မြန်မာနိုင်ငံမြောက်စွန်းမှ တောင်စွန်း စက်ဘီးစီးသူနှစ်ဦး ကော့သောင်းတွင် ခရီးစဉ် အဆုံးသတ်

0
542

မြန်မာပြည်မြောက်စွန်းမှတောင်ဘက်စွန်းသို့မိုင်ပေါင်းတစ်ထောင်ကျော်စက်ဘီးဖြင့်ခရီးနှင်လာသည့်အမျိုးသားနှစ်ဦးသည်ကော့သောင်းမြို့သို့ဒီဇင်ဘာလ၂၄ရက်ရောက်ရှိလာခဲ့ပြီးခရီးစဉ်ကိုအဆုံးသတ်ခဲ့သည်။အဆိုပါစက်ဘီးစီးအမျိုးသားနှစ်ဦးသည်ပြီးခဲ့သည့်နိုဝင်ဘာလ၂၇ရက်ကကချင်ပြည်နယ်၊ပူတာအိုမြို့မှစတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီးကော့သောင်းမြို့သို့တစ်လနီးပါးအကြာစီးနင်းခဲ့ခြင်းဖြစ်သည်။

“ဒီခရီးစဉ်ကိုစီစဉ်ရတဲ့အကြောင်းရင်းကသဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့၊တိုင်းရင်းသားပြည်သူတွေရဲ့ဘဝနေထိုင်မှုတွေကိုပိုမိုသိရှိစေဖို့၊စက်ဘီးအားကစားနည်းဖွံ့ဖြိုးလာဖို့၊ရုပ်ြွကင်းလောင်စာအသုံးပြုမှုလျှော့ချဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဒီခရီးစဉ်ကိုစီစဉ်ဖြစ်တာပါ”ဟုစက်ဘီးစီးသမားတစ်ဦးဖြစ်သည့်ကိုမျိုးမြင့်ဗိုလ်ကပြောသည်။အဆိုပါစက်ဘီးစီးသူနှစ်ဦးသည်Yangon Freedom Cyclistsအဖွဲ့ဝင်များဖြစ်သည့်ကိုမျိုးမြင့်ဗိုလ်နှင့်ကိုစိုင်းထွဋ်ဇော်မင်းတို့ဖြစ်ပြီးင်းတို့သည်မိုင်ပေါင်း၁၇၅၃မိုင်ရှိသည့်ပူတာအိုမြို့မှကော့သောင်းမြို့သို့စီးနင်းခဲ့ကြခြင်းဖြစ်သည်။

လမ်းတစ်လျှောက်ရှိမြို့များတွင်ဌာနဆိုင်ရာအဖွဲ့အစည်းများကအကူအညီပေးခဲ့ကြပြီးစက်ဘီးစီးအဖွဲ့များကသက်ဆိုင်ရာမြို့အလိုက်လိုက်ပါစီးနင်းခဲ့ကြသည့်အပြင်ကော့သောင်းမြို့တွင်လည်းအပျော်တမ်းစက်ဘီးစီးအဖွဲ့ကသွားရောက်ကြိုဆိုခဲ့ကြောင်းသိရသည်။