မြိတ်မြို့သစ်ရပ်ကွက် လျှပ်စစ်ယူနစ် အတက်ကြမ်းဟုဆို

0
493

မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ နေ အိမ်အချို့တွင် လျှပ်စစ်ယူနစ်အတက် ကြမ်းလာသည်ဟု ယင်းရပ်ကွက်က မီး သုံးစွဲသူအချို့က ပြောသည်။
မြို့သစ်ရပ်ကွက်က နေအိမ်ငါး ဆယ်ခန့်တွင် ယခင်လများက ကျသင့် သည့် ယူနစ်များထက် နှစ်ဆသုံးဆအထိ အတက်ကြမ်းလာသည်ဟု ၎င်းတို့က ဆိုသည်။
“ပုံမှန်က တစ်လကို ယူနစ် ၃၀ ကျော်ပဲ ရှိတယ်။ နိုဝင်ဘာလကစပြီး တစ်လကို ၉၇ယူနစ်အထိ တက်သွား တယ်”ဟု မြို့သစ်ရပ်ကွက်၊ အောင် မင်္ဂလာလမ်းနေ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ မီတာ များကို (M T E) မြို့သစ် မီးလင်းရေး အဖွဲ့မှ လိုက်လံ လဲလှယ်စစ်ဆေးကာ ချိတ်ပိတ်ခဲ့ပြီးနောက် လျှပ်စစ်ယူနစ်အ တက်ကြမ်းလာခြင်းဖြစ်ကြောင်း မြို့ သစ်ရပ်ကွက်နေထိုင်သူများက ပြောသည်။
ပုံမှန် တစ်လလျှင် ၁၄၀၀၀ ကျပ် ကျနေရာမှ မီတာအား လာရောက်ချိတ် ပိတ်ခဲ့ပြီးသည့်နောက် ၃၄၀၀၀ ကျပ် အထိ ကျသင့်ခဲ့ကြောင်း မြရည်နန္ဒာ လမ်းမှ အသက် ၄၀ ခန့်ရှိ အိမ်ရှင်မ တစ်ဦးကလည်း ဆိုသည်။

“ကျွန်မအိမ် အပါအဝင် ဒီတစ် လမ်းလုံး အလဲခံရတဲ့ အိမ်တိုင်းအရင်လ ကထက် တစ်ဝက်လောက် ပိုတက်သွား လို့ ညည်းနေကြတယ်”ဟု မြို့သစ် ၃ ရပ်ကွက် အောင်ချမ်းသာ လမ်းနေ အသက် ၅၀ ခန့်ရှိ ဒေါ်ထွေးက ပြောသည်။
မီတာများကို ယင်းအဖွဲ့မှ လာ ရောက် စစ်ဆေးချိတ်ပိတ်သည့် အိမ် များနှင့် မီတာလဲခံရသည့် အိမ်များမှအပ ကျန်အိမ်များတွင် ယူနစ်ကျသင့်မှုမှာ ပုံမှန်အတိုင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ မြို့သစ်မီးလင်းရေးကုမ္ပဏီမှ ဒါရိုက်တာ(တာဝန်ခံ) ဦးသန်းထွန်းအောင် ကမူ မီတာများကို ၎င်းတို့ ကုမ္ပဏီအနေ ဖြင့် ပြင်ဆင်မှု လုံးဝလုပ်ခဲ့ခြင်းမရှိဟု ဆိုသည်။

မီတာများကို သွားရောက်စစ်ဆေး ချိန်တွင် မီတာကို လျှပ်စစ်ယူနစ်မတက် အောင် ပြုလုပ်ထားသည့် သံလိုက်တုံး များအား ဖယ်ရှားခဲ့ရပြီး ယင်းသို့ သံလိုက်တုံးများဖြင့် ထပ်မံ မပြုလုပ် နိုင်စေရန်အတွက် မီတာများကို ချိတ် ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးသန်းထွန်း အောင်က ပြောသည်။
“ထိခွင့်ပြင်ခွင့် ကျွန်တော်တို့မှာ မရှိဘူး။ မီတာဆိုတာရပ်/ပျက်/နှေးပဲ ရှိတယ်။ မြန်တာမရှိဘူး။ စံချိန် စံညွန်း နဲ့ မညီတော့တဲ့ မီတာတွေကို သူတို့ (မီးသုံးစွဲသူတွေ)ကို လဲခိုင်းတာပဲ ရှိ တယ်။ လဲခိုင်းရင်လည်း အပြင်မီတာ မလဲခိုင်း ဘူး။ EPC မီတာပဲ လဲခိုင်းတယ်”ဟု ဦးသန်းထွန်းအောင်က ဆိုသည်။
ယခင်က လျှပ်စစ်ကြိုးဟောင်းများ ဖြင့် ဗို့အားမပြည့်မမီဘဲ သုံးစွဲနေရာမှ ယခုအခါ ကြိုးအသစ်များ အစားထိုး တပ်ဆင်လိုက်သည့်အတွက် နှေးနေ သော မီတာများ ပှံမှန်ပြန်ဖြစ်လာခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

“ဗို့အား တောင့်သွားတော့ နှေးနေ တဲ့မီတာတွေ ပုံမှန်ပြန်လည်သွားတဲ့ သဘောပဲ”ဟု ၎င်းက ပြောသည်။
လျှပ်စစ်မီတာ အတက်ကြမ်းခြင်း နှင့်ပတ်သက်၍ လာရောက်တိုင်တန်းခြင်း မျိုးမရှိသေးကြောင်း မြိတ်တောင်နယ် မြေအုပ်ချုပ်ရေးမှူး ဦးတင်ဇော်က ပြော သည်။
မြို့သစ်မီးလင်းရေးကုမ္ပဏီသည် မြိတ်တောင်နယ်မြေအတွင်း မီတာအလုံး ၂၀၀၀ ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေး နေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။