၂၀၁၈ တနင်္သာရီ ဟောကိန်း

0
465

မျှော်လင့်မိသူသာ အမှားဟု မချိတင်ကဲ ဖြေသိမ့်ရလောက်အောင် အားမလိုအားမရ မြိုသိပ်ရမှုများဖြင့် ပြည့်နေသည့် ၂၀၁၇ ခုနှစ် ရက်စွဲများ အဆုံးသတ်ပါပြီ။
နှစ်နှောင်း ဆောင်းရက်များက အအေးကဲစွာ နှုတ်ဆက်ပြီး ၂၀၁၈ ခုနှစ်ကို လက်လွှဲလိုက်သည်။
ယခုနှစ်တွင် တနင်္သာရီ ဘိုးဘိုး ကြီးသည် ကတ်ကြေးကို ပါးစပ်တွင် ကိုက်၊ စက္ကူကျားစီးလျက် မွေးစုတ် ဖွားနှင်တံ တစ်ဖက်၊ မီးတုတ်တစ်ဖက် ကိုင်ပြီး ဆင်းအံ့။

နိုင်ငံရေး
လူထု၏ မကျေနပ်မှု ပိုပို အရှိန် တက်လာပြီး ခြေမပေါ်သည့် အာဏာရ နိုင်ငံရေးသမားများ ဖိအားများအံ့။ လူထု၏ ယုံကြည်မှု လျော့ကျလတ္တံ။ အပုပ်နံ့ထွက်အံ့။
လူထု၏ သည်းခံနိုင်စွမ်း ပိုနည်း လာပြီး ဆန္ဒပြပွဲများ ပိုများလာအံ့။ နိုင်ငံရေးပါတီများ အာဏာကစားပွဲ အတွက် ခြေလှမ်းပြင်အံ့။ ထားဝယ် အရေး လှုပ်ရှားမှုများ ယမန်နှစ်အတိုင်း အရှိန်မြင့်လတ္တံ့။
အာဏာလက်ဝယ်ရှိထားသူများ ခြေလှမ်းပျက်အံ့။
အစိုးရနှင့် လွှတ်တော်ကြား ပွတ် တိုက်မှုများလတ္တံ့။
ဗျူရိုကရက်များ၏ လုပ်ပိုင်ခွင့်နယ် ပိုကျယ်မည်။ ဗျူရိုကရက်များကြားတွင် နိုင်ငံရေးသမားများ ဂုဏ်သတင်း မှေးမှိန် အံ့။
နိုင်ငံရေး ရုပ်သေးပွဲများ ဆက်တိုက် ကြည့်ရအံ့။

စီးပွားရေး
ခရီးသွားလုပ်ငန်းများ ထင်သ လောက် ခရီးမပေါက် ဖြစ်အံ့။ ရေလုပ်ငန်း များ အကြပ်ဆိုက်လတ္တံ့။ နယ်ပယ်အစုံ တွင် ထိုင်းထုတ်ကုန်များ၏ အပေါ်စီးရမှု ပိုမိုအားကောင်းအံ့။
အစိုးရ၏ စီးပွားရေး မူဝါဒ ဟန် အဆင့်မှ အဆံအဆင့်တက်ရန် နှောင့်နှေး ဆဲ ဖြစ်လတ္တံ။
ဖဲကြိုး၊ မိုးပျံပူဖောင်းနှင့် ကတ် ကြေးဆိုင်များ ပုံမှန်အတိုင်း ရောင်းအား ကောင်းအံ့။

လူမှုရေး
အချစ်သက်တမ်း ယမန်နှစ်ထက် ပိုတိုအံ့။ မိတ်ဆွေအပေါင်းအသင်း ချစ်သူခင်သူများ၏ မျက်နှာထက် တယ်လီဖုန်း ဖန်သားပြင်ကို ပိုကြည့်အံ့။ ကိုယ့်ရှေ့ရောက်နေသည့် အရာများထက် တယ်လီဖုန်းထဲက အရာများကို ပိုပြီး အရေးတကြီး ဆက်ဆံအံ့။ မိသားစုများ ကြားတွင် နွေးထွေးမှု လျော့ပါးအံ့။
ဆရာကန်တော့ပွဲများ ပိုခေတ်စား လာအံ့။

ပညာရေး
ကျောင်းသားသမဂ္ဂများ ကျောင်းတွင်းလှုပ်ရှားမှုများကြောင့် နာမည် ကျော်ဇော်အံ့။
မျက်နှာပွင့်အံ့။
လူငယ်များအတွက် ပညာသင် ကြာရေး အခွင့်အလမ်းများ ပေါများအံ့။

……………

တနင်္သာရီ ဘိုးဘိုးကြီးသည် ကတ်ကြေးကို ပါးစပ်တွင် ကိုက်၊ စက္ကူကျားစီးလျက် မွေးစုတ်ဖွားနှင်တံ တစ်ဖက်၊ မီးတုတ်တစ်ဖက်ကိုင်ပြီး ဆင်းအံ့။