မွန်ပြည်သစ်ပါတီ အရေးပေါ်ဗဟို ကော်မတီ အစည်းအဝေး ထပ်မံ ကျင်းပ

0
444

မွန်ပြည်သစ်ပါတီ အရေးပေါ်ဗဟို ကော်မတီအစည်းအဝေးတစ်ရပ်ကို ဒီ ဇင်ဘာ ၂၆ရက်နေ့တွင် ထပ်မံကျင်းပ လျက်ရှိသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။
ရေးချောင်းဖျားဒေသရှိ ပါတီဗဟို ဌာနချုပ်၌ စတင်ကျင်းပလျက်ရှိသည့် အဆိုပါအရေးပေါ်ဗဟိုကော်မတီအစည်း အဝေးတွင် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲ ရေးသဘောတူစာချုပ် NCA လက်မှတ် ရေးထိုးရေးကိစ္စနှင့် ပတ်သက်ပြီး ဆွေး နွေးကြမည်ဟု သိရသည်။

“အရေးပေါ်အစည်းအဝေးကNCA လက်မှတ်ထိုးဖို့ အရေးရယ်၊NCA ထိုးဖို့ မွန်ပြည်သစ်က့UNFC နဲ့ တိုင်ပင်သဘောတူထားချက်တွေကို ဆွေးနွေး အတည်ပြုချက်ရယူတာလည်း ဖြစ်တယ်၊ ပြီးခဲ့တဲ့လက အရေးပေါ် ကော်မတီအစည်းအဝေးရဲ့ အဆက်လို့ ပြောလို့ရတယ်”ဟု အမည်မဖော်လို သည့် မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မွန်ပြည်သစ်ပါတီသည်NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေးနှင့် ပတ် သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာချမှတ်ရန်အတွက် နိုဝင်ဘာ (၂၄ ရက်မှ ၂၇ ရက်ထိ) အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သေး သည်။