မြိတ်ဟိုတယ်နှင့် ခရီးသွားသင်တန်းကျောင်းဆောက်မည့်နေရာ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရန် တင်ပြထားဟုဆို

0
428

မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု တောရကျောင်းရပ်တွင် ဟိုတယ်နှင့် ခရီး သွားသင်တန်းကျောင်း ဆောက်လုပ်မည့် နေရာကို စားကျက်မြေအဖြစ်မှ ပယ်ဖျက် ရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြ ထားကြောင်း တိုင်းအစိုးရအဖွဲ့မှ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်း ထွန်းက ပြောသည်။
သင်တန်းကျောင်း တည်ဆောက် မည့် မြေနေရာအပါအဝင် တစ်ဆက်စပ် တည်းရှိ မြေ ၄ ဧကကျော်အား စား ကျက်မြေမှ ဖယ်ရှားခွင့်ပြုရန် ပြီးခဲ့သည့် တစ်လနီးပါးခန့်က တင်ပြထားကြောင်း ဝန်ကြီးဦးဖြိုးဝင်းထွန်းက ပြောသည်။

“သိပ် မကြာလောက်တော့ဘူး။ ထင်တယ်။ တင်ထားပြီးဆိုတော့ ကျ လာ မှာပါ”ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
အဆိုပါ ဟိုတယ်နှင့် ခရီးသွားသင် တန်းကျောင်းသည် တနင်္သာရီတိုင်းဒေသ ကြီးအတွင်း ပထမဦးဆုံးဆောက်လုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံသား လုပ်ငန်းရှင်များ စုပေါင်းပြီး လှူဒါန်းငွေ ဖြင့် လုပ်မည်ဖြစ်ကာ ကနဦးတွက်ချက် မှုအရ ဒေါ်လာတစ်သန်းခန့်(မြန်မာငွေ ၁၃၀၀ ကျပ်ကျော်) ကုန်ကျမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

မြေ ၄ ဧကကျော်တွင် ဟိုတယ် သင်တန်းကျောင်း အပါဝင် ပညာရေးမှူး ရုံး၊ ဗဟိုစာရင်းအင်းရုံး၊ စားသုံးသူရေး ရာရုံး၊ ရပ် / ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာတို့ ဆောက်လုပ်မည်ဖြစ် ကြောင်း သိရသည်။
သင်တန်းကျောင်း ဆောက်လုပ်ရန် အတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောတူထားပြီးဖြစ် ကြောင်း ဦးဖြိုးဝင်းထွန်းက ပြော သည်။
ဟိုတယ်သင်တန်းကျောင်း ဆောက် လုပ်ပြီးပါက ဟိုတယ်ခရီးသင်တန်းများ ကို ရန်ကုန်မြို့တွင် သွားရောက်သင် ကြား နေရသည့် အခက်အခဲမှ ဖြေရှင်း နိုင်မည်ဖြစ်ပြီး သင်တန်းကျောင်းတွင် အခမဲ့ တက်ရောက်သင်ကြားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ သင်တန်းကျောင်း တည် ဆောက်ရန် ၂၀၁၇ ခုနှစ်ဇွန်လကတည်းက စတင် စီစဉ်ခဲ့သော်လည်း ကြန့်ကြာ နေသည်ဟု ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။

သင်တန်းကျောင်းဆောက်လုပ်ရန် ကြန့်ကြာနေခြင်းမှာ မြေနေရာကို စား ကျက်မြေအဖြစ်မှ ပယ်ဖျက်ခွင့်မရသေး ခြင်းကြောင့်ဖြစ်ကြောင်း မြိတ်ခရိုင် ခရီး သွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဦးက ပြောသည်။
မြိတ်ခရိုင်အတွင်း လိုင်စင်ရဟို တယ် ၉ ခု၊ တည်းခိုရိပ်သာ ၆ လုံး၊ ခရီး သွားဝန်ဆောင်မှုလုပ်ငန်း ၂၀ ကျော် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှုဦးစီးဌာန (မြိတ်ရုံးခွဲ)မှ သိရသည်။