မြိတ်တွင် နှစ်ကျိပ်ရှစ်ဆူဘုရား မြို့လှည့်ပူဇော်ခံမည့်နေ့ သတ်မှတ်ရေး ဆွေးနွေးမည်

0
483

မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရား မြို့လှည့်အပူဇော်ခံမည့်နေ့ သတ်မှတ် ရေးအတွက် မြို့လုံးကျွတ် အစည်းအဝေး တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ် ဗုဒ္ဓဘာသာအသင်းကြီး၏ ဒုဥက္ကဋ္ဌ (၂) ဦးကြည်လင်က ပြောကြား သည်။

တန်ဆောင်မုန်းလပြည့်နေ့နှင့် ပြာသိုလပြည့်နေ့တွင် မည်သည့်ရက်တွင် ကျင်းပမည်ဆိုသည်ကို သတ်မှတ်နိုင်ရေး အတွက် မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ ပါဝင် သည့် မြို့လုံးကျွတ်အစည်းအဝေးတွင် တင်ပြ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးကြည်လင်က ပြောသည်။

“တချို့ကလည်း တန်ဆောင်မုန်း လပြည့်နေ့ကို ပြန်ပြီးကျင်းပဖို့ ဆန္ဒ ရှိပါတယ်။ တချို့ကလည်း ခုလုပ်နေတဲ့ ပြာသိုလကို လုပ်စေချင်တဲ့ ဆန္ဒရှိတယ်။ ဒီနှစ်ခု ဝိရောဓိဖြစ်နေတာကို လာမယ့် နှစ်အတွက် ဆရာတော်ကြီးတွေရဲ့ ဩဝါဒ ပြန်ခံယူပြီး မြို့လုံးကျွတ် အစည်းအဝေး မှာ တင်ပြဖို့ရှိတယ်” ဟု ၄င်းကဆိုသည်။
ယခင်က နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့တွင် နှစ်ကျိပ်ရှစ်ဆူဘုရား ပူဇော်ပွဲ မြို့လှည့်အပူဇော်ခံခဲ့သော်လည်း လွန်ခဲ့သည့် ၆ နှစ်ဝန်းကျင်ခန့်မှစ၍ အပူဇော်ခံနေ့ကို ပြင်ဆင်သတ်မှတ်ရ ကြောင်း ဦးကြည်လင်က ပြောသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် အ ဘိဓမ္မာတရားပွဲ၊ ဘုရားငါးဆူကျောင်းတရားပွဲများရှိသည့်အပြင် ယင်းရက် သည် ကထိန်ခင်းရာသီ နောက်ဆုံးရက် နေ့ ဖြစ်သည့်အတွက် လူအများ မအား လပ်ကြသဖြင့် မြို့လုံးကျွတ် အစည်း အဝေးတွင် မြို့မိမြို့ဖများ၏ တင်ပြ ချက်အရ တန်ဆောင်မုန်းလပြည့်နေ့ အစား တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ကို မြို့လှည့် ပူဇော်ခံခဲ့ကြောင်း ဗုဒ္ဓဘာသာအသင်းကြီးမှ သိရသည်။

“(ဘုရားလှည့်မည့်နေ့ကို) ပြောင်း ရွှေ့လာတာ ၃ – ၄ ကြိမ်လောက်ရှိပါပြီ” ဟု ဦးကြည်လင်က ပြောသည်။
ဘုရားပူဇော်ပွဲနေ့ကို ပြောင်းရွှေ့ မှုများပြုလုပ်ခဲ့ရာက ယခုနှစ် ၉၀ ကြိမ် မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား မြို့လှည့် ပူဇော်ခံခြင်းကို ပြာသိုလပြည့်နေ့ ( ဇန်န ဝါရီလ ၁ )ရက်က ပြုလုပ်ခဲ့သည်။