ဖျက်ဆီးခဲ့သည့် ပါဝါအိပ်ဇော တန်ဖိုးကျပ် သိန်းသုံးရာကျော်

0
434

တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆူညံပါဝါအိပ်ဇောများကို ဖျက်ဆီးခဲ့ သည်မှာ ကျပ်သိန်းသုံးရာကျော် တန်ဖိုး ရှိနေပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောကြားသည်။
မြိတ်မြို့ ကမ်းနားလမ်းMyeik Shopping Centre ရှေ့တွင် ဒီဇင်ဘာ လ ၂၈ ရက်က ပြုလုပ်သည့် ဆူညံ အိပ်ဇောမျိုးစုံ ၂၀၀ လုံးကျော်အား လမ်းကြိတ်စက်ဖြင့် ကြိတ်နင်း ဖျက် ဆီးသည့် အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“၃၂၈ သိန်းသော ငွေကို ပညာ ရေးမှာသုံးမလား ကျန်းမာရေးမှာ သုံး မလား ချို့တဲ့တဲ့ တချို့နေရာတွေမှာ ထောက်ပံ့ ပေးမလား လမ်းပန်း ဆက် သွယ်ရေး တစ်ခုခုမှာ သုံးနိုင်မလား အကျိုး ရှိရှိ အသုံးချမယ်ဆိုရင် အင်မတန်ကို အကျိုးရှိမယ့် ကိစ္စဖြစ်တယ်”ဟု ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။
တိုင်းအတွင်း ပထမအကြိမ်အဖြစ် ထားဝယ်မြို့တွင် ပါဝါအိပ်ဇော အလုံး ရေ ၂၅၀နှင့် မြိတ်မြို့တွင် အလုံး ၁၅၀၊ ကော့သောင်းတွင် ၂၀၃ လုံး စုစုပေါင်း ၆၀၃ လုံးတို့အား ဖျက်ဆီးပြီး ဖြစ်ကာ မြိတ်တွင် နောက်ဆုံး ဖျက်ဆီး သည့် ၂၁၇ လုံးနှင့် ပေါင်းပါ က ၈၂၀ လုံး ရှိခဲ့ကြောင်း ၎င်းက ဆို သည်။

ပါဝါအိတ်ဇောများမှာ ကျပ်နှစ် သောင်းဝန်းကျင်မှ နှစ်သိန်းကျော်အထိ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း ဈေးကွက် အတွင်းမှ သိရသည်။
“အသံဆူညံစွာနဲ့ အိပ်ဇောသံ စည်းကမ်းပျက်ယာဉ်တွေကို ဆက်လက် ဖမ်းဆီး အရေးယူသွားမယ်”ဟု အမှတ် ၇၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးကိုကိုက ပြောသည်။

ထို့ပြင် အရောင်းဆိုင်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေစစ်ဆေး အရေးယူ မည်ဖြစ်ကြောင်း အမှတ် ၇၆ ယာဉ် ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးမှ သိရသည်။