ကော့သောင်းတွင် မွန်အမျိုးသားနေ့ အခမ်းအနား နေရာပြောင်း ကျင်းပမည်

0
391

ကော့သောင်းတွင် ယခုနှစ် မွန် အမျိုးသားနေ့ပွဲတော်ကို နေရာပြောင်း ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ဖြစ် မြောက်ရေးနာယက ဦးမင်းမြင့်အောင် က ပြောသည်။
နှစ်စဉ် တပို့တွဲလဆန်း ၁ ရက်နေ့ တွင် ကျရောက်သည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ပြီးခဲ့သည့်နှစ်က အမိ မြေအိမ်ရာကွင်းတွင် ကျင်းပခဲ့သော် လည်း ယခုနှစ်တွင် ဘန်းကချွန်ကျေးရွာရှိ ပျဉ်းမတောကျောင်းသို့ ပြောင်းရွှေ့ကျင်း ပမည်ဖြစ်ကြောင်း ဦးမင်းမြင့်အောင်က ဆိုသည်။

“မွန်လူမျိုးတွေက နေရာတိုင်းရှိနေ တော့ အခုကျင်းပမယ့် နေရာက သူတွေ ကလည်း မနှစ်ကတည်းက သူတို့နေရာ မှာ ကျင်းပချင်တယ်လို့ တောင်းဆိုထား တယ်၊ ကျင်းပရေးအင်္ဂါရပ်တွေနဲ့လည်း ညီတော့ ခုလိုလွှဲပြောင်း ကျင်းပတာ” ဟု ၎င်းက ဆိုသည်။
လာမည့်မွန်အမျိုးသားနေ့သည် ၇၁ နှစ်မြောက် မွန်အမျိုးသားနေ့ဖြစ်ပြီး ကော့သောင်းတွင် ၆ ကြိမ်မြောက် ကျင်း ပမည့် အခမ်းအနားဖြစ်ကြောင်း ပွဲတော် ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။

မွန်အမျိုးသားအနေ့အခမ်းအနား တွင် အလံတင်ခြင်းအခမ်းအနား၊ ထမနဲ ထိုးပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ လေ့ရှိသည်။
ကော့သောင်းမြို့နယ်တွင် မွန် လူမျိုး ၁၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။