တိုင်းအစိုးရက တနင်္သာရီအပတ်စဉ်ကို တရားစွဲရန် ဦးတိုက်လျှောက်ထားမှု သတင်းမီဒီယာဥပဒေဖြင့် တရားစွဲရန် အမိန့်ချ

0
1125

တနင်္သာရီတိုင်းအတွင်း အခြေစိုက် ထုတ်ဝေလျက်ရှိသည့် တနင်္သာရီအပတ် စဉ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံး အမည်ရ သရော်စာနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးတိုက် လျှောက်ထားမှုတွင် သတင်းမီဒီယာဥပ ဒေဖြင့် အရေးယူသွားရန် ဒီဇင်ဘာလ ၂၁ရက်က အမိန့်ချလိုက်ကြောင်း ထား ဝယ်မြို့နယ်တရားရုံးထံမှ သိရသည်။

သရော်စာနှင့် ပတ်သက်၍ ထား ဝယ်မြို့မရဲစခန်းမှူး၏ စုံစမ်းစစ်ဆေး၍ ပြန်လည်တင်ပြချက်အရ ဦးတိုက် လျှောက်ထားခံရသူ တာဝန်ခံအယ်ဒီ တာကို သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ)အရ အရေးယူ ဆောင်ရွက်သွားရန် အမိန့်ချလိုက်ကြောင်း မြို့နယ်တရား သူကြီး ဦးကျော်မြင့်က ဆိုသည်။
“ဒီနေ့ မနက်မှာပဲ အမိန့်ချလိုက် တာပါ”ဟု မြို့နယ်တရားသူကြီး ဦးကျော်မြင့်က ပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ တိုင် လျှောက်ခံရသူဖြစ်သည့် တနင်္သာရီအ ပတ်စဉ်၏ တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးဟန်ထက်ကို သမ္မာန်စာထုတ်ဆင့်၍ လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် လာရောက်ရန် ချိန်းဆို ထားကြောင်း ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းဒေသကြီး အစိုးရ ၏ ဦးတိုက်လျှောက်ထားမှုနှင့် ပတ် သက်၍ အမှုအကြောင်း ကျယ်ကျယ်ပြန့် ပြန့် သိရှိနိုင်စေရန်အတွက် စုံစမ်းစစ် ဆေးရန် နိုဝင်ဘာလ ၂၄ ရက်တွင် တရားရုံးက ထားဝယ်မြို့မရဲစခန်းသို့ စာပို့ခဲ့သည်။

ထားဝယ် မြို့မရဲစခန်းက တာဝန် ခံအယ်ဒီတာကို ဆင့်ခေါ်စစ်ဆေးကာ စစ်ဆေးချက်များကို တရားရုံးသို့ ဒီဇင် ဘာလ ၇ ရက်တွင် ပြန်လည်တင်ပြပြီး နောက် ယင်းကဲ့သို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ တရားစွဲဆိုမှုနှင့် ပတ် သက်ပြီး လက်ရှိအချိန်ထိ သမ္မာန်စာ ရောက်မလာသေးဘဲ စွဲဆိုထားသည့် ဥပဒေ၊ ပုဒ်မကိုသာ သိရှိသေးသည့် အတွက် အမှုနှင့်ပတ်သက်၍ မှတ်ချက် မပေးလိုသေးကြောင်း တနင်္သာရီအပတ် စဉ်၏ တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးဟန်ထက်က ဆိုသည်။
“တရားစွဲလိုက်ပြီဆိုတော့ ဥပဒေ အရ အကောင်းဆုံးဖြစ်အောင် ရင်ဆိုင် သွားရမှာပေါ့”ဟု ဦးဟန်ထက်က ပြော သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် တနင်္သာရီအပတ်စဉ် အတွဲ ၅ အမှတ် ၁၇ တွင် ဖော်ပြခဲ့သည့် သရော်စာသည် တနင်္သာရီ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ အရေးယူပေးရန်အတွက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် တိုင်းအစိုးရအဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှူးက ထားဝယ် မြို့ နယ်တရားရုံးကို ဦးတိုက်လျှောက် ထားခဲ့သည်။

သရော်စာတွင် ပါရှိသည့် အ ကြောင်းအရာများက မမှန်ကန်သည့် အချက်အလက်များဖြင့် သိက္ခာချခြင်း၊ အပုပ်ချခြင်းများနှင့် စွပ်စွဲခြင်းများ မတွေ့ ဘဲ လုပ်ရည်ကိုင်ရည်အစွမ်းအစကို ဝေဖန်ထားသည့်အချက်များကိုသာ တွေ့ ရကာ အစိုးရက သည်းမခံနိုင်သည့် အချိန်များတွင် အာဏာကို အသုံးချကာ ယင်းကဲ့သို့ အရေးယူမှုများ ဖြစ်လာနိုင် ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ဆိုသည်။

“သတင်းမီဒီယာဥပဒေနဲ့တော့ စွဲ ခွင့်ရှိပါတယ်။ လျှောက်ထားတဲ့ သူက တိုင်းမှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်နေ တယ်၊ တရားရုံးကလည်း တိုင်းထဲမှာ ပဲရှိတဲ့ တရားရုံးဆိုတော့ တရားရုံးက တကယ်ပဲ လွတ်လွတ်လပ်လပ် စီရင်နိုင် ပါ့မလားဆိုတာ စိုးရိမ်စရာတွေ ရှိတယ်”ဟု ဦးမြင့်ကျော်က ပြောသည်။
တနင်္သာရီ အပတ်စဉ်သတင်းစာ သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေ သည့် တစ်ခုတည်းသော အပတ်စဉ်ထုတ် သတင်းစာဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ် လက်ထက်အတွင်း မီဒီယာ ကို ပထမဆုံး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တနင်္သာရီအပတ်စဉ်ပါ အောင်လွင် (ကံပေါက်သား) ရေးသားထားသည့် ငါးရံ့တစ်ကောင်၏ ရင်ဖွင့်သံဆောင်းပါး ကိုလည်း ဒယ်လ်ကို သတ္တုတွင်းကုမ္ပဏီ က ယမန်နှစ်က တရားစွဲဆိုခဲ့ဖူးသည်။
တပ်မတော်ကို ဝေဖန်သော သရော် စာတစ်ပုဒ် ထည့်သွင်းဖော်ပြမှုကြောင့် တပ်မတော်ကThe Voice Daily သ တင်းစာကို ယခုနှစ်အတွင်း တရားစွဲဆိုခဲ့ ဖူးပြီး နောက်ပိုင်းတွင် ပြန်လည်ကျေ အေးခဲ့သည်။