မြှုပ်နှံထားသည့် အမျိုးသား အလောင်း ၁၀ ရက်အကြာ ပြန်ဖော်ပြီးနောက် လူသတ်မှုပေါ်ပေါက်

0
334

ပုလော မြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် မြှုပ်နှံထားသည့် လူသေ အလောင်းအား ၁၀ ရက်ကျော်အကြာတွင် ပြန်လည်တူး ဖော်ရာစစ်ဆေးရာမှ လူသတ် မှု ပေါ်ပေါက်ခဲ့ကြောင်း ပုလောမြို့မ ရဲစခန်းထံမှ သိရသည်။

ပုလောမြို့နယ် ကဒဲ-လက်ပံပြင် ရွာတွင် အမျိုးသားတစ်ဦး၏ အလောင်း အား ဒီဇင်ဘာလ ၂၈ ရက်က မြှုပ်နှံ ထားပြီး ဇန်နဝါရီလ ၆ ရက်နေ့တွင် သေဆုံးသူ၏ အစ်မဖြစ်သူက ရဲစခန်း တွင် လာရောက်တိုင်ကြားခဲ့သည့်အတွက် တူးဖော်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မြှုပ်နှံပြီး ၁၂ ရက်အကြာ ဇန်နဝါရီ လ ၉ ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆရာဝန်တို့နှင့်အတူ တူးဖေါ်စစ်ဆေးခဲ့ကြောင်း ပုလောမြို့ နယ်မြို့မရဲစခန်းထံမှ သိရသည်။

မြေမြှုပ်စဉ်က ရွာသားအချို့၏ ပြောပြချက်အရ ဒဏ်ရာအချို့ရှိသည်နေ ကို သိရှိရသဖြင့် ရိုးရိုးသေခြင်း မဖြစ် နိုင်ဟုဆိုကာ အစ်မဖြစ်သူက ရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ် ကြောင်း ကဒဲကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ဦးဇေယျာဖြိုးက ပြောကြားသည်။အလောင်းအား တူးဖော်စစ်ဆေးခဲ့ရာ ဒဏ်ရာများဖြင့်တွေ့ရှိရပြီး ဝမ်းကွဲညီ ဖြစ်သူက ဓားဖြင့် သတ်ထားပြီးမြှုပ်နှံ ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ရဲစခန်းမှ သိရသည်။

အကြွေးတောင်းရာမှ လက်လွန်ပြီး လူသတ်မှုဖြစ်ခဲ့ရကြောင်း ဦးဇေယျဖြိုး ကဆိုသည်။

လက်လွန်ပြီး ဓားဒဏ်ရာများ ရရှိခဲ့ သည်ကို အခြားသူလက်ချက်ဖြင့် ဒဏ် ရာရရှိဟန်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းခရီးတွင်ပင် သေဆုံးသွားရာ သက် ဆိုင်ရာဌာနများသို့ အကြောင်းမကြားဘဲ မြေမြှုပ်ခဲ့ကြောင်း ပုလောရဲစခန်းမှ သိ ရသည်။
“ဖော်တဲ့အခါ ဒဏ်ရာတွေလည်း တွေ့ပါတယ် သတ်တဲ့သူကိုလည်း ဖမ်းမိ ပါပြီ”ဟု ပုလောမြို့မစခန်းမှူး ဒုရဲမှူး အောင်မျိုးဝင်းက ပြောသည်။
လူသတ်မှုကျူးလွန်ထားသည့် ဝမ်း ကွဲညီဖြစ်သူအား ပုလောမြို့နယ် မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်း ရဲစခန်းထံမှ သိရသည်။