အပြိုင်ကြဲကြသည့် မြိတ်က ရပ်/ကျေးအုပ်စုရေးမှူးရွေးပွဲများ

0
534

ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးပွဲ များတွင် အုပ်ချုပ်ရေးမှူးနေရာ ရရှိရေး အတွက် မြိတ်ခရိုင်အတွင်း အပြိုင်ကြဲ ခဲ့ကြသည်။
မြိတ်ခရိုင်အတွင်း အထူးသဖြင့် မြိတ်မြို့ပေါ်တွင် မဲဆွယ်အင်္ကျီများ ဝေငှ၊ ရပ်ကွက်အတွင်း လှည့်လည်ကာ မဲဆွဲခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။
အချို့က အိမ်တိုင်ရာရောက် မဲ ဆွယ်စာရွက်များ လိုက်လံဖြန့်ဝေသည်။ အချို့က မဲဆွယ်စတစ်ကာများကို လမ်း နံဘေး ဓာတ်မီးတိုင်ကဲ့သို့သော လူမြင် ကွင်းများတွင် လိုက်ကပ်သည်။

တချို့ကမူ လမ်းဆုံလမ်းခွများတွင် ဗီနိုင်းဆိုင်းဘုတ်များ ချိတ်ဆွဲကြပြီး အချို့က မဲဆွယ်သည့် လက်ကမ်းစာ စောင်များ ဝေငှခဲ့ကြသည်။
ထို့ပြင် မဲပေးမည့်သူများအား နေ အိမ်မှ မဲထည့်ရမည့် သတ်မှတ်နေရာများ သို့ မော်တော်ယာဉ်ဖြင့် အကြိုအပို့ စီ စဉ်ပေးခြင်း ပြုလုပ်ခဲ့ကြကြောင်း မြိတ် တောင်နယ်မြေအတွင်းရှိ ရပ်ကွက်သူ/ သားများထံမှ သိရသည်။

တနင်္သာရီတိုင်းအတွင်းရှိ ခရိုင်သုံး ခုအနက် ကော့သောင်းခရိုင်နှင့် ထား ဝယ်ခရိုင်တို့တွင် ရပ်/ကျေးအုပ်ချုပ် ရေးမှူး ရွေးချယ်ပွဲများအတွက် မဲဆွယ် ခြင်း မရှိသလောက် နည်းပါးနေချိန်တွင် မြိတ်ခရိုင်အတွင်း အပြိုင်ကြဲခဲ့ကြသည်။
အချို့ရပ်ကွက်၊ ကျေးရွာများတွင် ဆယ်အိမ်မှူး၊ ဆယ်အိမ်စုမှူး၊ အုပ်ချုပ် ရေးမှူးရွေးချယ်နေစဉ်အတွင်း အချေ အတင် အငြင်းပွားမှုများလည်း ဖြစ်ပွား ခဲ့သည်။
မြိတ်မြို့နယ်အတွင်းရှိ ပသောင်း ကျေးရွာအုပ်စုတွင် ဆယ်အိမ်စုမှူး အ ရွေးခံမည့် အမျိုးသမီးတစ်ဦးနှင့် ကြီး ကြပ်ရေး အဖွဲ့ခေါင်း ဆောင်တို့ အခင်း ဖြစ်ပွားပြီး အပြန်အလှန် တရားစွဲဆို ကြသည်အထိ ဖြစ်ခဲ့သည်။

၎င်းအပြင် အုပ်ချုပ်ရေးမှူးရွေးချယ် မှုများကို မကျေနပ်၍ တိုင်ကြားချက် များလည်း ရှိသည်။
မြိတ်မြို့နယ်တွင် တိုင်ကြားချက် ၁၀ ခု၊ ပုလောမြို့နယ်တွင် တိုင်ကြားချက် တစ်ခုရှိခဲ့ပြီး တနင်္သာရီမြို့နယ်တွင်မူ တိုင်ကြားမှု မရှိခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများထံမှ သိရ သည်။
ယင်းသို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး အဖြစ် အပြိုင်အဆိုင် ဝင်ရောက် အရွေး ခံကြခြင်းမှာ ရပ်ရွာဖွံ့ဖြိုးရေးနှင့် အများ အကျိုးအတွက် ဝင်ရောက်အရွေးခံခြင်း ဖြစ်သည်ဟု ရပ်^ကျေး အုပ်ချုပ်ရေးမှူး အရွေးခံကြသူများက တစ်ညီတစ်ညွတ် တည်း ပြောသည်။
“မဲလိုချင်လို့ပေါ့။ ကိုယ့်အနိုင်ရဖို့ အရေး အစွမ်းကုန်စည်းရုံးတာက လုပ် သင့်တယ်”ဟု မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးမောင်ဆွေက ပြောပြ သည်။

ဦးမောင်ဆွေသည် အုပ်ချုပ်ရေးမှူး အဖြစ်အရွေးချယ်ခံရန် လက်ကမ်းစာ စောင်များဖြန့်ဝေပြီး ဗီနိုင်းပြားများ လည်းထောင်ကာ မဲဆွယ်ခဲ့သူ ဖြစ်သည်။
မဲဆွယ်ခြင်းနှင့်အတူ ရပ်ကွက်သူ ရပ်ကွက်သားများအားလုံး မဲထည့်နိုင် ကြစေရန်အတွက် လှုံ့ဆော်အသိပေးလို သည့် စိတ်ဖြင့် မဲဆွယ်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်၊ မောတောင်မြို့၊ မြို့မ ရပ်ကွက်မှ လက်ရှိအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်က ပြောသည်။
“ရပ်ကွက်မှာ ဒီထက်မက ဒီထက် ကောင်းစေချင်တယ်။ အများအတွက် အကျိုးရှိတဲ့အလုပ်ကို ပိုပြီးလုပ်နိုင်အောင် ပြန်အရွေးခံ ခဲ့တာပါ”ဟု ဦးကျော်မျိုး အောင်က ဆိုသည်။

ယင်းကဲ့သို့ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးခြင်းတို့ပြုလုပ်နေကြသည့်အပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။
“လစာက တစ်လ ၇ သောင်းပဲ ရတာ။ ဘယ်သူမှ မလုပ်နိုင်ဘူး လူကြီး ဆိုတော့တော်ရုံတန်ရုံ ကိစ္စတွေမှာ ဥပမာ အိမ်အရောင်း အဝယ်ကိစ္စပေါ့။ ရုံးမှာ လက်မှတ်ထိုးရင် ငွေတောင်းတာ မတွေ့ ရပေမယ့် ပေးရင်ယူတာမျိုးကို တွေ့ရ တာဆိုတော့ ဒါတွေကို လိုချင်လို့ ဝင်ရွေးခံကြတာ ဖြစ်မယ်”ဟု မြို့သစ် ရပ်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ အသက် ၅၀ရှိ ဦးစိုးနိုင်က ဝေဖန်သည်။

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးရေး ကို လုပ်ဆောင်နိုင်ရန် အပြိုင်အဆိုင် အရွေးခံကြသည်ဟု ယူဆသည့်အတွက် အားလုံးကို ကြိုဆိုကြောင်း မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက မှတ်ချက်ပေးသည်။
“ကောင်းတဲ့ဘက်ကပဲ မြင်ပါတယ်။ ပြည်သူတွေလည်း ပိုပြီး စိတ်ဝင်စား လာတဲ့အပိုင်း မဲထည့်ခွင့်ရလာတဲ့ အပိုင်း တွေ သိလာတယ်”ဟု မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောသည်။

သို့သော် မဲဆွယ်စည်းရုံးရာတွင် လေးတန်း ငါးတန်းကျောင်းသားအ ရွယ်ရှိ ကလေးငယ်များအား ဆိုင်းဘုတ် များကိုင်ဆောင်စေပြီး မဲထည့်ပေးရန် စီတန်းလှည့်လည်ပြီး မဲဆွယ်ခြင်းသည် အရွယ်မရောက်သေးသည့် ကလေးငယ် များအား အသုံးချခြင်းဖြစ်သည့်အတွက် သဘောမကျဟု ဦးစိုးပိုင်ဌေးက ပြော သည်။
မြိတ်မြို့နယ်အတွင်း ရပ်/ကျေး အုပ်စု ၃၄ စု ရှိသည့်အနက် ဒီဇင်ဘာလ ၂၂ ရက်နေ့စာရင်းအရ ရပ်/ကျေးအုပ်စု ၃၁ ခုအထိ ရွေးချယ်ပြီးဖြစ်ကာ ရွေးချယ် ခံရသူအများစုမှာ လက်ရှိ တာဝန်ထမ်း ဆောင်ဆဲ အုပ်ချုပ်ရေးမှူးများဖြစ် ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ကျွန်းစုမြို့နယ်တွင်လည်း ရပ်/ ကျေးအုပ်စု ၂၄ အုပ်စုအနက် ၂၁ အုပ် စုတွင် ရွေးချယ်ပြီးဖြစ်ကာ တနင်္သာရီ မြို့နယ်တွင် ရပ်/ကျေးအုပ်စု ၂၂ အုပ်စု အနက် ၂၀ အုပ်စု ရွေးချယ်ခဲ့ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ် ချုပ်ရေးမှူးများထံမှ သိရသည်။

ပုလောမြို့နယ်တွင်မူ ရပ်/ကျေး အုပ်စု ၃၉ အုပ်စုရှိပြီး အားလုံး ရွေးချယ် ခဲ့ပြီးဖြစ်ကြောင်း ပုလောမြို့နယ် အုပ် ချုပ်ရေးမှူးရုံးထံမှ သိရသည်။
မဲဆွယ်ပွဲများကို မြိတ်မြို့နယ်အ တွင်း အဓိက လုပ်ဆောင်ကြပြီး တနင်္သာရီ မြို့နယ်တွင် အနည်းအကျဉ်းရှိကြောင်း သိရသည်။
ကျွန်းစုမြို့နယ်တွင် လူချင်း တွေ့ ဆုံ စည်းရုံးကြခြင်းမျိုးသာ ရှိခဲ့ပြီး ပုလောမြို့နယ်တွင်မူ မဲဆွယ် စည်းရုံး သူမရှိဟု မြို့နယ်အုပ်ချုပ်ရေးမှူးများထံ မှ သိရသည်။
“တစ်ချို့ကျေးရွာတွေမှာ လုပ်တဲ့ သူတွေတောင် မရှိဘူး။ ဝင်ပြိုင်တဲ့သူ လည်း မရှိဘူး”ဟု ပုလောမြို့နယ် အုပ် ချုပ်ရေးမှူး ဦးကျော်စိုးထင်က ပြော သည်။
ကျေးရွာဖွံ့ဖြိုးရေး လုပ်ဆောင်ရန် အတွက် အုပ်ချုပ်ရေးမှူးထပ်မံ အရွေး ချယ်ခံလိုသော်လည်း မိသားစုစားဝတ် နေရေးကြောင့် ဝင်ရောက် အရွေးမခံဖြစ် ခဲ့ကြောင်း ကျွန်းစုမြို့နယ်၊ ကဘင်ကျေး ရွာအုပ်စု၏ လက်ရှိအုပ်ချုပ်ရေးမှူး ဦးလွင်ကိုမြင့်က ဆိုသည်။

တမူထူးခြားသည်မှာ မြိတ်တောင် ကျေးရွာ ဖြစ်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ရပ် / ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မည့် မြိတ်တောင်ကျေးရွာ အုပ်စုတွင် ဒီဇင် ဘာလ ၂၃ ရက်နေ့ ညက လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထု တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြိတ် တောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အဖြစ် ဝင်ရောက်အရွေးခံမည့် မြိတ် တောင် ကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၏ မဲဆွယ်လက်ကမ်း စာစောင်များကို ဝေငှခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအပေါ် မြိတ် တောင် ကျေးရွာအုပ်စုနေသူများက ရပ် / ကျေး အုပ်ချုပ်ရေးမှူး မဲဆွယ်ပွဲဟု ပြောဆိုမှုများလည်း ရှိသည်။
“အသစ်ဖြစ်ဖြစ် အဟောင်းဖြစ်ဖြစ် ရပ်ကွက် တိုးတက်အောင်လုပ်ဖို့ပဲ လိုတာ။ NLD ပါတီပဲဖြစ်ဖြစ် ကြံ့ခိုင် ရေးပဲဖြစ်ဖြစ် ရပ်ကွက်တိုးတက်အောင် လုပ်တဲ့သူကိုပဲ မဲထည့်ရမှာ” ဟု ရွှေပြည် တန်ရပ်ကွက်ရှိ စက်သုံးဆီအရောင်း ဆိုင်ပိုင်ရှင် ကိုခိုင်ငယ်က ပြောသည်