နှစ်သစ်၏ပထမဆုံးနေ့ ကော့သောင်းတွင် ယာဉ်တိုက်မှုကြောင့် လူတစ်ဦးသေဆုံး

0
541

၂၀၁၈ ခုနှစ်၏ ပထမဆုံးနေ့ဖြစ် သည့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကော့ သောင်းမြို့၌ ယာဉ်တိုက်မှုကြောင့် လူ တစ်ဦးသေဆုံးခဲ့ကြောင်း ကော့သောင်း မြို့မရဲစခန်းထံမှ သိရသည်။

ကော့သောင်း-ဘုတ်ပြင်းလမ်းမ ၈ မိုင်ကွေ့ တံတားအနီးတွင် ရွှေပြည်စိုး ကျေးရွာဘက်မှလာသည့် ခရီးသည်တင် ဆောင်လာသည့် Wave-100 ဆိုင်ကယ် တက္ကစီတစ်စီးနှင့် ၁၀ မိုင်ကျေးရွာဘက်မှ လူတစ်ဦးတင်ဆောင်လာသည့် MSX ဆိုင်ကယ် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ယာဉ်တိုက်မှုကြောင့် ၄ ဦးစလုံး ကော့သောင်း ခရိုင်ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး Wave-100 ဆိုင်ကယ် မောင်းသူမှာ ဇန်နဝါရီလ ၂ ရက်က သေဆုံးခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့် ပတ် သက်၍ MSX ဆိုင်ကယ် မောင်းသူအား ကော့သောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။