ထားဝယ်တက္ကသိုလ် သတင်း မိုဘိုင်း APP ရေးဆွဲ

0
1329

ထားဝယ်တက္ကသိုလ်နှင့်Khoo နည်းပညာကုမ္ပဏီ ပူးပေါင်းကာ Dawei University မုန်ဘိုင်း APP တစ်ခု ရေးဆွဲ လျက်ရှိကြောင်း ယင်း တက္ကသိုလ်ထံမှ သိရသည်။
ထားဝယ် တက္ကသိုလ်ရှိ ဌာန အသီးသီးမှ ပညာရပ်ဆိုင်ရာများ၊ အား ကစားလှုပ်ရှားမှုများ၊ အောင်စာရင်းများ စသည့် သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြပေးနိုင်ရန် ယင်း APPကိုရေးဆွဲခြင်း ဖြစ်ကြောင်း အထက်ပါ တက္ကသိုလ် ဓာတုဗေဒ ဌာနမှ ကထိကဆရာ ဦးမျိုးသန်းက ပြောသည်။
“အခုကတော့ APP မထွက် လာသေးဘူး။ သတင်းတွေ ဝေဝေဆာ ဆာ ဖြစ်လာပြီဆိုတဲ့ အချိန်မှ အဲဒီ APP ကို ထုတ်ပေးမှာပါ”ဟု ၎င်းက ဆိုသည်။
APPတွင် သတင်းအချက်အလက် တင်ပုံ တင်နည်းများကို ထားဝယ် တက္ကသိုလ်ရှိ ဌာန အသီးသီးက ဆရာ၊ ဆရာမအချို့ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၀ မှ ၃၁ ရက်အထိ သင်တန်းပို့ချ ပေးထားပြီးဖြစ်ကြောင်း ဦးမျိုးသန်းက ပြောသည်။

ယင်း APP ထွက်ရှိလာပါက ကျောင်းသား၊ ကျောင်းသူများ အထူး သဖြင့် အဝေးသင် ကျောင်းသား၊ ကျောင်းသူ များအတွက် သတင်းအချက် အလက် ယခင်ကထက် ပိုမိုလွယ်ကူစွာ ရရှိနိုင် လာမည်ဟု မျှော်လင့်ကြောင်း ထားဝယ် တက္ကသိုလ် ဥပဒေ စတုတ္ထနှစ် ကျောင်းသား မောင်ဝေယံကျော်က ပြောသည်။
“ဘယ်နေ့မှာ ဘယ်လို လှုပ်ရှားမှု တွေ လုပ်မယ်ဆိုတာမျိုး။ ကျောင်းသူ၊ ကျောင်းသားတွေကို အဲဒီကနေတစ်ဆင့် ကြိုပြီး သတင်းအချက်အလက် ပေးနိုင် မယ်ဆိုရင် ပိုကောင်းမယ်” ဟု ကိုဝေယံ ကျော်က ဆိုသည်။

လက်ရှိတွင် အဝေးသင်ကျောင်း သားများအတွက် အစီအစဉ်မရှိသေးဘဲ နောက်ပိုင်းတွင် အဝေးသင်ကျောင်းသား များအတွက်ပါ ထည့်သွင်းပြီး သတင်း အချက်အလက် ပေးနိုင်ရန် စီစဉ်ဆောင် ရွက်မည်ဖြစ်ကြောင်း ဦးမျိုးသန်းက ပြောသည်။
တိုင်းအတွင် ၂၀၁၇ ခုနှစ် စက်တင် ဘာလတွင် မြို့ခံလူငယ်တစ်ဦး ရေးဆွဲ သည့် ထားဝယ်လမ်းညွှန် မိုဘိုင်း APP၊ မတ်လက ထားဝယ်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများ ရေးဆွဲ သည့် ထားဝယ် ခရီးသွားလမ်းညွှန် APP တို့ ထွက်ရှိခဲ့ဖူးသည်။