ဖေ့စ်ဘွတ်ပေါ် မမှန်သတင်း ရေးသားသူများကြောင့် ကော့သောင်းမြို့ သိက္ခာကျဟု ရဲမှူးဆို

0
443

ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ် မဟုတ်မမှန် သတင်း ရေးသားသူများကြောင့် ကော့သောင်းမြို့ သိက္ခာကျသည်ဟု ခေတ္တမြို့နယ် ရဲတပ် ဖွဲ့မှူး ရဲမှူးကျော်ရွှေဝင်းက ပြောသည်။
ဒီဇင်ဘာ ၂၃ ရက်နေ့က “ြ့မန်မာ့ သတင်း”အမည်ရှိ ဖေ့စ်ဘွတ်စာ မျက် နှာတွင်” မြို့ပေါ်က ဖုန်းဆိုင်တွင်MPT ငွေဖြည့်ကတ်လာဝယ်သော တောသူမ တစ်ဦး ထိုးကြိတ်ခံရ” ဟူသည့် သတင်း အတုတွင် 23 December Kawthaung ဟု ဖော်ပြထားပြီး အကြောင်းအရာတွင် လည်း ကော့သောင်း မြို့ဟု ဖော်ပြထား သည့်အပေါ် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ရွှေဝင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က အရေးယူဖို့ လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့လိုမျိုး အကျိုးမရှိတဲ့ သတင်းမျိုးကို အပျော်ပဲ ဖြစ်ဖြစ် မတင်စေချင်ဘူး။ ခုဆိုဒေသခံ တွေက သတင်းအမှားမှန်း သိပေမယ့်Facebook ဆိုတာက နေရာတိုင်း ပျံ့နှံ့နေတော့ မသိသူက တကယ်ထင်ကြ တော့ အားလုံး အလုပ်ရှုပ်ကုန်ရော။ အထက်လူကြီးတွေလည်း လှမ်းမေး ကြတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ အကြောင်းအရာကို သ တင်းပုံစံဖြင့် ရေးသားထားခြင်းဖြစ်ပြီး အညာတောသူအသံပေါက်နေသည့် တစ်ထောင်တန်ငွေဖြည့်ကတ် လာဝယ် သူ အမျိုးသမီးကို ဖုန်းဆိုင်ပိုင်ရှင်က ဒေါသမထိန်းနိုင်ဘဲ ထိုးကြိတ်ခဲ့ကြောင်း ကို”တောသားများကို ငွေဖြည့်ကတ် လုံးဝ မရောင်းပါ”ဆိုသည့်MPT ဆိုင်းဘုတ်ပုံနှင့် ယှဉ်တွဲဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းကိုလည်း ပုံရိပ်ကျဆင်းစေကြောင်း ကော့သောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တာဝန် ခံ ဦးအောင်စိုးက ပြောသည်။
၎င်းအပြင် ကော့သောင်းမြို့တွင် အမျိုးသားတစ်ဦးအား အမျိုးသမီးက အဓမ္မကျင့်သည့်အတွက် ဆေးရုံပို့ခံရ ဟူသည့် သတင်းတုတစ်ပုဒ်လည်း ရက် ပိုင်းအတွင်း ပျံ့နှံ့ခဲ့ပြီး ကော့သောင်းတွင် ယင်းသို့သောဖြစ်စဉ်မျိုး မဖြစ်ပွားခဲ့ ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။