့သမီးအပါအဝင် အနည်းဆုံး လူ ၇ ယောက်လောက်ကိုကျွန်တော့်လိုပဲ ဖုန်းဘီလ် ချေးခဲ့တယ်လို့ သိရပါတယ်။

ဖုန်းဘီလ်ချေးတဲ့သူတွေ အားလုံးကို ဒီအစ်မပြောခဲ့ ရေးခဲ့ဖူးတဲ့ ပုံစံအတိုင်း တစ်ပုံစံတည်းဖြစ်အောင် ပြောဆိုခဲ့တာပါ။
ဒါပေမယ့် သူတို့ကတော့ ဒီအစ်မကိုယ်တိုင်က ဖုန်းငွေဖြည့်ကတ်ရောင်းနေတော့ မဖြစ်နိုင်ဘူးဆိုပြီး မချေးကြတော့ အလိမ်မခံရဘူးပေါ့။Facebook အကောင့်ပိုင်ရှင် အစ်မကိုမေးကြည့်တော့ စကားဝှက်(Password) ကိုFacebook အကောင့် အမည်အတိုင်း လွယ်လွယ် ကူကူပေးထားတာလို့ သိရတယ်ခင်ဗျား။

ဖုန်းဘီလ်ချေးခဲ့တဲ့ သူတွေအကုန်လုံး ချေးလိုက်မယ်ဆိုရင် ဒါမှမဟုတ် ဒီထက်ပိုများတဲ့ ငွေပမာဏကိုသာ MPU ဘဏ်ကတ်လိုကနေ ချေးခဲ့မယ်ဆိုရင် အတော့်ကိုရှင်းရမယ့် ပြဿနာပါ။
ကျွန်တော်တင်မဟုတ်ပါဘူး တခြားသူတွေမှာလည်း ဖြစ်ဖူးပါတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ တူမတစ်ယောက်လည်း အခုလိုမျိုးသူ့ င်္ခေနဘသသု အကောင့်ကို အခြားတစ်ယောက်က ဝင်ယူပြီး သူငယ်ချင်းတွေဆီ ဖုန်းဘီလ်ချေးတာ၊ ATMဘဏ်ကတ်ကို ငွေလွှဲခိုင်းတာ လုပ်တဲ့အတွက် ငွေလေးသောင်းကျော်ကို လျော်လိုက်ရတယ်လို့ ပြောပြလာတယ်။

သူငယ်ချင်းတွေကြား အသိမိတ် ဆွေကြားမှာ စိတ်ဝမ်းကွဲ အထင်မြင်လွဲနိုင်၊ လျော်ရနိုင်တဲ့အတွက် အခုလိုမျိုးFacebookကနေ ဖုန်းဘီလ်ချေးခြင်း၊ ငွေချေးခြင်းတွေ ကြုံလာရင် ကိုယ့်သူငယ်ချင်းဟုတ်/မဟုတ်ကို သေချာစုံစမ်းမေမြန်းပြီးမှ ကူညီ စေလိုပါတယ်ခင်ဗျား။ နောက်ပြီးFacebookစကားဝှက် (Password) ကိုလည်း ခပ်လွယ်လွယ်ခပ်ပေါ့ပေါ့ မပေးမိဖို့ တိုက်တွန်းသတိ ပေးပါရစေခင်ဗျား။

ကျွန်တော့်လို အလိမ်မခံရ စေလိုသူတစ်ဦး၊ ထားဝယ်မြို့။