မိကျောင်း ဈာပန

0
409

ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာ အုပ်စု သော်တောင်ငယ်ရွာတွင် အရှည် ၉ပေခန့်ရှိ မိကျောင်းအသေအား ဒီဇင် ဘာလ ၂၇ ရက်က သံဃာတော်များ ပင့်ဆောင်ကာ သရဏဂုံတင် ပေးပြီး မီးသဂြုဟ်ပေးခဲ့ကြောင်း ယင်းကျေးရွာ သားများထံမှ သိရသည်။
ဒီဇင်ဘာလ ၂၈ရက်က သော် တောင်ငယ်ရွာ၏ ရေတွင်းချောင်း ထဲတွင် သေလုနီးပါးဖြစ်နေသည့် မိ ကျောင်းတစ်ကောင်အား တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ပြီးနောက် တစ်နာရီခန့်အကြာ သေဆုံးခဲ့ကြောင်း ကျေးရွာသားအချို့က ဆိုသည်။

“မိကျောင်းမှာက တစ်ကိုယ်လုံး အနာတွေချည်းပဲ ကြိုးတုတ်တဲ့ ဒဏ်ရာ တွေပါ”ဟု ရွာသားတစ်ဦးဖြစ်သူ ဦးထွန်းအေးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက် နေ့က သော်တောင်ငယ်နှင့် ပဲ့တိုင်ရွာ အနီးရှိ ရှင်မြတ်တောင်ကျွန်းတွင် မိ ကျောင်းတစ်ကောင်အား တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထားရာ ကြိုးပြတ်ပြီး လွတ် မြောက်ခဲ့ကြောင်း ပဲ့တိုင်ရွာနေ ဦးကြီး လှက ပြောပြသည်။
ယခုတွေ့ရှိသည့် မိကျောင်းမှာ ရှင်မြတ်တောင်ကျွန်းမှ လွတ်မြောက် ခဲ့သည့် မိကျောင်းဖြစ်ကြောင်း သော် တောင်ငယ်ရွာသားအချို့က ဆိုသည်။
“လူတွေလည်း သတ္တဝါတွေပဲ မိကျောင်းလည်း သတ္တဝါပဲ ရေစက် ပဋ္ဌာန်းဆက်ရှိလို့ ဘ၀ ကူးကောင်း အောင် လုပ်ပေးတာပါ”ဟု ဦးထွန်းအေး က ပြောသည်။

မြိတ်မြို့ကန်ဘောင်ရိုးရပ်ကွက်ရှိ နေအိမ်တစ်ဆောင်မှ မွေးမြူထားသည့် ၁၃ နှစ်သက်တမ်းရှိ မိကျောင်းတစ်ကောင် ကို သက်ဆိုင်ရာသို့ ခေါ်အပ်ခဲ့ပြီး စက်တင်ဘာလ ၃ရက်နေ့က ဘုတ်ပြင်း မြို့နယ် ရေပိုင်နက်အတွင်းရှိ မြစ်ထဲသို့ လွှတ်ပေးခဲ့သည်။
သရဏဂုံတင်ပြီး သဂြုဟ်ခဲ့သည့် မိကျောင်းသည် လွှတ်ပေးလိုက်သည့် မိကျောင်းဖြစ်နိုင်သည်ဟု မိကျောင်းမွေး ပိုင်ရှင်ဖြစ်သူ ဒေါ်သန်းဌေးက ပြောပြ သည်။
“မိကျောင်းဖြစ်ရတဲ့ ဘ၀ကနေ ကျွတ်လွတ်သွားတာပေါ့”ဟု ဒေါ်သန်း ဌေးက ပြောသည်။

မြိတ်မှ လွှတ်လိုက်တဲ့ မိကျောင်း မှာ ဘုတ်ပြင်းရေပိုင်နက်အတွင်း ဖြစ် ပြီး သော်တောင်ငယ်ရွာနှင့် အလှမ်း ဝေးသဖြင့် မီးသဂြုဟ်လိုက်သည့် မိကျောင်းမှာ လွှတ်ပေးလိုက်သည့် မိကျောင်း မဖြစ်နိုင်ဟု ကျွန်းစုမြို့နယ် သစ်တော ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းထွန်းက ဆိုသည်။