အုတ်ဂူဖောက် စစ်ဆေးခဲ့ရသည့် ဆရာတော် အစာအိမ်သွေးကြောပေါက် ပျံလွန်တော်မူဟုဆို

0
536

မြိတ်မြို့နယ် သစ်ယာဝကျေးရွာ အုပ်စု သစ်ယာဝကျေးရွာတွင် အုတ်ဂူ ဖောက်ကာ စစ်ဆေးခဲ့ရသည့် ဆရာတော် သည် အစာအိမ်သွေးကြောပေါက်ပြီး ပျံ လွန်တော်မူရခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်းက ပြောကြား သည်။

သစ်ယာဝကျေးရွာရှိ ဇဝနာရာမ ကျောင်းသစ်တိုက်တွင် ဂူသွင်းထားသည့် ဆရာတော်ရုပ်ကလာပ်အား ဒီဇင်ဘာလ ၁၆ ရက်နေ့က အုတ်ဂူဖောက်စစ်ဆေး ခဲ့ပြီးနောက် ဆရာဝန်များဆေးစစ်ချက် များအရ အစာအိမ်သွေးကြောပေါက်ကာ ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်ဟုအ ကြောင်းပြန်ကြားလာကြောင်း ရဲမှူး အေးမင်းက ဆိုသည်။

“သေဆုံး(ပျံလွန်တော်မူ)ရတဲ့အကြောင်းရင်းက အစာအိမ် သွေးကြော ပေါက်တာလို့ ပြန်လာတယ်” ဟု ၄င်းက ဆိုသည်။
ဆရာတော်ရုပ်ကလာပ် တူးဖော်စစ် ဆေးစဉ်က နံရိုး ၂ ချောင်းကျိုးနေပြီး အစာအိမ်အူပြတ်နေသည်ကို တွေ့ရှိခဲ့ ရကြောင်း သစ်ယာဝရွာသား ကိုထွန်းနိုင် က ပြောပြသည်။

ယင်းအရိုး ၂ ချောင်းကျိုးနေသည်မှာ ဒဏ်ရာအဟောင်းနှင့် ဒဏ်ရာအသစ် ခွဲခြားနိုင်ခြင်းမရှိဘဲ ပျံလွန်တော်မူသည့် အကြောင်းရင်းနှင့် သက်ဆိုင်မှု မရှိ ကြောင်း ရဲမှူးက ဆိုသည်။
ဆရာတော်သည် တစ်စုံတစ်ဦး၏ ပယောဂကြောင့် ပျံလွန်တော်မူသည်ဟု ထင်မြင်ယူဆချက်ဖြင့် ရွာသားများက တိုင်ကြားလာသောကြောင့် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ် မဟုတ်ကို တူးဖော် စစ်ဆေးခြင်းဖြစ်ကြောင်းမြို့နယ် ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

ဆရာတော်ရုပ်ကလာပ်အား ဂူ သွင်းချိန်တွင် အရိုက်ခံထားရဖွယ်ရှိသည့် ဒဏ်ရာတချို့နှင့် ဂူသွင်းပြီးနောက်တွင် ဆရာတော်နှင့်သက်ဆိုင်သည့် အခန်း သော့များ ငွေသားများ ပျောက်ဆုံးနေခြင်း စသဖြင့်တွေ့ရှိခဲ့သဖြင့် ဒီဇင်ဘာလ ၃ ရက်က မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီမှ သိရသည်။

လက်ရှိအချိန်အထိ အဆိုပါကျေး ရွာတွင် ဆရာတော်သည် အသတ်ခံရဖွယ် ဖြစ်နိုင်သည်ဟု သုံးသပ်မှုများ ရှိနေ ကြောင်း ရွာသားအချို့ထံမှ သိရသည်။