ဘယ်သီချင်းဆိုလို့ ချော့ရပါ့

0
1336

ပုခက်လွှဲအရွယ် ကလေးမိခင်ဖခင် များကို မိမိသားသမီးအား မည်သည့် သီချင်း ဖြင့် ချော့သိပ်ပါသနည်းမေး ကြည့်ပါ။ ကိုယ်တိုင်လည်း ]]သားချော့ တေး}} တစ်ပုဒ် စိတ်ထဲက ရွတ်ကြည့်ပါ။

လူတစ်ရာတွင်ကိုးဆယ်ကျော် တစ်ရာနီးပါးလုံး အောက်ပါသီချင်းစာ သားကိုသာ ရေရွတ်ဖြစ်လိမ့်မည်မှာ မလွဲပေ။
“မိတ္ထီလာကန်မယ်.. ဖားကောက်ခဲ့ ပါ့ကွယ်….
ဗျိုင်း..ရှေ့ကပျံကာ…ပျံကာ ရယ်……
မိုး…စုပ်စုပ်ချုပ်ပေါ့… သမီး ငယ်ရယ်
အိပ်ပါတော့ကွယ်….ကြောင်ကြီး ကိုက်လိမ့်မယ်……
အိပ်ရာကနိုးရင်…..ကျောင်းသွားရ ဦးမယ်……
မျက်စိမှိတ်ထားကွယ်… အိပ်မက် လှလှမက်စေကွယ်…”

တနင်္သာရီအပတ်စဉ်က မေးမိသမျှ ကလေးမိခင် ဖခင်တိုင်း၏ သားချော့ တေးများတွင်လည်း ယင်းသီချင်းက ထိပ်ဆုံးမှပြေးသည်။ သို့သော်ယင်းသီ ချင်းကိုပင် အတော်များများ မိခင် ဖခင် များက အစအဆုံး အလွတ်မရပါ။
“သားချော့တေးကို ဆိုတော့ဆိုဖြစ် တယ်၊ မိတ္တီလာကန်ဝယ် ဖားကောက်ခဲ့ ပါမယ်၊ ဗျိုင်းအရှေ့က ပျံကာပျံကာ ရယ်၊ အိပ်ပါတော့ကွယ် ကြောင်ကြီး ကိုက်လိမ့်မယ် အိပ်ယာမှနိုးတော့.. သီချင်းစာသားက ဒီလောက်ထိပဲရတယ်”ဟု ပုလောမြို့နယ်မှ အသက်၃၀ကျော် အရွယ်ရှိ ကလေးအမေ မသင်းသင်းက ပြောသည်။
သို့ကြောင့် သားချော့တေးအစား ပဋ္ဌာန်းနှင့် ဘုရားစာများရွတ်ဖတ်ကာ ကလေးအိပ်ရန် ကြိုးစားရကြောင်း မသင်းသင်းက ပြောသည်။

သားသမီး၃ ဦးစလုံးကို ပုခက်လွှဲ ကာ သီချင်းဆိုချော့သိပ်ခဲ့သည် ဆိုသော မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်နေ ၄၁ နှစ် အရွယ်ရှိ ဒေါ်ယုကမူ ပထမမွေး သည့် ကလေးအား သီးချင်းပေါင်းစုံ သီဆိုချော့သိပ်ခဲ့သော်လည်း နောက် မွေးသည့် သားသမီးများကမူ တီဗွီကြော် ငြာသီချင်းများ၊ ကာတွန်းကားများအပေါ် တွင်သာ ပိုစိတ်ဝင်စားလာကြောင်း ပြောသည်။
“ကိုယ်ကလည်း တီဗွီကြည့်ရင်း ပုခက်လွှဲတယ်ဆိုတော့ တီဗွီကြော်ငြာသီချင်းတွေနာထောင်ရင်း အိပ်ပျော်သွား ကြတာကများတယ်”ဟု မယုကဆိုသည်။
မယု၏မိခင်အသက်၇၃ နှစ် အရွယ်ဒေါ် ရှုဟုန်ကမူ မယုအပါအဝင် သားသမီး ၅ ယောက်အားမိတ္ထီလာကန် ဝယ် အစချီသားချော့တေးအပါအဝင် ပစ်တိုင်းထောင်သီချင်း၊ ချိုပြုံး၏ ပိတောက်တွေပွင့်ပြီကွယ် စသဖြင့် သား ချော့တေးများမက ၎င်း၏ခေတ်မြန်မာသံစဉ်တေးပေါင်းစုံဖြင့် ကလေးအိပ် သည်အထိ ပုခက်လွှဲခဲ့ရကြောင်း ပြောသည်။

“တင်တင်မြရဲ့တစ်ကျော့နှစ်ကျော့ တေးကိုသီ အဲဒါလည်းအမြဲဆိုဖြစ် တယ်၊ အဲဒီသီချင်းက ရှည်လွန်းတော့ လူကြီးတောင် တစ်ခါတစ်ခါဆိုရင်း အိပ်ငိုက်သွားတယ်၊ ဒီသီချင်းကခလေး တွေ အိပ်ငိုက်အမြန်ဆုံးသီချင်းပဲ၊ အများအားဖြစ်တော့ ရုပ်ရှင်သီချင်း တွေဆိုတာများတယ်”ဟု ဒေါ်ရှုဟုန်က ပြောသည်။
ထားဝယ်မြို့ ရှမ္မလည်ဆွဲရပ်ကွက် မှ အသက် ၂၇ နှစ်အရွယ် မယုယုရှိန်ကမူ ထိုသီချင်းများကိုမရပါ။
အလုပ်များလွန်းသဖြင့် သူမ၏ ၆ လအရွယ် သားယောင်္ကျားလေးအား သီချင်းဖြစ် ချော့သိပ်မှုကို စိတ်ကြည်လင် သည့်အခါမျိုးတွင်သာ ပြုလုပ်ဖြစ်သည် ဟုဆိုသည်။ သားချော့တေးကား သူမရ သည့် Rဇာနည်၏သီချင်းများ။

“သီချင်းနဲ့တော့ သိပ်ပြီးချော့သိပ် တာမလုပ်ဖြစ်တော့ဘူး။ တစ်ခါတစ်လေ မှချော့သိပ်ဖြစ်တယ်။ ချော့သိပ်တဲ့အခါ ဆိုရင်လဲ သားချော့တေးတွေဘာတွေ မသိဘူး ပါးစပ်ထဲရတဲ့ သီချင်းဆိုပြီး ချော့လိုက်တာပါ”ဟု မယုယုရှိန်က ပြော သည်။
ထိုသို့ ခေတ်ပေါ်တေးဖြင့်သား ချော့လာသည့်က သူတစ်ဦးတည်းမဟုတ် တော့ပါ။
တလောက “ခေတ်ပေါ်ရက်ပ်သံစဉ် ” သားချော့တေးတစ်ပုဒ် Facebook စာမျက်နှာပေါ် အတော်ရေပန်းစားခဲ့၊ အဆင့်ဆင့်မျှဝေခဲ့ကြသည်။ တစ်နှစ် သား အရွယ်ကလေး၏ ဖခင်တစ်ဦးက ကလေး ထိန်းရင်း ကိုင်တိုင်ရေးကိုယ် တိုင်ဆို ကိုယ်တိုင်ဗွီဒီယို ပြန်ရိုက်ကာ Facebook ပေါ်တင်ထားခြင်းဖြစ် သည်။
သူ့သီချင်းထဲစာသားတစ်ခုစိတ် ဝင်စားဖွယ်။

“ငါရွတ်နေတာတွေမင်းအဟုတ် ကြီးတော့ ထင်မနေနဲ့၊ ငါကပါးစပ်ထဲရှိ ရာ လက်တန်းတွေရွတ်နေတာဟုတ် တယ်ဟုတ်၊ ငါ့သားရေ.. ဒါပေမဲ့တစ် ကယ်ရည်ရွယ်ချက်ကတော့ မင်းအိပ် ဖို့ပဲ၊ အိပ်ပါတော့ငါ့သားရေ”
အမှန်ပင် သားချော့တေးသီဆိုကြသောပုခက်လွှဲလက်များ၏ ရည်ရွယ် ချက်က မိမိသားသမီး နားဝင်ချိုစိတ် အေးချမ်းသာစွာ အိပ်ပျော်သွားရန်ဖြစ် ပေသည်။
သို့သော် ဤဘက်ခေတ်တွင် သား ချော့တေးအသစ်များ ထွက်မလာတော့..။

ကလေးမိခင်ဖခင်များသားချော့ တေးမရကြတော့သည်မှာ သားချော့ တေးအသစ်များ မထွက်ပေါ်လာခြင်း၊ကလေးမိခင်ဖခင်အရွယ်များက မြန်မာ သံစဉ် သိပ်မကြိုက်ကြတော့ခြင်းတို့ ကြောင့် ဖြစ်ကြောင်းထားဝယ်မြို့နယ်သဘင်ပညာရှင်များအစည်းအရုံး ဒုတိယ ဥက္ကဋ္ဌဦးကျော်မန်းကပြော ပါသည်။
“ပရိသတ်တွေကလည်း သားချော့ တေးလို မြန်မာသံစဉ်တွေဆိုရင်အိပ်ငိုက် တယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောကြတော့ ဇတ်ပွဲတွေမှာတောင်သား ချော့တေးတွေမဆိုကြတော့ဘူး”ဟု နောက်ပိုင်း ဇာတ်မင်းသားဟောင်းကြီး ဦးကျော်မန်းက ဆိုလေသည်။