လောင်းလုံးဆေးရုံ လူနာဆောင် တိုးချဲ့မည်

0
494

လောင်းလုံးမြို့နယ်ဆေးရုံတွင် လူနာဆောင်အသစ်ကို လာမည် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် တိုးချဲ့ဆောက်လုပ် ပေးရန် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနသို့ တင်ပြထားကြောင်း ဆေးရုံ အုပ် ဒေါက်တာသူဇာဝင်းက ပြောသည်။
နှစ်ဆယ့်ငါးကုတင်ဆံ့ မြို့နယ် အဆင့် ဆေးရုံတွင် လက်ရှိ လူနာဦးရေ အရ နေရာမလုံလောက်သဖြင့် လူနာ များကို ကျဉ်းကျပ်စွာ ကုသပေးနေ ရသောကြောင့် နှစ်ထပ် လူနာအဆောင် ဆောက်လုပ်ရန် တင်ပြရခြင်းဖြစ် ကြောင်း ဒေါက်တာ သူဇာဝင်းက ပြောသည်။

“ကလေး လူနာ အဆောင်ဆိုပြီး လည်း သီးခြားမရှိဘူး၊ အမျိုးသမီး အဆောင်နဲ့ တွဲထားနေရတယ်”ဟု ဒေါက်တာ သူဇာဝင်းက ဆိုသည်။
ယင်းအပြင် ဆေးနှင့် ဆေးပစ္စည်း များမှာလည်း ယခင်ကထက် ပိုများလာ သဖြင့် သိုလှောင်ခန်းများလည်း ယခင် ကထက် ပိုမို လိုအပ်လာကြောင်း ၎င်းက ဆိုသည်။

လက်ရှိ လောင်းလုံးမြို့နယ်၏ လူဦးရေအရ လူနာဆောင် တိုးချဲ့ပေး သကဲ့သို့ ဆေးရုံကိုလည်း ကုတင်တိုး မြှင့်ပေးရန်လည်း လိုအပ်နေပြီ ဖြစ် ကြောင်း လောင်းလုံးမြို့ မြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးလေးမြင့်က မှတ်ချက် ပြုသည်။
“အဆောင်ဆောက်ဖို့ တင်ပြပေး တာ ကောင်းပါတယ်။ နည်းနည်း ဖြစ် တာနဲ့ ထားဝယ်ဆေးရုံကို သွားနေရ တော့ မလိုအပ်ဘဲ ကုန်ကျစရိတ် များနေတာတွေ လျှော့ချနိုင်လာအောင် ပေါ့”ဟု ဦးလေးမြင့်က ဆိုသည်။

ယင်းဆေးရုံတွင် ဆေးရုံအုပ် အပါအဝင် ဆရာဝန် ၅ ဦး၊ အထက်တန်း သူနာပြု ၇ ဦး၊ သူနာပြု ၁၀ ဦးနှင့် စာရေး၊ ဓာတ်ခွဲကျွမ်းကျင်၊ ဆေးဘက် ကျွမ်းကျင် စသည့် အခြားဝန်ထမ်း ၂၂ ဦး စုစုပေါင်း ဝန်ထမ်း အင်အား ၄၅ ဦးရှိကြောင်း သိရသည်။