ဆလုံလူမျိုးများအတွက် ရေရှည်စီမံချက်ရေးဆွဲရန် ယခုလအတွင်း ကွင်းဆင်းမည်

0
423

ဆလုံလူမျိုးများ၏ ဘ၀ရှေ့ရေး တည်တံ့ခိုင်မြဲရေးအတွက် ရေရှည် စီမံ ချက်ရေးဆွဲနိုင်ရန် ယခု ဇန်နဝါရီလ အတွင်း ကွင်းဆင်း လေ့လာသွားမည်ဟု ကရင်တိုင်းရင်းသား လူမျိုးရေး ရာဝန်ကြီး စောလုကာထံမှ သိရသည်။
ဝန်ကြီး စောလုကာ အဖွဲ့ခေါင်း ဆောင်အဖြစ် ပါဝင်သော ကွင်းဆင်းလေ့ လာရေးအဖွဲ့က ဆလုံလူမျိုးများနှင့် တွေ့ဆုံ ကာ အခက်အခဲ ပြဿနာများကို မေးမြန်း ပြီး ရေရှည်စီမံချက် ရေးဆွဲနိုင်ရန် အသက် မွေးဝမ်းကျောင်းမှုနှင့် ဓလေ့ထုံးတမ်းများ ကို လေ့လာမှတ်တမ်း ပြုမည်ဟုသိရသည်။
“ရေရှည်အတွက် ဘာတွေ လုပ်ပေး သင့်တယ်ဆိုတာကို သေသေချာချာ သိရမှ စီမံချက် ရေးဆွဲနိုင်မှာ ဖြစ်လို့ ကွင်းဆင်းတာပါ”ဟု ဝန်ကြီး စောလု ကာက ပြောသည်။

ယခုအခေါက် ကွင်းဆင်းရာတွင် ဂျလန်းကျွန်းနှင့် ကဒက်ကြီးကျွန်းများသို့ သွားရောက်မည်ဖြစ်ပြီး ခရီးစဉ် အတွက် ဆလုံလူမျိုးများ နေထိုင်ရာ ဒေသ၌ သာသနာပြုနေသော ဂျလန်း ကျွန်းဆရာ တော်နှင့် ချိတ်ဆက် လုပ်ဆောင်နေ ကြောင်း စောလုကာက ပြောသည်။
နောက်လများတွင် ဆလုံလူမျိုးများ နေထိုင်သည့် အခြားကျွန်းများသို့ ဆက် လက်ကွင်းဆင်းသွားမည်ဖြစ်ပြီး စီမံ ချက်အား ယခုနှစ်အတွင်း အပြီးရေးဆွဲ သွားမည်ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်း နေထိုင် ကြသည့် ဆလုံလူမျိုးများသည် သက် မွေးဝမ်းကျောင်းမှုအတွက် နေရာ ကျဉ်း မြောင်းလာသောကြောင့် ထိုင်းဘက်သို့ ထွက်ခွာမှု များလာခြင်း၊ မူးယစ်ဆေးဝါး နှင့်နှီးနွယ်မှု များလာခြင်းကြောင့် မွေး ဖွားနှုန်းကျဆင်းကာ သေဆုံးမှု များလာ ခြင်းကြောင့် လူမျိုးဦးရေ တဖြည်း ဖြည်း လျော့ပါးလာကြောင်း လေ့လာသူ အချို့ က ပြောသည်။