တရားမဝင် ရှပ်ဆွဲလှေလုပ်ငန်းများကို သတိပေးတားမြစ်

0
373

ပုလောမြို့နယ်တွင် တရားမဝင် ရှပ်(ခရု)ဆွဲ လှေလုပ်ငန်းများအား သတိ ပေးတားမြစ်ထားကြောင်း မြို့နယ် ငါး လုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းလွင် က ပြောသည်။
တရားမဝင်ရှပ်(ခရု)ဆွဲလှေများမှ သံခြင်း(သံဇကာ)များအား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများသို့ အပ်နှံကြရန်နှင့် လုံးဝဖမ်းဆီးခြင်း မပြု လုပ်ရန် တားမြစ်သတိပေးစာကို ဇန်နဝါရီလ ၂ ရက်က ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်ငါးဦးစီးဌာနမှ သိရသည်။

ဖမ်းဆီးခြင်းမပြုရန် တားမြစ်လိုက် သည့် ရှပ်(ခရု)မှာ ဒေသခံများစားသုံးလေ့ ရှိသည့် ရှပ်အမျိုးအစားမဟုတ်ပေ။
ဒေသခံများစားလေ့ရှိသည့် ရှပ် အထက် အခွံပါးကာ အလုံးအနည်းငယ် ပိုသေးသည့်အပြင် အခွံလည်းပိုပြား ကြောင်း သိရသည်။
ယင်းရှပ်များကို သံခြင်း(သံဇကာ) ကဲ့သို့သော ပစ္စည်းကိုစက်လှေဖြင့် ဆွဲ ယူမှုကြောင့် ရေအောက်ရှိ ရှပ်စားကျက် များနှင့် ရေညှိရေမော်များအား ဆွဲယူသ ကဲ့သို့ဖြစ်ကာ ပျက်ဆီးမှုများရှိနေသဖြင့် မလုပ်ကိုင်ကြရန် တားမြစ်ရခြင်းဖြစ် ကြောင်း ဦးသန်းလွင်က ပြောသည်။

ဇန်နဝါရီလ ၂ရက်နေ့မှ စတင်ကာ ပုလောမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်များတွင် ရှပ်(ခရု)ဆွဲလှေ လုပ်ငန်းများ မလုပ်ကိုင်ကြရန် အသိပညာပေးသည့် ဟောပြောပွဲများ ပြုလုပ်လျက်ရှိကြောင်း ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က ပြောသည်။
“လောလောဆယ် အရေးမယူသေး ပါဘူး။ ဟောပြောစည်းရုံးပြီး ဆက်မ လုပ်ဖို့ ဆွေးနွေးတာပါ”ဟု အုပ်ချုပ်ရေး မှူး ဦးကျော်စိုးထင်က ပြောသည်။
ဇန်နဝါရီလ ၈ ရက်တွင် လက္ကူး ကျေးရွာတွင် ရှပ်(ခရု)ဆွဲလှေ လုပ်ကိုင် နေသူတစ်ဦးက ရှပ်ဆွဲရာတွင် အသုံးပြု သည့် သံဇကာတို့အား လာရောက် အပ်နှံ ခဲ့ကြောင်း ဦးသန်းလွင်က ဆိုသည်။

“ရှပ်က တစ်နိုင်တစ်ပိုင် လက်နဲ့ ကောက်ယူပြီး လုပ်စားမယ်ဆိုရင် ခွင့်ပြု လို့ရပါတယ်” ဟု ဦးစီးမှူး ဦးသန်းလွင် က ပြောသည်။
တားမြစ်ထားသည့်အတိုင်း မလိုက် နာပါက အရေးယူမှုများလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
အဆိုပါ ရှပ်(ခရု)များသည် ဈေး ကောင်းရလေ့ရှိပြီး တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံ သို့ တင်ပို့ရောင်းချလေ့ရှိကြောင်း ရေ ထွက်ပစ္စည်းအရောင်းအဝယ် ဈေးကွက်မှ သိရသည်။