မြိတ်မြို့တွင်း မှန်လုံယာဉ်ကြီး မဝင်ရန် စည်းကမ်း ချမှတ်မည်

0
353

မြိတ်မြို့တွင်းလမ်းများသို့ မှန်လုံ ယာဉ်ကြီးများ မဝင်နိုင်ရေးအတွက် ဒီဇင်ဘာလ မကုန်မီ စည်းကမ်းချက် များ ချမှတ်မည်ဖြစ်ကြောင်း မြို့နယ် ပုဂ္ဂလိက ယာဉ်များပြေးဆွဲ ရေး လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ အတွင်းရေးမှူး ဦးမိုးကျော်သူက ပြောကြား သည်။
မြို့တွင်းသို့ အခြားဒေသများမှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၏ မှန် လုံယာဉ်များ ဝင်ရောက်မှု များပြားလာ သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြင့် ရင်ဆိုင်လာရကြောင်း မြို့ခံတချို့က ဆိုသည်။

မြိတ်မြို့တွင်းသို့ နောက်တွဲယာဉ်၊ ၁၂ ဘီးတပ် ယာဉ်၊ ၁၀ ဘီးတပ် ယာဉ် နှင့် မှန်လုံယာဉ်ကြီးများ ဝင်ခွင့်မရှိ ကြောင်း မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေး ဆွဲရေးလုပ်ငန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
ယင်းကဲ့သို့ မှန်လုံယာဉ်ကြီးများဝင်ရောက်မှုရှိနေသည့်အပေါ်တွင် မြို့ နယ်စည်ပင်ကော်မတီနှင့် သက်ဆိုင်ရာ ဋ္ဌာနများသို့ တင်ပြပြီး စည်းကမ်းချက် များ သတ်မှတ်နိုင်ရေးအတွက် ဆွေးနွေး ပွဲတစ်ခုပြုလုပ်ရန် စီစဉ်နေကြောင်း အ တွင်းရေးမှူး ဦးမိုးကျော်သူက ပြောသည်။
“မြို့ထဲကို ဘယ်လိုဝင်ရမယ် ဟို တယ် တည်းခိုခန်းတွေ ခရီးသွားသူတို့ရဲ့ အခက်အခဲတွေ အဝေးပြေးမှာ ဝင်ပြီး တော့ ဘယ်လိုစနစ်နဲ့ မြို့ထဲကို ဝင်ရ မယ်ဆိုတာကို ဆွေးနွေးပွဲမှာ ဆုံးဖြတ် မယ်”ဟု ၎င်းက ဆိုသည်။

မြို့ခံအချို့က မှန်လုံကားများကို မြို့ထဲသို့ ဝင်ခွင့်မပေးစေလိုဟု ဆိုကြ သည်။
“ကားကြီးတွေ မှန်သမျှ မဝင်စေ ချင်ဘူး”ဟု မြိတ်မြို့သမ္မတရုံ တောင် ဆင်း လမ်းထိပ်မှ ဆိုင်ကယ်ကယ်ရီ မောင်းသူ ဦးကျော်ဦးက ပြောသည်။
မှန်လုံယာဉ်ကြီးများအား လိုက်နာ ရမည့် စည်းကမ်းချက်များ ချမှတ်ပြီး ပါက မလိုက်နာသည့် မော်တော်ယာဉ် တို့ကိုသတ်မှတ် ငွေဒဏ်များကို ပေး ဆောင်စေမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ပုဂ္ဂလိက ယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။