မွန်တွင် ရပ် / ကျေးအုပ်ချုပ်ရေးမှူး ၁၅၃ ဦးရွေးပြီး၊ အမျိုးသမီး ၂ ဦးပါ

0
414

မွန်ပြည်နယ်တွင် ရပ် / ကျေးအုပ် ချုပ်ရေးမှူး၁၅၃ဦး ပြန်လည်ရွေးချယ် ထားပြီဖြစ်ကာ အမျိုးသမီးရပ် / ကျေး အုပ်ချုပ်ရေးမှူး၂ ဦးပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ပြည်နယ်အတွင်း၌ ရပ်/ကျေး အုပ် ချုပ်ရေးမှူး၄၃၉ဦးကို တတိယ အကြိမ် ပြင်ဆင်ထားသည့် ရပ် / ကျေး အုပ်ချုပ် ရေး ဥပဒေနှင့်အညီ ပြန်လည် ရွေးချယ် လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်ထိ ၁၅၃ ဦးရွေးချယ်ထားပြီး ဖြစ်သည်။

ရွေးချယ်ခံရသည့် အမျိုးသမီး ရပ် / ကျေးအုပ်ချူပ်ရေးမှူး ၂ ဦးမှာ ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်မှ ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။
ရပ် / ကျေးအုပ်ချုပ်ရေးမှူး ပြန် လည်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး တိုင်ကြားမှုအချို့ရှိသည်ဟု ဦးမြင့်သန်း ဝင်းက ပြောသည်။
မွန်ပြည်နယ်တွင် ရပ် / ကျေးအုပ် ချုပ်ရေးမှူး ပြန်လည်ရွေးချယ်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် အပြီး ရွေးချယ် ရမည်ဖြစ်သည်။

မွန်ပြည်နယ်အတွင်းတွင် ရပ် / ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး ၄၇၀ ဦး ရှိသော် လည်း လက်ရှိ သမ္မတသက်တမ်းတွင် ဥပဒေနှင့်အညီ ရွေးချယ်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများရှိသည့် အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၄၃၉ ဦးကိုသာ ပြန်လည်ရွေးချယ်လျက်ရှိ သည်။