ထားဝယ်ကမ်းနားလမ်း စီမံကိန်း ၂၀၁၈ စမည်

0
537

ထားဝယ်မြစ်ကမ်းနဖူးတစ်လျှောက်ရှိဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို၂၀၁၈ခုနှစ်အတွင်းစတင်နိုင်မည်ဖြစ်ကြောင်းတိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးကြည်လှိုင်ကပြောကြားသည်။စီမံကိန်းအားအပိုင်းလိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီးဆိပ်ကမ်းသာလမ်းမြောင်းပုလဲချောင်းတံတားမှကမ်းနားဈေး(အာဇာနည်လမ်းထောင့်)အထိပေ၁၄၀ဝအား၂၀၁၈ခုနှစ်အတွင်းအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းဦးကြည်လှိုင်ကပြောသည်။

“ယာယီပုံကြမ်းတော့ရှိပြီပေါ့၊မြိတ်(ကမ်းနားလမ်း)ပုံစံမျိုးပဲပေါ့။၂၀၁၈ထဲမှာတော့ဖြစ်(လုပ်ငန်းစတင်)နိုင်မယ်”ဟုဝန်ကြီးဦးကြည်လှိုင်ကပြောသည်။လက်ရှိတွင်တိုင်းစည်ပင်မှလုပ်ငန်းစီမံချက်အစီရင်ခံစာရေးဆွဲနေကြောင်းဝန်ကြီးကပြောသည်။စီမံကိန်းတွင်လက်ရှိဆိပ်ကမ်းသာလမ်း(၁၈ပေအကျယ်)အား၃၆ပေအကျယ်ကွန်ကရစ်လမ်းအဖြစ်တိုးချဲ့ခြင်း၊မြစ်ကမ်းကျောက်စီနံရံတည်ဆောက်ခြင်း၊ကမ်းနဖူးလက်ရန်းနှင့်၆ပေအကျယ်လူသွားပလက်ဖောင်းတည်ဆောက်ခြင်းတို့ပါဝင်ရန်လျာထားရေးဆွဲကာတိုင်းအစိုးရအဖွဲ့သို့တင်ပြထားကြောင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးကပြောသည်။

ကမ်းနဖူးနှင့်လူသွားပလက်ဖောင်း၊ဆိပ်ကမ်းသာလမ်းကြားကွက်လပ်မြေနေရာအားအပြောင်ရှင်းမြေဖို့ကာအများပြည်သူနှင့်သက်ဆိုင်သောနေရာအဖြစ်ချန်ထားနိုင်ရေးလျာထားကြောင်းညွှန်ကြားရေးမှူးကပြောသည်။ယင်းဆိပ်ကမ်းသာလမ်းဖွံ့ဖြိုးမှုရေရှည်တည်တံ့ရေးအတွက်စီမံကိန်းအားကျွမ်းကျင်အင်ဂျင်နီယာတို့၏ဒီဇိုင်းဖြင့်ပြုလုပ်သင့်ကြောင်းထားဝယ်မြို့မြို့မိမြို့ဖတစ်ဦးဖြစ်သူဦးထွန်းကြည်ကပြောသည်။

“ရည်ရွယ်ချက်ကောင်းတယ်၊တဖြည်းဖြည်းလုပ်သွားမယ့်သဘောပေါ့၊အဓိကကတော့ဒီဇိုင်းကောင်းဖို့လိုတယ်၊ပြီးရင်ကျူစီQuality
Control)အတိုင်းမှန်မှန်ကန်ကန်လုပ်ဖို့လိုတယ်”ဟုဦးထွန်းကြည်ကပြောသည်။