တနင်္သာရီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ ခွဲခေါင်းဆောင် ဦးအောင်နိုင်ဦးနှင့်တွေ့ဆုံခြင်း

0
677

တနင်္သာရီ – ပထမဆုံး ဒီအဖွဲ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး ပြောပြ ပေးပါ။
ဦးအောင်နိုင်ဦး – ဒီအဖွဲ့ခွဲကို အမိန့်အမှတ် ၁၂/ ၂၀၁၇ ၊ ၂၀၁၇ မေလ ၂၂ ရက်နေ့မှာ ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ခွဲကို ဖွဲ့လိုက်တယ်။ အဓိက က တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတ ရေးဆိုင်ရာ လုပ်ငန်းတွေကို အကောင် အထည်ဖော်ဆောင်ရွက်တဲ့ နေရာမှာ လုပ်ငန်းတွေ အဆင်ပြေချောမွေ့ဖို့ ဆိုပြီးတော့ ပြည်ထောင်စုရှေ့နေချုပ် ကနေတာဝန်ပေးတာ။ တကယ်တမ်း အစ်ကိုတို့ လက်ထဲကို အမိန့်စာရောက် လာတာက ဇူလိုင်လမှ။ အမိန့်ထွက် တာက မေလ ၂၂ ရက်နေ့က။ အမိန့် အမှတ် ၁၂ / ၂၀၁၇ နေပြည်တော်က ထုတ်တာ။ အစ်ကိုတို့ လက်ထဲကို ဇူလိုင်လမှ ရောက်လာတာ။

တနင်္သာရီ – ဘယ်လို ရည်ရွယ် ချက်တွေနဲ့ ဒီအဖွဲ့ခွဲကို ဖွဲ့စည်းခဲ့တာ ပါလဲ။
ဦးအောင်နိုင်ဦး – ပြောထားတဲ့ ရည်ရွယ်ချက်ထဲမှာ နှစ်ခုပါတယ်။
တစ်ခုက တရားဥပဒေစိုးမိုးဖို့၊ တစ်ခုက တရားမျှတအောင် လုပ်ဖို့ဆိုတာ အစ်ကိုတို့ နားလည်တယ်။ ဘာဖြစ် လို့လည်းဆိုတော့ လုပ်ရမယ့်ကိစ္စရပ် က နှစ်ခုရှိမယ်။ တစ်ခုက တရားဥပဒေ စိုးမိုးဖို့ဖြစ်မယ်။ တစ်ခုက တရားမျှတ အောင်လုပ်ဖို့ ဖြစ်မယ်။ အဲဒီနှစ်ခုစလုံး ကို ဆောင်ရွက်တဲ့နေရမှာ အခက်အခဲ လေးတွေတော့ ရှိတာပေါ့နော်။

အစ်ကိုတို့အဖွဲ့ကို ဘယ်လိုတွေ ဖွဲ့လဲဆိုတော့ အဓိကက အရပ်သားက အဖွဲ့ခေါင်းဆောင်ဖြစ်မယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေမှာ တိုင်းဒေသကြီးအုပ်ချုပ် ရေးမှူးပါမယ်၊ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန။ ပြီး တော့ တိုင်းတရားလွှတ်တော် တရားရေး ဦးစီးမှူး။ ပြီးတော့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဥပဒေအရာရှိပါမယ်။ ဝန်ထမ်း ၄ ယောက်နဲ့ အရပ်သား ၄ ယောက်ပေါ့။ အရပ်သား ၄ ယောက်ထဲ မှာ တရားလွှတ်တော်ရှေ့နေတစ် ယောက်ပါမယ်။ ဒါကအစ်ကိုတို့ အဖွဲ့ ဝင်တွေပေါ့။

တနင်္သာရီ – ဒီအဖွဲ့ခွဲရဲ့ လုပ်ပိုင် ခွင့်တွေကရော ဘယ်လိုရှိပါသလဲ။
ဦးအောင်နိုင်ဦး – လုပ်ပိုင်ခွင့် တွေက ဘာပေးထားသလဲဆိုတော့ အစ်ကိုတို့ရဲ့ TOR (လုပ်ငန်းလမ်းညွှန်) လို့ ပြောရမှာပေါ့။
အဲဒီအထဲမှာ ဘာတွေပါလဲဆိုတော့ “တရားဥပဒေ စိုးမိုးရေးဌာနနဲ့ တရား မျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ် ညှိ နှိုင်းရေးလုပ်ငန်းများ အောင်မြင်စွာ ကြိုးပမ်း ဆောင်ရွက်ခြင်း” ဆိုတာပါ တယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ဘာလဲ ဆိုတော့ “တရားစီရင်ရေးကဏ္ဍနှင့်စပ် လျဉ်း၍ ပါဝင်ဆောင်ရွက်နေတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့အတူ ပူး ပေါင်းဆောင်ရွက်ခြင်း၊ အစိုးရအဖွဲ့ အစည်းများနှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ခြင်း၊ လိုအပ်သည့် အကူ အညီနှင့် သတင်းအချက်အလက်များ ပံ့ပိုးခြင်းဆိုတာ ပါတယ်။ အဲဒီတော့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ Rights (အခွင့်အရေး) တွေ လုပ်နေကြတာလည်း ကိုယ်တို့နဲ့ ဆိုင်လာတယ်။ Law (ဥပဒေ)တွေ လုပ်နေကြတာလည်း ကိုယ်တို့နဲ့ဆိုင်လာတယ်။ အဲဒီတော့ သူတို့တွေ ဘာလုပ်နေလဲ ကိုယ်တို့ သိဖို့ လိုတယ်။ သူတို့နဲ့ အစိုးရနဲ့ကြားမှာ ဥပမာ ပဋိပက္ခဖြစ်လာမယ့် အခြေအနေ မျိုးတွေ ကိုယ်တို့က ကြားဝင်ညှိနှိုင်း ဖျန်ဖြေပေးဖို့လိုတယ်။

နောက်တစ်ခုက (ဃ)။ အဲဒီအချက် က သိပ်အရေးကြီးတယ်လို့ ကိုယ်တို့ အနေနဲ့ မြင်တယ်။ ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှု ဆိုင်ရာများနှင့် စပ်လျဉ်း၍ တရားရုံး၊ ဥပဒေရုံးနဲ့ တရားစွဲအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား သက် ဆိုင် ရာဌာနအကြီးအကဲက ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲသို့ တင်ပြခြင်း၊ ထိုတင်ပြဆွေးနွေးချက်အပေါ် ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲက လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းခြင်းဆိုတာ ပါလာ တယ်။ ဒါသိပ်အရေးကြီးတဲ့ အချက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေမှာ ဖွင့်ထား တဲ့ တရားစွဲအဖွဲ့အစည်းနဲ့ သက်ဆိုင် တဲ့ ကိစ္စရပ်များဆိုတော့ စဉ်းစား ကြည့်လေ။ တရားစွဲအဖွဲ့အစည်းဆိုတာ သစ်တောကလည်း တရားစွဲလို့ရတယ်။ စည်ပင်ကလည်း တရားစွဲလို့ရတယ်။ နောက်ဆုံးဗျာ ဌာနဆိုင်ရာမှန်သမျှ တရားစွဲလို့ရတဲ့ အဖွဲ့အစည်းချည်းပဲ ဆိုတော့ ကိုယ်တို့က အဲဒီအဖွဲ့အစည်း အားလုံးနဲ့ ပတ်သက်ပြီးတော့ ဒီသက် ဆိုင်တဲ့ကိစ္စရပ်တွေ၊ ဥပမာ ဥပဒေချိုး ဖောက်တယ်။ ကျင့်ဝတ်ကို ချိုးဖောက် တယ်ဆိုတဲ့ ကိစ္စရပ်တွေမှာ ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခွင့်ရှိတယ်လို့ မှတ်ယူ တယ်။

အဲဒီလို လုပ်တဲ့အခါမှာ ဒါပေမယ့် ခက်တာက အဲဒီလို လုပ်လို့ မရဘူးဖြစ် နေတယ်။ အဲဒီအနေအထားမျိုး ကိုယ်တို့ ကြုံလိုက်ရတယ်။ အဲဒီလိုမျိုး သွားလုပ်မယ်ဆိုရင် ဘာလဲဆိုတော့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းကို စပ်စုတာလား ဆိုတဲ့ သံသယနဲ့ မေးခွန်းတွေ၊ အစိုးရ လုပ်ငန်းကို စပ်စုနေတယ်ဆိုတဲ့ အထင် အမြင်လွဲမှားမှုတွေ၊ ကိုယ်တို့ကြုံလာရတဲ့ အခါကျတော့ တော်တော်လေးလုပ်ရ ကိုင်ရကြပ်သွားတယ်ဆိုတဲ့အပိုင်း မျိုးဖြစ်သွားတယ်။ တကယ်တော့ ကိုယ်တို့ အနေနဲ့က ပေးထားတဲ့ Torကို တိတိ ကျကျ လိုက်နာ ထမ်းဆောင်တာလေ။ စဉ်းစားကြည့်လေ။ တရားစွဲအဖွဲ့အ စည်းများဆိုတော့ တရားစွဲလို့ရတဲ့ အဖွဲ့ အစည်းမှန်သမျှက ကိုယ်တို့နဲ့ဆိုင်တယ်။

နောက်တစ်ခု ကိုယ်တို့အမြင် ပေါ့လေ။ ပေးထားတဲ့ လုပ်ပိုင်ခွင့် (င) မှာကျတော့ “တရားစီရင်ရေးကဏ္ဍနှင့် စပ်လျဉ်းသည့် အခက်အခဲများ သို့မဟုတ် တိုးတက်မှုများကို လေ့လာ ခြင်း၊ အခြေခံအကြောင်းအရင်းနဲ့ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို သုံးသပ်ခြင်း”မှာ ပါလာပြန်ပြီ။ အဲဒီ တော့ အဲဒီတရားစီရင်ရေးတို့ ဘာတို့၊ ရဲတွေအကြောင်း ကိုယ်တို့ သိဖို့လို တယ်၊ ဒါနဲ့ ဆိုင်တဲ့ ဥပဒေတွေသိဖို့ လို တယ်။ တရားမကျင့်ထုံးတွေ သိဖို့ လိုတယ်။ တရားသူကြီးရဲ့ ကျင့်ဝတ်တွေ သိဖို့ လိုတယ်။ ရှေ့နေရဲ့ ကျင့်ဝတ်တွေ သိဖို့ လိုတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း ပါတော့ သူတို့ ဘာလုပ်နေလဲဆိုတာ ကိုယ်တို့ သိဖို့လိုတယ်။

ဥပမာ ပြဿနာတစ်ခု ဖြစ်တယ်။ သက်ဆိုင်ရာဌာနက ပုဂ္ဂိုလ်အကြီး အကဲက အမှန်တိုင်းသာ မဖြေဘူး၊ ခေါ်လို့ မရဘူးဆိုရင် ကိုယ်တို့က ပြဿနာ ရဲ့ အကြောင်းအရင်းအမှန်ကို မသိဘူး။ ပြဿနာရဲ့ အကြောင်းအရင်းအမှန်ကို မသိဘူးဆိုရင် ကိုယ်တို့က ပေါင်းစပ် ညှိနှိုင်းတဲ့နေရာမှာ အခက်အခဲရှိတယ်။ ဒါဝင်ရောက် စွက်ဖက်နေတာ မဟုတ် ဘူး။ တစ်ခုတော့ ကိုယ်တို့ ရဲရဲကြီး ဝန်ခံဖို့ လိုတယ်။ ဘာကိုလဲ ဆိုတော့ အများ ပြောနေကျပေါ့ ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးဆိုတဲ့မူကို တိတိ ကျကျ လိုက်နာဖို့လိုမယ်။ တိတိ ကျကျလက်ခံဖို့လိုမယ်။ မဟုတ်ဘူးဆိုရင်တော့ ဘယ်လိုပြောမလဲ နင်တို့က ငါတို့ဌာနကို ဝင်ရောက်စွက်ဖက်တာ ဆိုပြီးတော့ ဖြစ်လာလိမ့်မယ်။ ပြည်သူ တွေ တိုင်ကြားတဲ့ တိုင်ကြားစာတွေထဲမှာ ဌာနဆိုင်ရာ အသီးသီးရဲ့ ဥပဒေမလိုက် နာမှုပဲ ပြောပြော၊ ဥပဒေက လုပ်ပေးလို့ ရရဲ့သားနဲ့ မလုပ်ပေးဘဲနဲ့ အကြောင်း တစ်စုံ တစ်ခုခုကြောင့်ချန်လှပ်ထား ရင်ကိုပဲ ပြည်သူတွေက အခက်အခဲဖြစ် နေပြီ။ အဲဒီတော့ခုနကလိုပေါ့ ဒီပေါင်း စပ်ညှိ နှိုင်းရေးလုပ်ငန်းကိုလုပ်တဲ့ နေရာမှာ အစိုးရက သေသေချာချာနဲ့ အားပေးဖို့ လိုတယ် ကိုယ်တို့ကို။ အစိုးရ မပါရင် ကိုယ်တို့က လုပ်ရကိုင်ရ အခက် အခဲ ရှိတာပေါ့။ ဥပမာ – ရဲနဲ့ပတ်သက် ပြီး တချို့အကြောင်းအရာတွေ ကိုယ်တို့ ပြောရ မယ့်ဟာတွေ နယ်လုံကို အကူ အညီ တောင်းတာမျိုးရှိတယ်။ အဲဒီ တော့ အထင်အမြင် လွဲမှားမှုတွေလည်း ရှိတယ်။ အဲဒါမျိုးတော့ မကောင်းဘူး ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တရား ဥပဒေစိုးမိုးရေးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပေးထားချက်အရ နိုင်ငံသား တိုင်းမှာ ကူညီဖို့တာဝန်ရှိတယ်။ နိုင်ငံ တော်က တာဝန်ပေးထားလို့ ကိုယ် တို့က ကူညီတာကို ကူညီတယ်လို့တော့ ရိုးရိုး သားသားလေး မြင်စေချင်တယ်။

တနင်္သာရီ – ကြားဖြတ်အနေနဲ့ တစ်ခုမေးချင်တာက ဒီအဖွဲ့ကို ဖွဲ့တဲ့ အခါမှာ ဘယ်သူက Endorsement (အတည်ပြု ထောက်ခံ) ပေးတာပါလဲ။
ဦးအောင်နိုင်ဦး – ပြည်ထောင်စု ရှေ့နေချုပ်က လာတယ်ဆိုတော့ ပြည်ထောင်စုရှေ့နေချုပ်က Endor-semen ပေးတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ခုက အဖွဲ့ခေါင်းဆောင်ရွေး ချယ်တဲ့နေရာမှာ အစိုးရအဖွဲ့ရဲ့ ဝန်ကြီး ချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘော ထားနဲ့ ရွေးချယ်တယ်။
တနင်္သာရီ – ဒီလိုမျိုး ဖွဲ့ထားတဲ့ အဖွဲ့က ဒီလို လုပ်ပိုင်ခွင့်တွေ ရှိတယ်။ ခုနက ပြောတဲ့ လုပ်လို့မရတဲ့ အခက် အခဲတွေ ရှိတယ်။ ဒီလိုမျိုး အခက် အခဲတွေ ပြေလည်ဖို့ဆိုရင် ဘယ်သူ တွေက ဘာတွေ လိုအပ်နေတာလဲ။

ဘာတွေက လိုအပ်နေလဲဆိုတော့ ရိုးရိုးလေးပဲ ပြောမယ်။ ပြည်ထောင်စု အစိုးရက သော်လည်းကောင်း၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက သော်လည်းကောင်း ကိုယ်တို့အဖွဲ့တွေကို ထိထိရောက်ရောက် ကူညီပံ့ပိုးပေးဖို့ လိုတယ်။ ကူညီပံ့ပိုးပေးတဲ့အပြင် ပူးတွဲ လုပ်ဆောင်ပေးဖို့ပဲ လိုတယ်။ ဥပမာ- လွယ်လွယ်လေးပဲ။ အဓိကက ဒီတရား ဥပဒေစိုးမိုးရေးဌာနရယ်၊ ဒီပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ရယ်၊ ဝန်ကြီးချုပ်ပါတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရယ်၊ လွှတ် တော်ရယ် ၃ ခုညီညာနေဖို့တော့ လိုတယ်။

ဥပမာ ဝန်ကြီးချုပ် ညွှန်ကြားတဲ့ အတိုင်း လိုက်မလုပ်တဲ့ ဝန်ထမ်းတွေ ရှိတယ်။ ဒါက အခုချိန်ထိ မြန်မာ တစ်ပြည်လုံးမှာ အခက်အခဲဖြစ်နေတဲ့ ကိစ္စ။ အဲလိုဆိုရင် သူ့ရဲ့ညွှန်ကြားချက် တွေက အဖွဲ့ခေါင်းဆောင်ကို လှမ်း အကြောင်းကြားလိုက်။ ကျွန်မက ဘယ် ဌာနကို ဘယ်လိုညွှန်ကြားခဲ့တယ်။ ဘာ တွေညွှန်ကြားခဲ့တယ်။ နောက်က တရား ဥပဒေစိုးမိုးရေးအဖွဲ့က လိုက်စစ်။ ဥပမာ ဥပဒေအရ Conflict(ပဋိပက္ခ) ဖြစ်နေတဲ့ကိစ္စကို တွေ့ရှိလာတဲ့အခါ ကျတော့ ဥပမာ ဌာနတွင်းဆိုင်ရာ ဃသည်ူငခအ တွေဖြစ်တယ်။ မြေယာ ဥပဒေမှာပဲကြည့်၊ သစ်တောက မြေသိမ်းနိုင်ခွင့်နဲ့ သစ်တောဥပဒေက တစ်မျိုး၊ မြေစာရင်းမှာရှိတဲ့ မြေယာ ဥပဒေက တစ်မျိုးဆိုတော့ Law of Conflict (ဥပဒေအချင်းချင်း မညီ ညွတ်တာ)တွေ ဖြစ်တာရှိတယ်။ အဲဒါ တွေမျိုး Conflict ကြောင့်ဖြစ်တဲ့ ပြဿနာမျိုးဆိုရင် ကိုယ်တို့က လွှတ် တော်ကိုတင်ပြီးတော့ အဲဒီဥပဒေဟာ ပြင်ဆင်သင့်တယ်လို့ ပြောရမှာပေါ့ လေ။ ဘာဖြစ်လို့လဲဆိုတော့ တရား ဥပဒေစိုးမိုးရေးကိစ္စဆိုတာ အကျယ် ကြီး။ အုပ်ချုပ်ရေးကနေ အကျဉ်း ထောင်အထိ ပါနေတဲ့ကိစ္စ။ ဒါကြောင့် သေသေချာချာ လုပ်ဖို့လိုတယ်။

ခုနက လိုမျိုးဝန်ကြီးချုပ်က ခိုင်း ထားခဲ့တယ်။ ကိုယ်တို့က လိုက်စစ် တယ်။ လုပ်ခြင်းမလုပ်ခြင်း ဝန်ကြီးချုပ် ဆီ ပြန်အစီရင်ခံမယ်။ ပြည်ထောင်စု ရှေ့နေချုပ်ကို အစီရင်ခံမယ်။ တစ်ဖက် ကလည်း တိုင်းလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်ကို အစီရင်ခံမယ်ဆိုရင် အခု အစိုးရအခက်တွေ့နေတဲ့ ဗျူရိုကရေစီ ယန္တရားကို ကောင်းကောင်းထိန်းချုပ် နိုင်လိမ့်မယ်လို့ ကိုယ်တို့အနေနဲ့ ယုံ ကြည်တယ်။ လက်ရှိက နှစ်ခုရှိတယ်။ ပြည်သူတွေ တရားဥပဒေနဲ့ ရင်ဆိုင် တဲ့အခါတိုင်း ရှုံးနေတယ်ဆိုတဲ့ ကိစ္စ။

တရားစီရင်ရေးစနစ် ကျွန်တော်တို့ ပြောင်းဖို့လိုတယ်။ ဂျူရီစနစ် (တရား သူကြီးများ အဖွဲ့လိုက်စစ်ဆေးဆုံး ဖြတ်သည့် စနစ်)ကို ပြောင်းရင်ပြောင်း၊ ဒါမှ မဟုတ်ရင် တရားရေးဝန်ကြီး ရှိဖို့လိုလာပြီ။ မဟုတ်ဘူးဆိုရင် ထိန်း ကျောင်းဖို့က မလွယ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တရားစီရင်ရေးကို တရားသူ ကြီး တစ်ယောက်ရဲ့လက်ထဲမှာ စုပြုံ ထားတာ မျိုးထက် ဂျူရီအဖွဲ့နဲ့ တရား စီရင်ရေးမျိုးကို လုပ်နိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ လွယ်ကူမယ်။ တရားရေး ဝန်ကြီးထားသင့်တယ်လို့ ကိုယ်တို့အနေ နဲ့ မြင်တယ်။ ဘယ်သူကိုမှ စော်ကား ပြီးပြောတာ မဟုတ်ဘူး။ တရားရေးက ပိုက်ဆံအပေါ်မှာ မူတည်နေတယ်လို့ ပြည်သူတွေက ယုံကြည်နေတုန်းပဲ။

အဲဒီတော့ တရားရင်ဆိုင်တဲ့ အခါ မှာပဲဖြစ်ဖြစ် အမှုတစ်ခုဖြစ်တဲ့အခါမှာပဲ ဖြစ်ဖြစ် အကြောင်းရင်း နှစ်ခုရှိတယ်။ တစ်ခုက တရားဥပဒေ နားမလည်လို့ ဆိုတာ သိရတယ်။ အဲဒါကြောင့် ကိုယ် တို့က သက်ဆိုင်တဲ့ ဥပဒေ သင်တန်း တွေကို ထိထိရောက်ရောက် ပေးဖို့ ကြိုးစားနေတယ်။ ပေးလည်း ပေးနေ တယ်။ နောက်တစ်ခုက လူထုအခြေပြု တရား ဥပဒေစိုးမိုးရေး၊ ဒါလုပ်ဖို့လို တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သက်ဆိုင်ရာ ဗျူရို ကရေစီယန္တရား ထိန်းဖို့အတွက် ပြည်သူ လူထုရဲ့ အသံကိုလည်း သေသေ ချာချာ နားထောင်ဖို့ လိုတယ်။ ကျွန် တော်တို့ လုပ်ပြီးပါပြီဆိုတာနဲ့မလုံ လောက်ဘူး။ ကိုယ်တိုင်သွားရောက် စစ်ဆေးဖို့လည်း လိုတယ်။ ကျွန်တော် တို့လုပ်ပြီးပြီ ကျွန်တော်တို့လုပ်ပြီးပြီလို့ အစီရင်ခံစာ ပေါ်မှာလုပ်နေရင် တရား ဥပဒေစိုးမိုးရေးက ထိရောက်မှာ မဟုတ် ဘူး။ ဥပဒေတွေကို သင်တန်းပေးရမှာ ဖြစ်သလို သက်ဆိုင်ရာ ဌာနတွေကို လည်း သူတို့ရဲ့ ဥပဒေ၊ နည်းဥပဒေ တွေကို မလိုက်နာရင် ပြတ်ပြတ်သား သား အရေးယူဖို့ လိုလိမ့်မယ်။ အဲဒီ တော့ ကျွန်တော်တို့အဆင် ပြေ ချောမွေ့အောင် ညှိနှိုင်းပေါင်းစပ် ဖို့ဆိုရင် အကြောင်းအရင်းမှန်တွေကို တိတိကျကျ ကျွန်တော်တို့ သိမှ ရမယ်။

တိတိကျကျသိဖို့အတွက် သက်ဆိုင်ရာ ဌာနတွေကို ဖိတ်ခေါ်တဲ့ အခါမှာ အစိုးရကလည်း အားပေးအား မြှောက်လုပ်ဖို့ လိုတယ်။ ခင်ဗျားတို့မှာ ဒီလုပ်ပိုင်ခွင့်ရှိလားဆိုတဲ့ မေးခွန်းကို ခုနက လုပ်ပိုင်ခွင့်(ဃ)မှာ ကျွန်တော် ပြောထား ပြီးပြီ။ ခုနကတည်းက ပါပြီးသား။ ကျွန်တော်တို့ဟာ အစိုးရရဲ့ တတိယအင်အားစုဖြစ်တယ်။ ကျွန်တော် တို့ရယ်၊ လွှတ်တော်ရယ်၊ အစိုးရအဖွဲ့ အစည်းတွေ ပေါင်းပြီးတော့ ဗျူရိုကရေစီ ယန္တရားကို မထိန်းနိုင်ဘူးဆိုရင်တော့ ပြည်သူတွေဟာ ဒီကြားထဲမှာ ခံနေရဦး မှာပဲ။

တနင်္သာရီ – လက်ရှိ ခန့်အပ် စာရတဲ့ အချိန် ကစပြီး အခုအချိန်အထိ ဘာတွေလုပ်ခဲ့ ဖြစ်လဲ။

ဆက်လက်ဖော်ပြပါမည်။