နိုင်ငံ့လက်ရွေးစင် အားကစားသမားဟောင်းနှစ်ဦးကို ငွေကြေးထောက်ပံ့

0
459

နိုင်ငံ့လက်ရွေးစင်ဟောင်း အားက စားသမားနှစ်ဦးအား ဇန်နဝါရီလ ၁၁ ရက်က အလှူငွေများ ထောက်ပံ့ပေးခဲ့ ကြောင်း တိုင်းအားကစားနှင့် ကာယပ ညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။
အသက် ၇၆ နှစ်အရွယ်ရှိ နိုင်ငံ့ လက်ရွေးစင် ဘောလုံးအားကစားသမား ဟောင်း ဘားမားစိန်ဝင်း (ခေါ်) ဦးစိန်ဝင်း နှင့် နိုင်ငံလက်ရွေးစင် လက်ဝှေ့အားကစား သမားဟောင်း ဦးကြူဟန်တို့အား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန် ကြီးနှင့် မြို့နယ်အားကစားအသိုင်းအဝိုင်း တို့က အလှူငွေစုစုပေါင်းခြောက်သိန်း ခုနစ်သောင်းကို ၄င်းတို့နှစ်ဦးအား ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း ဦးမောင် မောင်မြင့်က ပြောသည်။
“အခုလိုထောက်ပံ့ပေးတော့ ပီတိ အရမ်းဖြစ်မိပါတယ်။ လူငယ်လေးတွေ၊ ဝါသနာရှင်လေးတွေ ကြိုးစားကြပါလို့ ပြောချင်တယ်” ဟု ဦးစိန်ဝင်းက ဆို သည်။
ယင်းအားကစားသမားဟောင်း နှစ်ဦးမှာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့သူများ ဖြစ်သောကြောင့် လူမှုရေးဝန်ကြီးက ၄င်း ၏ ကိုယ်ပိုင်ငွေကြေးဖြင့် သီးသန့် ထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး ကျန်စေတနာရှင် များက ထပ်မံလှူဒါန်းခဲ့ခြင်း ဖြစ် ကြောင်း ဦးမောင်မောင်မြင့်က ပြော သည်။

ဦးစိန်ဝင်းသည် ထိုင်းဘုရင့်ဖလား၊ မလေးရှားနိုင်ငံတွင် ကျင်းပလေ့ရှိသည့် မာဒေးကားဖလား၊ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာဖလား၊ တောင်ကိုးရီးယားနိုင် ငံပတ်ချုံဟီးဖလားစသည့် ဆုဖလားများ ကို မြန်မာ့လက်ရွေးစင် ဘေားလုံးအသင်း နှင့်အတူ ဆွတ်ခူးနိုင်ခဲ့သည်။
ဦးကြူဟန်မှာ ယခင် ကျွန်းဆွယ် အားကစားပြိုင်ပွဲ (ဆီဂိမ်းပြိုင်ပွဲ)တွင် လက်ဝှေ့အားကစားနည်းဖြင့် ရွှေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် တစ်ခုတို့ကို ဆွတ် ခူးပေးခဲ့သည့် နိုင်ငံ့လက်ရွေးစင် အားက စားသမားတစ်ဦး ဖြစ်သည်။