လာဘ်ငွေယူသဖြင့် ရဲအရာရှိ အလုပ်နှင့် ထောင်ဒဏ် ၅နှစ် ချမှတ်ခံရ

0
518

မွန်ပြည်နယ် ရေးမြို့မရဲစခန်းမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဖြင့် တရားစွဲဆိုခံထားရသည့် အမှုစစ် အရာရှိရဲအုပ်ကျော်သက်ခိုင်ကို ပြစ်မှု ထင်ရှားသဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သည်။
အမှုစစ်အရာရှိရဲအုပ်ကျော်သက် ခိုင်သည် အမှုစစ်အရာရှိ၏ လုပ်ပိုင်ခွင့် ကို အသုံးပြုလျက် လာဘ်ငွေများ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်မှ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် ပြည်နယ်တရားလွှတ်တော်တွင် ဇန်နဝါရီ ၃၀ ရက်နေ့က တရားစွဲဆိုခဲ့ သည်။

ပြည်နယ်တရားလွှတ်တော်မှရာဇဝတ်ကြီးမှုအမှတ် (၁၂၀၁၇) ဖြင့် လက် ခံစစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ဒီ ဇင်ဘာ ၂၀ ရက်တွင် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချ မှတ်ခဲ့ခြင်းဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ကိုးကား၍ ဒီဇင်ဘာ ၂၈ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ ထားသည်။
“ဟုတ်ပါတယ်၊ ရဲအုပ်ကျော်သက် ခိုင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၅ နှစ်ကျသွား ပါပြီ”ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုစစ်အရာရှိ ရဲအုပ်ကျော်သက် ခိုင်သည် ရေးမြို့တွင် ဖြစ်ပွားသည့် ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခုနှင့် စပ်လျဉ်း ၍ ငွေတောင်းခံခြင်းနှင့် မတရားအမှုဆင် တရားစွဲဆိုခြင်းပြုခဲ့ကြောင်း နစ်နာသူမှ အရေးယူပေးပါရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ သည်။
အဆိုပါတိုင်ကြားမှုနှင့် ပတ်သက် ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ စည်းစစ်ဆေးခဲ့ရာ စစ်ဆေးပေါ်ပေါက်သ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။