လှေသားတစ်ဦး လှေပိသေဆုံး

0
503

မြိတ်မြို့၊ ရေနံမြေရပ်တော လှေဆိပ်အနီး၌ ဒီဇင်ဘာ ၂၅ ရက် ညက လှေလုပ်သားတစ်ဦး လှေပိပြီး သေဆုံး ခဲ့ကြောင်း အဆိုပါ ရပ်ကွက်ရှိ ရာအိမ်မှူး နှင့် မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
ရေနံမြေရပ် ဦးမြင့်အောင် ရေခဲချ တံတားနံဘေး ဆိုက်ကပ်ထားသော ပိုက်လှေအောက်တွင် လူတစ်ဦး လှေပိ သေဆုံးနေသည်ကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၇ နာရီခန့်က တွေ့ရှိရသဖြင့် မြိတ်မြို့မ ရဲစခန်းသို့ သတင်းပေး တိုင် ကြားခဲ့ကြောင်း ရာအိမ်မှူး ဦးမျိုးဆွေ က ပြောသည်။

“သူက လှေထဲမှာ တစ်ယောက် တည်း နေတယ်။ လှေစောင့်ပေါ့။ ညက လှေထဲ ဆင်းရာမှာ ချော်ကျပြီးတော့ ပြန်မတက်နိုင်ဘဲ ရေကျချိန် လှေပိပြီး သေသွားတယ်လို့ ဒီလိုပဲ ထင်တယ်။ မနက် ၇ နာရီ လောက်မှ ကျွန်တော်တို့ လည်း သိရတာ”ဟု ရေနံမြေရပ်ကွက် ရာအိမ်မှူး ဦးမျိုးဆွေက ပြောသည်။
သေဆုံးသူသည် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး နေပြည်တော်၊ ပျဉ်းမနားမြို့၌ နေထိုင် သူ ဖြစ်ကြောင်း မြိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
“လူပျိုလူလွတ်လို့ ပြောတယ်။ ဦးလေးလှေမှာ လာလုပ်တာ တစ်လပဲရှိ သေးတယ်”ဟု လှေပိုင်ရှင် ဦးထွန်းစံက ပြောသည်။

အလောင်းတွင် ပြင်ပဒဏ်ရာ မတွေ့ရဘဲ ရေနစ်သည့်လက္ခဏာသာ တွေ့ရှိရပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်^မဟုတ်ကို ဆက်လက်စုံစမ်း စစ် ဆေးလျက်ရှိကြောင်း မြိတ်ရဲစခန်းမှ သိရ သည်။
သေဆုံးသူသည် ယင်းည ၁၀ နာရီခန့်တွင် လှေဆိပ်အနီး၌ အရက် ပုလင်းတစ်လုံး ကိုင်ဆောင်ကာ မူးနေ သည့် လက္ခဏာတွေ့ရကြောင်း လှေ ဆိပ်အနီးအနား နေထိုင်သူအချို့က ပြောသည်။