ဆိုင်ကယ်လိုင်စင်လုပ်ရန် အချိန် တစ်လထပ်တိုး

0
662

တိုင်းအတွင်း လိုင်စင်မဲ့ ဆိုင်ကယ် များကို ဒေသလိုင်စင် လုပ်ရန် အချိန် တစ်လ ထပ်တိုးထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)ထံမှ သိရသည်။

ဒေသလိုင်စင်ပြုလုပ်ရန် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ နောက်ဆုံး ဟု သတ်မှတ်ထားသော်လည်း လိုင်စင် လာလုပ်သည့် ဆိုင်ကယ်အစီးရေ များ နေသေးသည့်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်အထိ အချိန်ထပ် တိုး ထားကြောင်း ကညန တိုင်းဒေသကြီး ဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။
ပြီးခဲ့သည့် အပတ်က တိုင်းအတွင်း ရှိ ကညနရုံး ၃ ရုံးတွင် ဆိုင်ကယ်အစီးရေ ၁၀ဝ ကျော် ဒေသလိုင်စင် လာလုပ်ကြ ကြောင်း သိရသည်။