မြို့နယ်ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းရေး စပြင်

0
423

တိုင်းအတွင်း မြို့နယ် ဘောလုံး အဖွဲ့ချုပ်များ ဖွဲ့စည်းနိုင်ရန် စတင် ပြင်ဆင်သည့်အနေဖြင့် ရှင်းလင်းပွဲ တစ်ခုကို ထားဝယ်မြို့၊ တိုင်းအားကစား ကွင်း အစည်းအဝေးခန်းမတွင် ဇန်နဝါ ရီလ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း တိုင်း အား/ကာ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြော သည်။

မြို့နယ်အဆင့် ဘောလုံးအဖွဲ့ချုပ် များ ဖွဲ့စည်းရာတွင် လိုက်နာရမည့် သတ်မှတ် စည်းကမ်းချက်များ၊ ပါဝင်ရ မည့် အဖွဲ့အစည်းများ စသဖြင့် သိရှိရမည့် အချက်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဆောက်သမ်းမြန်မာ Fဃ အသင်း နည်းပြ၊ အားကစားနှင့် ကာယပညာဦးစီဌာန ဒုတိယ ညွှန်ကြား ရေးမှူးချုပ်တို့က လာရောက်ရှင်းလင်း မည်ဖြစ်သည်။

“တို့တိုင်းထဲက မြို့နယ်အားက စားမှူးတွေက အဓိကထားပြီးတော့ အလုပ်လုပ်ရမှာ ဆိုတော့ သူတို့ကို လာရှင်းပြတာပါ”ဟု ဦးစိုးမိုးနိုင်က ပြောသည်။
ထားဝယ်မြို့နယ်တွင် ယင်းရှင်း လင်းပွဲမတိုင်ခင် ပြည်သူများထံမှ အကြံပြုချက်များကို ရယူသွားမည်ဖြစ်ပြီး အကြံပြု ဆွေးနွေးပွဲလုပ်မည့်နေ့ကို တိုင်းအားကစားဌာနနှင့် ညှိနှိုင်းကာ အသိပေးမည်ဟု ထားဝယ်မြို့နယ်အား ကစားမှူး ဦးသန်ဇော်မိုးက ပြောသည်။

“ထားဝယ်မြို့နယ်မှာရှိတဲ့ ဘော လုံးအားကစားသမားတွေနဲ့ စိတ်ဝင် စားတဲ့သူတွေ ဘောလုံးအဖွဲ့ချုပ် ကိစ္စ နဲ့ ပတ်သက်ပြီး လာရောက် အကြံပြု ဆွေးနွေးနိုင်ပါတယ်”ဟု ဦးသန်းဇော်မိုး က ပြောသည်။

ယင်း မြို့နယ် ဘောလုံးအဖွဲ့ ချုပ်များသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ဘောလုံးအားကစား ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ အကောင် အထည်ဖော်ရမည် ဖြစ်ကြောင်း တိုင်း အား^ကာထံမှ သိရသည်။