မင်းသမီးစခန်းနေရာတွင် ကျောင်းသားတပ်မတော် အာဇာနည်ဗိမာန် တည်ဆောက်မည်

0
516

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တောင်ပိုင်းဌာနချုပ် မင်း သမီးစခန်းနေရာတွင် ABSDF သေဆုံး / ကျဆုံး ရဲဘော်များအတွက် ရည်စူး ကာ အာဇာနည်ဗိမာန်နှင့် အမှတ်တရ ကျောက်တိုင်တို့ကို တည်ဆောက်သွား မည်ဟု မင်းသမီးစခန်း ရဲဘော်ဟောင်း များထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းပြည်ပ ရဲ ဘော်ဟောင်းများ၏ မတည်ထည့်ဝင် ငွေဖြင့် ယာယီခြံစည်းရိုးကာ၊ မြေရှင်း လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီး တည်ဆောက်ရေး လုပ်ငန်းစဉ်အတွက် နိုင်ငံအသီးသီး၊ ဒေသအသီးသီးရောက် ရဲဘော်ဟောင်းများကိုလည်း ချိတ်ဆက် အလှူခံနေကြောင်း မင်းသမီးစခန်း (၂၀၁)တပ်ရင်း ဒုတပ်ရင်းမှူး(ဟောင်း) ဦးအောင်မြင့်က ပြောသည်။

“ဘယ်အချိန်ပြီးမယ်တော့ မခန့် မှန်းနိုင်သေးဘူး၊ ရန်ပုံငွေ အခြေအနေ အပေါ် မူတည်ပြီး တည်ဆောက်သွား မယ်”ဟု ဦးအောင်မြင့်က ပြောသည်။
ဗိမာန်နှင့် ကျောက်တိုင် တည် ဆောက်မည့် မြေနေရာ ၂ ဧက ကျော် အတွက် ကရင်အမျိုးသား တပ်မတော် (KNU)တပ်မဟာ ၄ နှင့် စေ့စပ်ညှိ နှိုင်းကာ အစိုးရအဖွဲ့သို့ တင်ပြခဲ့ရာ ၂၀၁၇ ခုနှစ်အတွင်း ခွင့်ပြုချက်ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ငန်းစဉ်များ စတင်နိုင်ရန် ပြည်တွင်းပြည်ပ ရဲဘော်ဟောင်းများ နှင့် ဆွေးနွေးကာ ၂၀၁၄ ခုနှစ်မှစ ရန်ပုံငွေ စတင်ကောက်ခံခဲ့ပြီး ၂၀၁၇ တွင် လုပ်ငန်းစတင်နိုင်ခဲ့သဖြင့် ဝမ်း သာပီတိဖြစ်ရကြောင်း ဗိမာန်နှင့် ကျောက်တိုင် ဖြစ်မြောက်ရေး ဦးဆောင် လှုပ်ရှားသူ မင်းသမီးစခန်း ဥက္ကဋ္ဌ ဟောင်း ရဲဘော် ဝင်းထိန် (ခ) ထက်အောင်ကျော်က ပြောသည်။

“ဒီမိုကရေစီရရှိရေးအတွက် အ သက်ပေးသွားတဲ့ ဒီရဲဘော်တွေကို ဂုဏ်ပြု အမှတ်တရ တခုခု လုပ်ပေး ချင်ပါတယ်။ သူတို့ရဲ့ ဖြူစင်တဲ့ ပေးဆပ် မှုတွေအတွက် ကျွန်တော်တို့ အမြဲအမှတ် ရနေမှာပါ။ အထူးသဖြင့် အခုလို နိုင်ငံ ရေး အပြောင်းအလဲ ဖြစ်လာချိန်မှာ ဒီရဲဘော်တွေကို ပိုတောင် အလေးပြုသင့် ပါတယ်”ဟု ရဲဘော်ဝင်းထိန် (ခ) ထက်အောင်ကျော်က ပြောသည်။

မင်းသမီးစခန်းအား ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးတွင် တောခို လက် နက်ကိုင်ခဲ့သော ကျောင်းသားများ (ABSDF-တပ်ရင်း ၂၀၁ ရဲဘော်များ)က ၁၉၈၉ ခုနှစ်တွင် စတင် တည်ထောင် ခဲ့သည်။
နောက်ပိုင်းတွင် နတ်အိမ်တောင် တပ်ရင်း (၂၀၃)၊ ပလောက်(ပြည်ခြား)တပ်ခွဲ၊ မြိတ်(မောတောင်)တပ်ခွဲတို့ လာ ရောက် ပူးပေါင်းကာ ABSDF တောင် ပိုင်းဌာနချုပ်အဖြင့် ရပ်တည်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မြန်မာ့တပ်မတော်မှ သိမ်း ပိုက်ခဲ့သည်။

မင်းသမီးစခန်းတွင် တနင်္သာရီ တိုင်းအတွင်းမှ တောခို ကျောင်းသူ၊ ကျောင်းသားများ အဓိကနေထိုင်ခဲ့ပြီး စခန်းတည်ထောင်စဉ်မှ ကျဆုံးချိန်အထိ သေဆုံး/ကျဆုံး/ပျောက်ဆုံး ကျောင်း သား ရာချီ ရှိခဲ့သည်။