မွန်တွင် တစ်နှစ်အတွင်း ပညာရေးဝန်ထမ်း ၈ ဦး ထုတ်ပယ်ခံရ

0
415

မွန်ပြည်နယ်တွင်၂၀၁၇ ခုနှစ် တစ် နှစ်အတွင်း လုပ်ငန်းတာဝန်ပျက်ကွက် မှုဖြင့် ပညာရေးဝန်ထမ်း ၈ ဦးကို တာ ဝန်မှ ထုတ်ပယ်ခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
တာဝန်မှ ထုတ်ပယ်ခံရသည့် ပညာရေး အမှုထမ်း၊ အရာထမ်းများမှာ ရေးမြို့နယ်မှ ၂ ဦး၊ ကျိုက်မရောမြို့နယ်မှ ၂ ဦး၊ ကျိုက်ထိုမြို့နယ်မှ တစ်ဦး၊ မော်လမြိုင်မြို့နယ်မှ တစ်ဦး၊ မုဒုံမြို့နယ်မှ တစ်ဦးနှင့် ချောင်းဆုံမြို့နယ်မှ တစ်ဦး တို့ ဖြစ်သည်။

“ထုတ်ပယ်ခံရတဲ့ ပညာရေးဝန် ထမ်းရှစ်ဦးက လုပ်ငန်းခွင်မှာ မရှိကြ ဘူး။ ပညာရေးမှူးရုံးက စာနဲ့ သုံးကြိမ် သတိပေးမှု လုပ်တယ်၊ ခေါ်ယူဆွေးနွေး မှုလုပ်တယ်၊ အကြောင်းမပြန်ဘူး၊ အကြောင်းမပြန်တော့ တာဝန်မှ ထုတ်ပယ် ခဲ့တယ်”ဟု မွန်ပြည်နယ်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တာဝန်ပျက်ကွက်သည့် ဝန်ထမ်း ၈ ဦးကို မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တိုက်ရိုက်ထုတ်ပယ်သည့် ဝန်ထမ်းရှိ သလို နေပြည်တော်ရုံးချုပ်မှ ထုတ်ပယ် လိုက်သည့် ဝန်ထမ်းလည်းရှိကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်ပြော သည်။

ယင်းပြင် ဝန်ထမ်းစည်းမျဉ်းစည်း ကမ်းဖောက်ဖျက်ကျူးလွန်သည့် ဝန် ထမ်းအချို့တို့ကိုလည်း စာဖြင့် သတိပေး ခြင်းနှင့် ပညာရေးမှူးထံ ခေါ်ယူသတိပေး ခြင်းများ ဆောင်ရွက်ထားကြောင်း ပညာ ရေးမှူးရုံးမှ သိရသည်။
မြန်မာတစ်နိုင်ငံလုံးတွင် ပြီးခဲ့ သည့် ပညာသင်နှစ်နှင့် ယခုပညာသင် နှစ် ဩဂုတ်လထိ ပညာရေးဝန်ထမ်း ၈၄၀ ဦးကို အရေးယူထားကြောင်း၊ ထိုအနက် အမှုထမ်း၊ အရာထမ်း ၈၅ ဦးကို ပညာ ရေးဝန်ထမ်းအဖြစ်မှ ထုတ် ပယ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်တွင် NLD အစိုးရ တာဝန်ယူဆောင်ရွက်ခဲ့သည့် တစ်နှစ် ကျော်ကာလအတွင်း အကျင့်ပျက်ခြစား မှုနှင့် ပတ်သက်ပြီး အရေးယူထားသည့် ဌာနများအနက် ပညာရေးဌာနသည် အ များဆုံးအဖြစ် ၁၄ မှုရှိကြောင်း ဒုတိယ အကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစဉ်းအဝေးကျင်းပခဲ့စဉ်က မွန် ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖြေကြားထား ခဲ့သည်။