နိုင်ငံခြားသားခရီးသွားများ တရားမဝင်ဆိုင်ကယ်မောင်းနှင်မှု ထိန်းချုပ်ရေး တနင်္သာရီတိုင်းအစိုးရထံ တင်ပြမည်

0
394

တနင်္သာရီတိုင်းအတွင်း နိုင်ငံခြား ခရီးသွားများ တရားမဝင်ဆိုင်ကယ် မောင်း နှင်နေမှုများကို ထိန်းချုပ်နိုင်ရေး လာမည့် ဖေဖော်ဝါရီလအတွင်း တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ ခရီး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နိုင်ငံခြားသားများ ကိုယ်တိုင်ဆိုင် ကယ်မောင်းနှင်ကာ လည်ပတ်နေမှုများ ထိန်းချုပ်နိုင်ရန် ထွေ/အုပ်၊ ကညနအစ ရှိသည့် သက်ဆိုင်ရာဌာနများနှင့် ဆွေး နွေးညှိနှိုင်းကာ တိုင်းအစိုးရထံ တင်ပြ သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဟို တယ်/ခရီးရုံးမှ တာဝန်ရှိသူက ဆိုသည်။

“တိုင်းအစိုးရက ခွင့်ပြုချက်ရရင် အကောင်းဆုံးဖြစ်အောင် ဖြေရှင်းသွား မယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ထားဝယ်မြို့တွင် ဆိုင်ကယ်ငှား ရမ်းသည့် ဆိုင်အချို့နှင့် ဟိုတယ်အချို့ က နိုင်ငံခြားသားများကို တစ်ရက်လျှင် ကျပ် ၈ ထောင်ခန့်ဖြင့် ဆိုင်ကယ်များ ငှားရမ်းနေကြပြီး သက်ဆိုင်ရာဌာနများ က စိစစ်ကြပ်မတ်မှု အားနည်းနေကြောင်း ဝေဖန်မှုများ ရှိသည်။

တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးမှူးကမူ မည်သူ မဆို ယာဉ်မောင်းလိုင်စင်မရှိဘဲ ဆိုင် ကယ် မောင်းနှင်ခွင့်မရှိကြောင်း ပြောသည်။
ဒေသတွင်း ဆိုင်ကယ်ဖြင့် ကိုယ် တိုင်မောင်းနှင်သွားလာနေသည့် နိုင်ငံ ခြားသားများသည် အာရှယာဉ်မောင်း လိုင်စင် သို့မဟုတ် နိုင်ငံတကာယာဉ် မောင်းလိုင်စင်ရှိပါက စီးနင်းခွင့်ရှိ သည် ဟု တိုင်းဒေသကြီး က.ည.န ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

ယင်းအပြင် နိုင်ငံခြားသားများ ဆိုင်ကယ်မောင်းနှင်နေခြင်းနှင့် ပတ် သက်၍ ကြပ်မတ်ပေးရန် ဇန်နဝါရီလအ တွင်း တိုင်းအစိုးရနှင့် သက်ဆိုင်ရာဌာန များထံ တင်ပြသွားရန်ရှိကြောင်း ထား ဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ဆိုသည်။

“အစိုးရက ကြီးကြပ်ပေးမယ်ဆို ပို ကောင်းတာပေါ့။ လုပ်မယ်လို့လည်း မျှော် လင့်တာပဲ”ဟု ဒေါ်မိုးမိုးသူကပြောသည်။

နိုင်ငံခြားသားများ ကိုယ်တိုင် တ ရားမဝင် မောင်းနှင်သွားလာနေခြင်းကို ကြပ်မတ်ပေးမည်ဆိုပါက ဒေသခံဆိုင် ကယ်ကယ်ရီများ၊ သုံးဘီးယာဉ်များနှင့် အငှားယာဉ်များ ဝင်ငွေတိုးလာနိုင် ကြောင်း ၄င်းက ဆိုသည်။