ဇနီးက တုတ်ဖြင့် ရိုက်သောကြောင့် ခင်ပွန်းဖြစ်သူသေဆုံး

0
428

ဇနီးဖြစ်သူက တုတ်ဖြင့်ရိုက်သော ကြောင့် ခင်ပွန်းဖြစ်သူသေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု၊ ချောင်းဝ ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ကော့ သောင်း မြို့မရဲစခန်းထံမှ သိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က ခင်ပွန်း ဖြစ်သူအရက်မူးကာ ဇနီးဖြစ်သူအား ခြေထောက်ဖြင့်ကန်၊ ကြွေပန်းကန်ဖြင့် ပစ်ပေါက်ခဲ့သောကြောင့် ဇနီးဖြစ်သူက ဒေါသထွက်လာပြီး နေအိမ်တွင် ရှိ သည့် သစ်သားတုတ်ဖြင့် ဦးခေါင်း နောက်စေ့ကို ရိုက်ခဲ့ကြောင်း အထက်ပါ ရဲစခန်းထံမှ သိရသည်။

ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ် ရာရသဖြင့် ညတွင်းချင်း ကော့သောင်း ခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး နောက် နေအိမ်သို့ ပြန်လာခဲ့သော်လည်း မသက်သာသည့်အတွက် ထပ်မံကုသရန် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းတွင် သေဆုံးသွားခဲ့ ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိ ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခင် ပွန်းဖြစ်သူကိုတုတ်ဖြင့် ရိုက်ခဲ့သည့် ဇနီး ဖြစ်သူကို ကော့သောင်း မြို့မရဲစခန်းတွင် (ပ)၂၁၈၈ /၂၀၁၇၊ ပုဒ်မ ၃၀၂ အရအမှု ဖွင့်ထားကြောင်း သိရသည်။