ကုန်ဈေးနှုန်းကျစေချင်လျှင် ဟင်းတစ်မယ်သာစားရန် မွန်ဝန်ကြီးချုပ်ပြော

0
476

ကုန်ဈေးနှုန်းကျစေချင်လျှင် ဟင်း တစ်မယ်သာ ချက်စားရန် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆို လိုက်သည်။
ဇန်နဝါရီ ၃ ရက်က သထုံမြို့ ရှိ သုဝဏ္ဏဘူမိခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည့် အစိုးရ၊ လွှတ်တော်နှင့် ပြည်သူ လူထုတွေ့ဆုံပွဲ၌ အထွေထွေကုန်ဈေးနှုန်း မြင့်တက်နေမှုနှင့် ပတ်သက်ပြီး သထုံဒေ သခံတစ်ဦး၏ တင်ပြမှုအပေါ် မွန်ပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်အနေဖြင့် ဗိုလ်ချုပ် အောင်ဆန်း ပြောကြားခဲ့သည့် အင်္ဂလန် နှင့်ရုရှားတို့၏ စစ်ပြီးကာလချိန် ခြိုးခြံ ချွေတာခဲ့သည့် အခြေအနေကို ဥပမာပေး ပြီး ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ဗိုလ်ချုပ်အောင်ဆန်းပြောတာ မ မှတ်မိဘူးလား။ အခုအချိန်မှာ အင်္ဂလန် တို့ ရုရှားတို့မှာ သူတို့ဆီမှာ စစ်ပြီးသွား တဲ့ အချိန်မှာ လူတစ်ယောက်ကို ဟင်း တစ်မယ်နဲ့ ထမင်းပဲစားတယ်။ သူတို့ ခြိုးခြံ ချွေတာတာ၊ ကျွန်တော်တို့ နိုင်ငံ လည်း ဆင်းရဲတယ်။ ဟင်းတစ်မယ်ပဲ စားကြရမယ်။ လက်ဖက်ရည်ဆိုင်မှာ လည်း မထိုင်ရဘူး။ ဟင်းတစ်မယ်ပဲ အိမ်မှာ ချက်စားမယ်ဆို ကုန်ဈေးနှုန်းက မကျဘူးလား”ဟု ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံမှ ဝက်၊ ဟင်း သီးဟင်းရွက်များ တင်သွင်းနေရသည့် အခြေအနေမှ ပြန်လည်ရုန်းထွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူအနေဖြင့်လည်း ချွေတာပြီး ရင်းနှီးမြှုပ်နှံမှုမှာ များများ ထည့်ရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးကို အားစိုက်လုပ်ကိုင်သင့်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့သည်။
“ကုန်ဈေးနှုန်းကျချင်ရင် လွယ်ပါ တယ်၊ အလှူတွေ မလုပ်နဲ့ဗျာ၊ ဟင်း တစ်မျိုးပဲ။ အလှူမှာ ဟင်း ၁၀ မျိုး ရှိ တယ်။ တစ်မျိုးပဲလုပ်လွယ်ပါတယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြော သည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သည့် လူထုတို့ကလည်း ၎င်းတို့ ရင် ဆိုင်ကြုံ တွေ့နေရသည့် အခက်အခဲများ တင်ပြကြကာ ဆွေးနွေးခဲ့ကြသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လူထုနှင့် အစိုးရအကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် လူထုတွေ့ဆုံ ပွဲကို မြို့နယ်အလိုက် ကျင်းပလျက် ရှိကာ သထုံမြို့နယ်တွင် ပထမဆုံးအ ကြိမ် ကျင်းပခြင်း ဖြစ်သည်။

သထုံမြို့နယ် လူထုတွေ့ဆုံပွဲသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော် အဖွဲ့၊ ဌာနဆိုင်ရာများ မြို့သူမြို့သား များ ၅၀၀ ကျော် တက်ရောက်ကြသည်ဟု သိရသည်။