တရားစွဲခံထားရသူက ပြည်တော်အေးဂေါပကအဖွဲ့ကို ပြန်လည်တောင်းပန်

0
406

ကော့သောင်းမြို့၊ ပြည်တော်အေး စေတီတော်ဂေါပကအဖွဲ့ကို စွပ်စွဲပြောဆို မှုဖြင့် တရားစွဲဆိုခံထားရသည့် ပြည်သူ တစ်ဦးက တရားစွဲဆိုမှုရုပ်သိမ်းပေးရန် အတွက် ဇန်နဝါရီလ ၁၁ ရက်က မြို့ နယ်သံဃနာယက ဆရာတော်များရှေ့ တွင် ပြန်လည်တောင်းပန်ခဲ့သည်။

ကော့သောင်းမြို့၊ တပ်ကုန်းလမ်း နေထိုင်သူဦးလူမင်းက ပြည်တော်အေး စေတီဂေါပကအဖွဲ့သည် လူမှုရေးနှင့် ငွေရေးကြေးရေးကိစ္စများ အရှုပ်အရှင်း ရှိသည်ဟု စွပ်စွဲကာ တိုင်းသာသနာရေး ဦးစီးဌာနနှင့် ပြည်ထောင်စုအစိုးရရုံးသို့ ၂၀၁၇ မတ်လက တိုင်ကြားခဲ့သည်။

ယင်းသို့ တိုင်ကြားခဲ့သော်လည်းအထောက်အထားမခိုင်လုံသည့်အတွက် ဂေါပကအဖွဲ့က ၂၀၁၇ခုနှစ် ဩဂုတ်လ ပထမအပတ်တွင် အသရေဖျက်မှု ပုဒ်မ ၅၀ဝ ဖြင့် ပြန်လည် တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။ ဂေါပကအဖွဲ့ကို စွပ်စွဲတိုင်ကြားခဲ့ သော်လည်း သက်သေအထောက်အ ထားမရှိသည့်အတွက် ပြန်လည်တောင်း ပန်ခဲ့ခြင်းဖြစ်သည်ဟု ဦးလူမင်းက ပြော သည်။

“သူ့ဘက်က အမှားကိုသိလို့ ဆရာတော်တွေနဲ့ အသိသက်သေတွေ ရှေ့ မှာ ဝန်ချတောင်းပန်တယ်ဆိုတော့ အမှု ကို ရုပ်သိမ်းပေးသွားမှာပါ”ဟု ပြည်တော်အေး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော် မိုးက ပြောသည်။

တိုင်ကြားခဲ့ခြင်းမှာ ပုဂ္ဂိုလ်ရေးမုန်း တီးမှုကြောင့် မဟုတ်ဘဲ အမှားအမှန်ခွဲခြား စစ်ဆေးနိုင်ရန် တင်ပြသည့်သဘော အ နေဖြင့် တိုင်ကြားခဲ့ခြင်းသာ ဖြစ်သည်ဟု တိုင်ကြားခဲ့သူ ဦးလူမင်းက ဆိုသည်။