ခွင့်ပြုချက်မဲ့ အိမ်ရာမြေကွက် ဖော်ဆောင်ရောင်းချသူ၊ ဝယ်ယူသူများကို တရားစွဲမည်

0
579

ဥယျာဉ်ခြံမြေများအား အစိုးရ၏ ခွင့်ပြုချက်မရှိဘဲ အိမ်ရာမြေ အကွက် ရိုက် ရောင်းချခြင်း၊ ဝယ်ယူခြင်း ပြုလုပ် ပါက ခိုးရောင်း ခိုးဝယ်ဟု သတ်မှတ်ကာ ရောင်းသူရော ဝယ်သူပါ တရားစွဲဆို သွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောကြားသည်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃ ရက် တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ များအား အိမ်ရာမြေကွက် ဖော်ဆောင် ကာ ပြန်လည် ရောင်းချမည့်သူများ၏ အခြားနည်း အသုံးပြုခွင့် လျှောက်ထားမှု များကိုလည်း အစိုးရမှ အခြားနည်းအသုံး ပြုခွင့် ချထားပေးမည် မဟုတ်ကြောင်း ဝန်ကြီး ဦးမြင့်စန်းက ပြောသည်။
“အိမ်ရာကွက် ဖော်ဆောင်ပြီး ပြန်လည်ရောင်းချတာမျိုး ခွင့်မပြုဘူး၊ တိကျတဲ့ အထောက်အထားရရင် တည် ဆဲလယ်ယာ မြေဥပဒေအရ တရားစွဲခံ ရမယ”ဟု ဝန်ကြီးက ဆိုသည်။

လက်ရှိ တိုင်းအတွင်း နေရာအချို့ တွင် အိမ်ရာမြေ အကွက်ရိုက် ရောင်း ချခြင်း၊ ဝယ်ယူခြင်းများရှိနေပြီး အချို့ အရောင်းအဝယ် ကိစ္စများတွင် စရန်ပေး ချေထားသည့် အဆင့်တွင်ရှိပြီး အ ကောင်အထည် မပေါ်ပါက ရောင်းသူမှ ငွေပြန်အမ်းမည်ဟု အာမခံထားကြောင်း မြေကွက်ဝယ်ယူထားသူအချို့ထံမှ သိရ သည်။
“တရားစွဲခံရမယ်ဆိုရင်တော့ စရန် မြန်မြန် ပြန်တောင်းမှရမယ” ဟု ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းလမ်း တွင် မြေတစ်ကွက် ဝယ်ယူထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇူလိုင် လခန့်က လောင်းလုံးမြို့နယ်ရှိ ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းလမ်းတွင် မြေ ကွက်ရိုက် ရောင်းချရာ ပေ ၄၀ _ ၆၀ မြေတစ်ကွက်လျှင် နေရာ အခင်းအကျင်း အရ ကျပ် ၂၅ သိန်းမှ ကျပ်သိန်း ၅၀ ကြား ဈေးပေါက် အရောင်းအဝယ် တွင်ကျယ်ခဲ့ရာ အကျိုးဆောင်ပွဲစားမှ တစ်ဆင့် ၂၅ သိန်း တန် မြေတစ်ကွက်ကို စရန် ၅ သိန်း ပေးချေဝယ်ယူမိခဲ့ကြောင်း ၄င်းအမျိုးသမီးက ပြောသည်။
အကွက်အရိုက်ရောင်းချသည့် မြေ ကွက်အများစုမှာ အရောင်းအဝယ် ပြု လုပ်ထားကြပြီး ဖြစ်ကြသည်။