ရန်ကုန်အဝယ်လိုက်ခြင်းကြောင့် မြိတ်ဒေသထွက် စပါးဈေးတက်

0
497

ရန်ကုန်က အဝယ်လိုက်လာသည့် အတွက် မြိတ်ဒေသထွက်စပါးများ ဈေး တက်လာကြောင်း မြိတ်ခရိုင် ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင် ထွေးက ပြောသည်။
ယမန်နှစ်က စပါးတစ်တင်းလျှင် ကျပ် ၃၅၀၀နှင့် ကျပ် ၄၀၀၀ ကြားသာ ရှိခဲ့ပြီး ယခုနှစ်တွင်မူ ကျပ် ၅၀၀၀ မှ ကျပ် ၅၅၀၀ အထိ ဈေးတက် လာကြောင်း မြိတ်စပါး ဈေးကွက်အတွင်းမှ သိရသည်။

“ရန်ကုန်ဘက် အဝယ်လိုက်လာသ လို ဒီနှစ်လယ်သမားတွေ လယ်လုပ်တဲ့ စရိတ်ကလည်း မြင့်လာတယ်။ အလုပ် သမားရှားတော့ လုပ်အားခတွေလည်း မြင့်လာတော့ သူတို့အနေနဲ့လည်း ကိုက်အောင် ကျပ် ၅၀၀၀ ဈေးထပ် မကျအောင် ထိန်းပြီး ဝယ်ပေးနေရတယ်”ဟု မြိတ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။

ဒေသထွက်ဆန်ဆိုသော်လည်း နည်းပညာမြင့် ခေတ်မီစက်ကြီးများဖြင့် ထုတ်လုပ်နိုင်လာသောကြောင့် ရန်ကုန် ဆန်နီးနီး အရည်အသွေးရှိလာသဖြင့် ယခုနှစ်တွင် ရန်ကုန်သို့ တင်ပို့မှုများ လာကြောင်း ကျောက်ဖျာရွာရှိ ဥု ဆန်စက် လုပ်ငန်းပိုင်ရှင်လည်း ဖြစ်သူ ဦးမောင်ထွေးက ဆိုသည်။
မြိတ်မြို့တွင် စပါးဈေးတက်သည့် အတွက် နယ်ဘက်က စပါးဈေးများ လည်း လိုက်တက်သွားသည်ဟု တောင် ရှည်ကျေးရွာမှ ဆန်စက်လုပ်ငန်း ရှင် ဦးမောင်အေးက ပြောသည်။

မြိတ်တွင် ယခုနှစ် စပါးထွက်နှုန်း များ လျော့ကျခဲ့ပြီး ယခင်နှစ်ထက် ထက်ဝက်နီးပါးအထိ လျော့ကျခဲ့ကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
ဈေးတက်ခြင်းမှာ စပါးအထွက်နှုန်း လျော့ကျ၍မဟုတ်ဘဲ အရည်အသွေး ကောင်းမွန်လာပြီး အဝယ်လိုက်လာခြင်း ကြောင့်ဖြစ်ကြောင်း မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။